Latest News

Sunday, February 18, 2018

ဓနုဖြူမြို့နယ်​တွင်​ ဓားထိုးမှုဖြစ်​ပွား၍​သေဆုံးမှုဖြစ်​ပွား

ဓနုဖြူမြို့နယ်​တွင်​ ဓားထိုးမှုဖြစ်​ပွား၍​သေဆုံးမှုဖြစ်​ပွား

ဓနုဖြူ   ​ဖေ​ဖော်​ဝါရီ ၁၈

ဓနုဖြူမြို့၊ အမှတ်​(၁)ရပ်​ကွက်​၊ သုခလမ်း​တွင်​​နေထိုင်​သည့်​ ​ဒေါ်ခင်​ခင်​ရီ (၅၀)နှစ်​သည်​ ​ဓားထိုးခံရ​၍​ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင်​ သေဆုံးသွား​ကြောင်းသိရသည်​။ ဖြစ်​စဉ်​မှာ ​​ဖေ​ဖော်​ဝါရီ ၁၈ ရက်​၊ နံနက်​(၁း၀၀)နာရီအချိန်​ခန့်​က ဓနုဖြူမြို့၊အမှတ်​(၁)ရပ်​ကွက်​၊ သုခလမ်း​​​​နေ ကိုရဲလင်းပိုင်​သည်​ ​နေအိမ်​၌ အိပ်​​နေစဉ်​ တစ်​ခြံတည်း​နေ သီးခြား​အိမ်ဖြင့်​​နေထိုင်​သည့်​ အ​ဒေါ်ဖြစ်​သူ ​ဒေါ်ခင်​ခင်​ရီ ၏ ​​နေအိမ်​ဘက်​တွင်​ ဆူညံသံများကြား၍ လန့်​နိုးပြီးကြည့်​ရာ ဒေါ်ခင်​ခင်​ရီနှင့်​ လွန်​ခဲ့​သော (၆)လခန့်​က ကွဲကွာ​နေသည့်​ ခင်​ပွန်းဖြစ်​သူ (၁၇)ရပ်​ကွက်​ ​နေဦးဝင်းစိန်​မှ ထမင်း​ပေါင်းအိုးလာယူသည်​ကို ​မ​ပေးရာမှ စကားများရန်​ဖြစ်​ကြကာ အသင့်​ယူ​ဆောင်​လာ​သော ဓားဖြင့်​ထိုးလိုက်​သည်​ကို ​တွေ့မြင်​​ခဲ့ရ​ကြောင်း ဦးဝင်းစိန်​မှာ ထွက်​​ပြေးသွား​သည်​ကို​တွေ့ရှိရပြီး ​ဒေါ်ခင်​ခင်​ရီမှာ ဝဲဘက်​ရင်​အုံမှ ​သွေးများထွက်​​နေသည်​ကို​တွေ့ရှိရ၍ သမီးဖြစ်​သူ မ​ဝေ​ဝေပိုင်​၊ ​သားမတ်​ဖြစ်​သူ ကိုဟိန်းစိုးတို့နှင့်​အတူ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ဦးကြည်​ဝင်းထံ အ​ကြောင်းကြား၍ ဓနုဖြူမြို့နယ်​ပြည်​သူ့​ဆေးရုံသို့ပို့​ဆောင်​ခဲ့ပြီး  ရဲအုပ်​​ဌေးလှိုင်​မြင့်​မှ မှုခင်းစာ​ရေးသား​ပေးပို့ပြီး ​ဆေးကုသမှုခံယူ​နေစဉ်​ ၂း၃၀ နာရီခန့်​တွင်​ ​သေဆုံးသွားခဲ့သည်​။ ဦးဝင်းစိန်​အား ဥပ​ဒေအရ အ​ရေးယူ​ပေးရန်​ တူဖြစ်သူ ​ကိုရဲလင်းပိုင်​မှ တရားလိုပြုလုပ်​တိုင်းတန်းခဲ့သဖြင့်​ (ပ)၁၁၁/၂၀၁၈၊ ရာဇသက်​ကြီးပုဒ်​မ ၃၀၂ ဖြင့်​ အမှုဖွင့်​အ​ရေးယူ​ထား​ကြောင်း ဓနုဖြူ မြို့မ ရဲစခန်းမှသိရသည်​။အောင်​သူဟိဏ်း(ဓနုဖြူ)မြန်​မာ့အလင်း

No comments:

Post a Comment