Latest News

Sunday, February 18, 2018

အမျိုးသမီးလမ်းလျှောက်ပွဲတွင်ပြည်သူ၇၀၀၀ကျော်ပါဝင်ဆင်နွှဲ

အမျိုးသမီးလမ်းလျှောက်ပွဲတွင်ပြည်သူ၇၀၀၀ကျော်ပါဝင်ဆင်နွှဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့တွင် ပဉ္စမအကြိမ်မြောက် Ferrovit Walkathon အမျိုးသမီး လမ်းလျှောက်ပွဲကြီးကိုယနေ့ နံနက် ၆ နာရီကသုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးနှင့် တာဝန်ရှိသူများကဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။

လမ်းလျှောက်ပွဲတွင် ပါဝင်သူများသည် နံနက် ၆ နာရီတွင်သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှ စတင်တာထွက်ခဲ့ပြီးဝေဇယန္တာလမ်းမကြီး အတိုင်းသစ္စာလမ်းဆုံအထိလည်းကောင်း၊ သစ္စာလမ်းဆုံမှ ပြန်ကွေ့ပြီး သုဝဏ္ဏ ကွင်းအတွင်း ပြန်လည်တာဝင်ခဲ့ကြပြီးစုစုပေါင်း အကွာအဝေး ငါးကီလိုမီတာခန့် လမ်းလျှောက်ပါဝင်ဆင်နွဲခဲ့ကြ သည်။ လမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစား သမားများစသောအမျိုးသမီး ၇၀၀၀ ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။

ထို့နောက် သုဝဏ္ဏကွင်းအတွင်းအမှတ်တရဆုတံဆိပ်ဆွဲပေးခြင်းနှင့် Ferrovit မှ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ မနက်စာ ကျွေးမွေးခြင်း၊ သွေးအားနည်း/မနည်းစမ်းသပ်ပေးခြင်း၊ သွေးအားနည်း ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဓာတ်ပုံပြိုင်ပွဲနှင့် စိတ်ဝင်စားစရာအစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါသည် ကြိုတင်ကာကွယ်နိုင်သည့်ရောဂါဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံရှိ အမျိုးသမီးထုကြီးအားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးအားနည်း ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တွင်လေးကြိမ်၊ မန္တလေးမြို့ တွင်တစ်ကြိမ် ကျင်းပခဲ့ကြောင်းသိရသည်။
သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)၊ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment