Latest News

Sunday, February 18, 2018

၇၈ယာဉ်လိုင်းအသစ်ရန်ကုန်မြို့တွင်းဖြတ်ပြေးဆွဲ၍မြို့တွင်းပတ်ယာဉ်လိုင်းစီးနေရသူဆူးလေ တရုတ်တန်း စံပြ အကြားခရီးသွားများအဆင်ပြေလာ

၇၈ယာဉ်လိုင်းအသစ်ရန်ကုန်မြို့တွင်းဖြတ်ပြေးဆွဲ၍မြို့တွင်းပတ်ယာဉ်လိုင်းစီးနေရသူဆူးလေ တရုတ်တန်း  စံပြ  အကြားခရီးသွားများအဆင်ပြေလာ


ရန်ကုန်  ဖေဖော်ဝါရီ  ၁၈

  ဖေဖေါ်ဝါရီလ  ၁၈  ရက်နေ့နံနက်ပိုင်းမှစ၍  လူထုမိတ်ဆွေအမည်ဖြင့်  လိန်ကုန်းမှရန်ကုန်ဘူတာကြီးသို့  ယာဉ်လိုင်းအမှတ်  ၇၈  သည်
စတင်ပြေးဆွဲနေသည်ကိုမြင်တွေ့ရသည်။စတင်ပြေးဆွဲသည့်နေ့ဖြစ်၍ခရီးသည်များအခမဲ့စီးနိုင်ပါသည်ဟုယာဉ်ပေါ်ပါအလုပ်သင်ယာဉ်မောင်းအမျိုးသမီးငယ်  နှစ်ဦးကပြောကြားနေသည်ကိုမဟာဗန္ဓုလလမ်း၁၅  လမ်းမှတ်တိုင်တွင်မြင်တွေ့ရသည်ဟု၁၅  လမ်းနေကိုထွန်းကဆိုသည်။

               လိန်ကုန်းမှ   စံပြ ရုပ်ရှင်ရုံမှတ်တိုင်သို့ကားခ  ကျပ်   ၂၀၀   စံပြ  မှမြို့လယ်တရုတ်တန်းဖြတ်ဆူးလေလမ်း မှရန်ကုန်ဘူတာကြီးဂိတ်ဖျား ခရီးစဉ် ကားခကျပ်   ၁၀၀ ဟုကားခထည့်ငွေပုံးနှင့်ယာဉ်အတွင်းတို့တွင် အသိပေးထားသည်။

    ရွှေပြည်သာ  လိန်ကုန်းတွင်ယာဉ်ရပ်နားကွင်းမပြီးသေး၍  ဒညင်းကုန်းအဆင့်မြင့်ကုန်စိမ်းလက်ကားဈေးမှအင်းစိန်  လမ်း   ပြည်လမ်းအတိုင်ြးေးဆွဲ၍စံပြရုပ်ရှင်ရုံမှတစ်ဆင့်မြိုလယ်ဖြတ်ရန်ကုန်ဘူတာကြီးသို့ပြေးဆွဲသည်။အပြန်တွင်အလံပြဘုရားလမ်းဆူးလေမှအနော်ရထာလမ်းတိုင်းဘုန်းကြီးလမ်းစံပြမှတ်တိုင်မှမြို့ပြင်သို့လာလမ်းအတိုင်းပြန်ထွက်သွားမည်ဟုအသိပေးထားသည်။

အင်းစိန်လမ်းမ  ပြည်လမ်းမလမ်း  ကြောင်းများမှစံပြ ရုပ်ရှင်ရုံမှတ်တိုင်သို့ ဝင်ရောက်လာသော  ၂၁  ၃၅   ၃၉  ယာဉ်လိုင်းသုံးလိုင်း
သည်မြို့လယ်သို့မရောက်ဘဲဘုန်းကြီးလမ်းကမ်းနားလမ်းတို့မှမော်တင်လမ်းသစ်လမ်းဂိတ်ဖျားသို့ပြေးဆွဲသည်။ယင်းဂိတ်ဖျားမှမဟာဗန္ဓုလလမ်းဘုန်းကြီးလမ်းလာလမ်းကြောင်းအတိုင်းမြို့ပြင်သို့ပြန်လည်ပြေးဆွဲနေဆဲဖြစ်သည်။

  ယင်းယာဉ်လိုင်းများဖြင့်မြို့ပြင်မှလိုက်ပါလာ  သောမြို့လယ်သို့ သွားလိုသူများသည်မော်တင်တွင်မြို့တွင်းသွားကျပ်၁၀၀ကားခ  ပေးရသည့်  ၅၇    နှင့်  ၅၈ ယာဉ်လိုင်းများစီးရသည်။၅၇  ယာဉ်လိုင်းသည်ယာဉ်လိုင်း စထွက်ရာသခင်မြပန်းခြံတွင်ထိုင်ခုံအပြည့်ရပ်စီးများဖြင့်ထွက်လာခြင်းများနေသည်။ဒုတိယမြောက်မှတ်တိုင်မော်တင်တွင်လူပြည့်နေရုံသာမကလမ်းလယ်ကြောထွက်စီးနင်းနေရခြင်းများကြုံနေရသည်ဟုမော်တင် မှတ်တိုင် အနီးနေကိုစိုးမြင့်ကဆိုသည်။

       ဖေဖေါ်ဝါရီလ  ၁ ၈  ရက်နေ့မှစ၍  လူထုမိတ်ဆွေ  ၇၈   ယာဉ်လိုင်း တရုတ်တန်းဖြတ်ဆူးလေမှဘူတာကြီးသို့ပြေးဆွဲပေးသဖြင့်   ၂၁   ၃၅   ၃၉ယာဉ်လိုင်းများဖြင့်မြို့ပြင်မှလာပြီးဆူးလေအထိသွားလိုသူများမော်တင်ဂိတ်ဖျားအစားစံပြရုပ်ရှင်ရုံမှတ်တိုင်တွင်မြို့လယ်ဆူးလေအထိ  ၇၈  ယာဉ်လိုင်းပြောင်းစီး၍ရလာသည်။ကားခမှကျပ်   ၁၀၀   သာပေးရမည်။

     အထူးသဖြင့်မဟာဗန္ဓုလလမ်းအတိုင်း၁၅ လမ်း  မောင်ခိုင်လမ်းမှတ်တိုင်တို့မှသိမ်ကြီးဈေးဆူးလေသွားလိုသူများ  ၅၇  အပြင်   ၇၈  ယာဉ်လိုင်းကိုပါ ရွေးချယ်စီးနင်းလာနိုင်မည်။ထို့အတူ  အနော်ရထာလမ်းအတိုင်းဆူးလေဝန်းကျင်မှစံပြအထိသွားမည့်ခရီးသည်များသည်လည်း  ၅၈  ယာဉ်လိုင်းအပြင်  ၇၈ယာဉ်လိုင်းကိုပါရွေးချယ် စီးနင်းလာနိုင်မည်။

 ၅၇   နှင့်   ၅၈   ယာဉ်လိုင်းများကိုအလုပ်ဆင်း အလုပ်တက်ချိန်များတွင် အဆိုပါမှတ်တိုင်များမှစီးရာတွင်တက်မရသည်အထိကြုံတွေ့နေတတ်ရာမှ၇၈ ယာဉ်လိုင်းစီးနင်းခြင်းဖြင့်ယာဉ်များပေါ်တွင် ခရီးသည်များစီးနင်း နေရခြင်းအဆင်မပြေဖြစ်နေ  ခြင်းကိုဖြေ  လျော့၍ရလာမည်ဟု  ယနေ့အခမဲ့စီးလာသောတရုတ်တန်း  ၁၅  လမ်းမှတ်တိုင်မှစီးလာသူ ခရီးသည်မမိုးကဆိုသည်။

 ကုမ္မဏီမှအသိပေးခြင်းအရ  ယာဉ်အသစ် အစီးရေ  ၅၀  ဖြင့်ပြေးဆွဲမည်ဟုသိရသည်။ယာဉ်လိုင်းစနစ်သစ်တွင်ကားပြောင်းစီးရသဖြင့်ကားခပိုမိုကုန်ကျသည်ဟုပြောဆိုခြင်းများရှိခဲ့သည်။ ၂၀၁၇မေလကုန်အတွင်း လှိုင်သာယာသို့သခင်မြပန်းခြံမှ မြို့လယ်ဖြတ်ပြေးဆွဲသော  ယာဉ်လိုင်း  အမှတ်  ၂၀တွင်ပုံသေကားခကျပ်  ၃၀၀  ဟုကောက်ခံခဲ့ရာ ဝေဖန်ခြင်းများရှိလာ၍လှိုင်သာယာ  သိမ်ဖြူကားခ   ကျပ်  ၂၀၀   မြို့တွင်းကားခ  ကျပ်  ၁၀၀စ   ဆုံးကားခ  ကျပ်  ၃၀၀  ဟုပြင်ဆင်ကောက်ခံခဲ့သည်။သို့သော်ယင်းယာဉ်လိုင်းသည်ယခုအခါမြို့တွင်းပတ်လမ်းကြောင်းဖြုတ်ခဲ့ပြီးးလှိုင်သာယာမှဗိုလ်တစ်ထောင်ဘုရားသို့ပြေးဆွဲနေသည်ဟုသိရသည်။

သို့သော်ယခုလပိုင်းအသစ်ပြေးဆွဲ နေသောလှိုင်သာယာ   တောင်ဒဂုံ ယာဉ်လိုင်းသစ်ဖြစ်သော  ၈၃  ၏ငွေပုံးတွင်ပုံသေ  ၃၀၀  ကျပ်ဟုပြန်လည် မြင်တွေ့လာရသည်ဟုလှိုင်သာယာနေကိုသန်းလွင်ကပြောဆိုလာသည်။ စံပြ  မှ  ထောက်ကြံ့  ခရီးစဉ်တွင်ယခင်ယာဉ်လိုင်းစနစ်ဟောင်းကာလ  ကားခကျပ်  ၃၀၀ရှိခဲ့သော်လည်းယခုယာဉ်လိုင်းစနစ်သစ်YBSတွင်ကားခ ကျပ်  ၂၀၀  သာရှိသည်ဟုရဲဘော် ဟောင်းမှတ်တိုင်ကျောက်စိမ်း ရပ်ကွက်နေ ကိုဝင်းကဆိုသည်။

ပုံသေ  ကားခကျပ်   ၃၀၀  ဟုရေးသားငွေကောက်ခံနေခြင်းအပေါ် သက်ဆိုင်ရာမှ ခွင့်ပြုထားခြင်းရှိမရှိ  စစ်ဆေးပေးသင့်သည်။ခရီးသည်များ အနေဖြင့်ကားပြောင်းစီးရ၍  နှစ်ဆင့်ခရီးကားခကျပ်   ၂၀၀   +  ၁၀၀=  ၃၀၀ကျပ်မျိုးသာဖြစ်စေလိုသည်။ကားမပြောင်း မြို့ပြင်မထွက်ရသော ခရီးစဉ်များတွင်ပုံသေကားခ  ကျပ်  ၃၀၀   မဖြစ်သင့်ပါဟု
လှိုင်သာယာနေသူတစ်ဦးကဆိုသည်။
ခင်ဆိုင်(မြန်​မာ့အလင်း)

No comments:

Post a Comment