Latest News

Friday, February 16, 2018

၂ဝ၁၉ တွင် ရီးယဲလ်မက်ဒရစ်သို့ နေမာ ပြောင်းရွှေ့မည်

၂ဝ၁၉ တွင် ရီးယဲလ်မက်ဒရစ်သို့ နေမာ ပြောင်းရွှေ့မည်

စီရိုနယ်လ်ဒိုနှင့် မက်ဆီတို့နှစ်ပေါင်းများစွာ ရယူထားသည့် အကောင်းဆုံး ကစားသမားနေရာကို လွှဲပြောင်းရယူဖို့ ၂ဝ၁၉ ခုနှစ်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို နေမာပြောင်းရွှေ့မည်ဖြစ်ကြောင်းThe Sunသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ နေမာသည် ပြီးခဲ့သည့် နွေဈေးကွက်တွင်မှ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ရောက်ရှိလာသူဖြစ်သော်လည်း မကြာသေးမီကာလအတွင်း ရီးယဲလ်မှ အကြိမ်ကြိမ်ဆက်သွယ်မှုရရှိခဲ့သည်။ သို့သော် နေမာ အနေဖြင့် နောက်၁၈လအထိ ရီးယဲလ်သို့ရောက်လာမည်မဟုတ် ကြောင်းကို  ရီးယဲလ်နှင့် ပွဲအပြီးတွင်ပြောကြားခဲ့သည့် ပီအက်စ်ဂျီ အကြီးအကဲ အယ်လ်ခီလိုင်ဖီ၏ ပြောစကားကို ကောက်ချက်ဆွဲယူ အဖြေထုတ်နိုင်မည် ဖြစ်သည်။

ဘာနေဗျူးသို့ နေမာပြောင်းရွှေ့မည်လားဆိုသည့် မေးခွန်းအတွက် အယ်လ်ခီလိုင်ဖီက '' ခင်ဗျားတို့ကို ကျွန်တော်   ရာနှုန်းပြည့် အာမခံနိုင် တာကတော့ လာမယ့်ရာသီလည်း သူ ဒီမှာဆက်ရှိနေမယ်ဆိုတာပါပဲ'' ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။ နေမာသည် ၂ဝ၁၉ခုနှစ်တွင် အသက် ၂၇ နှစ်  ရှိနေမည်ဖြစ်ပြီး  ထိုအချိန်တွင် စီရိုနယ်လ်ဒိုက အသက်      ၃၅ နှစ်၊ မက်ဆီက  အသက် ၃၂ နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ရာ  နေမာက  လာလီဂါသို့ ပြန်လည်ခြေချပြီး မက်ဆီနှင့် စီရိုနယ်လ်ဒိုတို့ နှစ်များစွာ ပိုင်စိုးထားသည့်  ကမ္ဘာ့အကောင်းဆုံး နေရာကို ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment