Latest News

Tuesday, February 13, 2018

တည်းခိုခန်းများတွင် ချစ်သူများနေ့၌အသက်မပြည့်သူများ လာရောက်တည်းခိုခြင်းရှိမရှိ ၀င်​​ရောက်​စစ်​​ဆေး

တည်းခိုခန်းများတွင် ချစ်သူများနေ့၌အသက်မပြည့်သူများ လာရောက်တည်းခိုခြင်းရှိမရှိ  ဝင်ရောက်စစ်ဆေး

ပုသိမ် ဖေဖေါ်ဝါရီ၁၄ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိတည်းခိုခန်ူအများစုကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ထွေအုပ် စည်ပင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပုသိမ်အခြေစိုက်ရဲတပ်ဖွဲ့များ ပူးပေါင်းပြီးချစ်သူများနေ့တွင် တည်းခိုများ၌ အသက်မပြည့်သူများလာရောက် တည်းခိုခြင်းရှိမရှိဝင်ရောက်ရှာဖွေစစ်ဆေးလျက်ရှိကြောင်းသတင်းရ ရှိသည်

အဆိုပါစစ်ဆေးမှူ့သည် မလိုလားအပ်သောပြစ်မူများမဖြစ်အောင်အသိပညာပေးခြင်းဖြစ်ပြီးလက်ရှိတည်းခိုခန်းများအနေနှငိ့ဆောင်သင့်ဆောင်ထိုက်သောစည်းမျဉ်းစည်းကမ်းများရှိစေရန် လိုက်လံစစ်ဆေးခြငိးဖြစ်ကြောင်း   ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းမြင့်နိင်ထံမှသိရသည်

"၁၆နှစ်အောက်ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူလို့ရတယ် တည်းခိုခန်းတွေကို မှတ်ပုံတင်ပါမှ အသက်ပြည့်မှ လက်ခံဖို့အသိပညာပေး လိုက်လံစစ်ဆေးမေးမြန်းခြင်းဖြစ်ပါတယ် စုံတွဲတွေကိုတော့ ဥပဒေအရ အရေးယူဖို့မရှိပါဘူး”ဟု ပူးပေါင်းအဖွဲ့  ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းမြင့်နိင်က ပြောသည်

ပုသိမ် မှာ လက်ရှိဖွင့်ထားတဲ့တည်းခိုခန်းတွေ အနေနှင့်လည်းတရားဝင် လိုင်စင်ရှိ မရှိ စည်းကမ်းနဲ့ညီမညီ စစ်ဆေးမေးမြန်းတာဖြစ်ကြောင်း နှင့်ဖြစ်လာမည့်နောက်ဆက်တွဲပြသာနာများကို အသိပညာပေးသည့်အစီစဉ်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်

 လက်ရှိတွင် ပုသိမ်မြို့၌ တည်းခိုခန်းပေါင်း ၅၀ခန့်ရှိပြီး ယင်းစစ်ဆေးမှူ့ကို မနက်ပိုင်းအချိန်က ကင်မလင်းကျွန်း တဲကြီးကုန်း ပုသိမ်တဘက်ကမ်း သဘောင်္ကျဉ်းဘက်ရှိ တည်းခိုခန်းများကို စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ပုသိမ်မြို့တွင်းရှိ တည်းခိုခန်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်

သတင်းထောက် ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment