Latest News

Wednesday, February 14, 2018

ပုသိမ်ခရိုင်အတွင်းရပ်/ကျေးအုပ်ချူပ်ရေးမှူးရွေးရန် (၆၁)ဦးကျန်ရှိနေသေး

ပုသိမ်ခရိုင်အတွင်းရပ်/ကျေးအုပ်ချူပ်ရေးမှူးရွေးရန် (၆၁)ဦးကျန်ရှိနေသေး

ပုသိမ် ဖေဖေါ်ဝါရီ၁၄ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ် ရှိရာ ရပ်/ကျေးအုပ်ချူပိရေးမှူးရွေးချယ်ရန် သတ်မှတ်ကာလ လွန်မြောက် ခဲ့ပြီဖြစ်သော်လည်း ရွေးချယ်သည့် (၅၈၅)ဦးတွင် အတည်ပြုခန့်အပ်ထားသည့် အုပ်ချူပ်ရေးမှူး(၅၂၄)ဦးရှိပြီး ထပ်မံရွေးချယ်ရမည့် ရပ်/ကျေးအုပ်ချူပ်ရေးမှူး(၆၁)ဦးကျန်ရှိနေကြောင်း ပုသိမ်ခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးရုံးမှသတင်းရ ရှိသည်

ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးခြင်း မရှိ ကြန့်ကြာနေသည့် ရပ်ကွက်နှ င့်ကျေးရွာအုပ်စု များကို အမြန်ဆုံး ရွေးချယ် ရန် ညွှန်ကြား ထားသည်

 "ရွေးချယ်ပြီးသားတွေ ကိုတော့  အတည်ပြုခန့်အပ်ဖို့အတွက် တိုင်းဒေသကြီး အစိုးရကို တင်ပြထားထားတယ် ခုကျန်ရှိနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်စု တွေမှာ တစ်ချို့ကအောက်ခြေမှာ  ခဲရာခက်စစ် စနစ်တကျလုပ်နေကြရတယ် တစ်ချို့ကလည်း လုပ်နေရင်းနဲ့ မညီညွှတ်တာတွေရှိနေတယ် ”ဟုပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းထူးကပြောသည်

ရွေးချယ်ရာတွင်လည်း တိုင်တန်းစာများ ရောက်ရှိလာပါက ၂၀၁၇ ခုနှစ် တတိယ အကြိမ်မြောက်နောက်ဆုံး ပြင်ဆင်သည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်

"တို့ရပ်ကွပ်မှာတော့အုပ်ချူပ်ရေးမှူးရွေးပွဲမှာအေးအေးဆေးဆေးပြီးသွားတယ် မဲသာရင်ငြင်းလို့လည်းမရဘူးလေ ညာလို့လည်းမရဘူး ဥပဒေအရ အဆုံးအဖြတ်ခံရမှာပဲ အဲတော့ သသမာသမတ်ကျကျနဲ့ပြီးဆုံးသွားလို့ဝမ်းသာတယ်   "ဟု ပုသိမ်အမှတ်(၉)နယ်မြေ ရပ်ကွပ်(၁၀)တွင်နေထိုင်သူ ဆယ်အိမ်မှူးဦးကျော်မြင့်မှပြောသည်

ဧရာဝတီတိုင်း ဒေသကြီး အတွင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ၂၁၂၀ ဦးအား  ၂၀၁၇ ခုနှစ်က တတိယ အကြိမ်မြောက်နောက်ဆုံး ပြင်ဆင်သည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေနှင့် အညီ အသစ် ပြန်လည် ရွေးချယ်ခြင်း ကို ဒီဇင်ဘာလပထမပတ် အတွင်းမှ ဇန်န၀ါရီလ ၃၁ ရက်နေ့ အတွင်း အပြီးသတ် ရွေးချယ်ရန်  တိုင်းဒေသကြီး အစိုးရမှ ညွှန်ကြား ထား ကြောင်းသိရသည်

သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း

No comments:

Post a Comment