Latest News

Sunday, February 11, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ထမ်းဆမ်း လှိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ထမ်းဆမ်း
လှိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ဟိုပုံး ဖေဖော်ဝါရီ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ် ၊ ထမ်းဆမ်း လှိုဏ်ဂူတော်၌ ရုံးပိတ်ရက် ၃ ရက်အတွင်း ရပ် နီးရပ်ဝေးခရီးသွား ဧည့်သည်များ ၊ ရုံးဝန်ထမ်း များ ၊ ဒေသခံပြည်သူများ အပန်းဖြေ ဘုရားဖူး အများအပြားလာရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။

ရပ်ဝေးဘုရားဖူး ဓမ္မမိတ်ဆွေများကလည်း လှိုဏ်ဂူတော်အတွင်းအပြင် လေ့လာ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဟိုပုံးကိုရင် လေး ရှင်ပေါရိဿကိုလည်း ကြည်ညိုသဒ္ဒါပွားများကာ ဝတ္ထုငွေများ ကပ်လှူပူဇော်ကြ ကြောင်းတွေ့ရှိရသည်။

ယခုလိုရုံးပိတ်ရက်ကာလမှာ အဖေနှင့်အမေကို ဘုရားဖူးလိုက်ပို့ရင်း ထမ်းဆမ်းလှိုဏ်ဂူတော်ကို လာရောက်လေ့လာဖူးမြော်ခွင့်ရသည့်အတွက် ကျွန်မရဲ့ရင်ထဲမှာ ဝမ်းသာပီတိကြည်နူးမိပါ ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ၊ ငပုတောမြို့နယ်မှ ဝန်ထမ်းတစ်ဦး၏ ရင်ဖွင့် စကားပြောကြားသွားသည်ကို သိရှိရသည်။ ဆက်လက်၍ ပင်လုံမြို့တွင်ကျင်းပမည့် (၇၁)မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေမည့် ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့ကလည်း ခရီးတစ်ထောက်နား၍ ထမ်းဆမ်း လှိုဏ်ဂူတော်တွင် ဝင်ရောက်ကာ လေ့လာကြည့်ရှု့ ခွင့်ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ ပြောကြားသွားသည်ကို သိရှိရ သည်။

ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလှိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များသည် ယခင်နေ့ထက် ပိုမိုစည် ကားလျက်ရှိပြီး ၊ ရုံးပိတ်ရက်ကာလ ၃ ရက်ဖြစ် သောကြောင့် ရပ်ဝေးမှအစိုးရဝန်ထမ်းဧည့်သည်များ ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ ပိုမို လာရောက်လျက်ရှိကြောင်း သိရှိရသည်။နန်းဦးခမ်း(ဟိုပုံး)မြန်​မာ့အလင်း

No comments:

Post a Comment