Latest News

Sunday, February 11, 2018

တောင်ကြီးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများတွင် ဘုရားဖူး ပြည် သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိ

တောင်ကြီးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများတွင် ဘုရားဖူး
ပြည် သူများဖြင့်  စည်ကားသိုက်မြိုက်လျက်ရှိ

တောင်ကြီး ဖေဖေါ်ဝါရီ  ၁၁

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရား ၊ မြစိမ်းတောင်စေတီနှင့် စူဠာမုနိဘုရားများတွင် အများပြည်သူ ရုံးပိတ်ရက်(၃)ရက်အတွင်း ဒေသခံပြည်သူများ၊ ရပ်ဝေးမှဘုရားဖူးဧည့် သည်များဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

ဘုရားဖူးပြည်သူများသည်  အားလပ်ရက်(၃)ရက်အတွင်း ညောင်ရွှေ ( အင်းလေး) ၊ ပင်းတယ ၊ ကလော ၊ ဟိုပုံး (ထမ်စမ်းဂူ) ၊ မွေတော်ကက္ကူဘုရားများသို့ ဘုရားဖူးလာရောက်ရင်း တောင်ကြီးမြို့ပေါ်ရှိ တန်ခိုးကြီးစေတီ ပုထိုးများသို့ ၀င်ရောက်ဖူးမျှော်ကြကြောင်းသိရသည်။
” ရုံးပိတ်ရက် (၃) ရက်အတွင်း ရှမ်းပြည်နယ်ရှိ တန်ခိုးကြီးဘုရားများ ၊ အထင်ကရနေရာများသို့ လာရောက်လေ့လာ လည်ပတ်ခွင့်ရရှိသည့်အ တွက် အတိုင်းမသိ ကြည်နူးပီတိဖြစ်ရပါကြောင်း ” မန္တလေးမြို့မှ ဘုရားဖူးပြည်သူတစ်ဦးက ပြောကြားသွားသည်။

တောင်ကြီးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား ၊ စေတီပုထိုးများတွင် ရုံးပိတ်ရက်(၃)ရက်သာ ကာလအတွင်း ယခင်နေ့ရက်များထက် ဘုရားဖူးဧည့်သည်များ ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
တောင်ကြီးခရိုင်ပြန်/ဆက်

No comments:

Post a Comment