Latest News

Sunday, February 11, 2018

အင်း​တော်​မြို့​အထက်​တန်းပြဆရာမတစ်​ဦး၏လက်​ကိုင်​အိတ်​လု​ပြေးသူနှစ်​ဦးရက်​ပိုင်းအတွင်းဖမ်းမိ

အင်း​တော်​မြို့​အထက်​တန်းပြဆရာမတစ်​ဦး၏လက်​ကိုင်​အိတ်​လု​ပြေးသူနှစ်​ဦးရက်​ပိုင်းအတွင်းဖမ်းမိ

ကသာ  ဖေဖော်ဝါရီ  ၁၁

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊အင်း​တော်​မြို့တွင်​ အထက်​တန်းပြ ဆရာမတစ်​ဦး၏လက်​ကိုင်​အိတ်​အားဆိုင်​ကယ်​စီးလာသူနှစ်​ဦးမှ လုယူ​မောင်း​ပြေး သွားရာ ဖေဖော်ဝါရီ  ၁၀ ရက်တွင်​ဖမ်းမိထား​ကြောင်း သိရသည်​။

အမှုမှာ ၂၆၊၁၊၁၈ ရက်​​နေ့တွင်​အင်း​တော်​မြို့၊​အောင်​မင်္ဂလာရပ်​​နေအထက်​တန်းပြဆရာမ​ဒေါ်နွဲ့နွဲ့စိန်​သည်​မဲဇာ​ကျောင်းသို့သွားရန်​အိမ်​မှ ထွက်​လာပြီး ​ရေနားတန်းလမ်းပေါ်အ​ရောက်​နံနက်​ ၆ နာရီအချိန်​ခန့်​ ဆီးနှင်းများ ကျ​နေပြီး​မှောင်​မဲ​နေစဉ်​၎င်း၏​ရှေ့မှအမည်​မသိလူနှစ်​​ယောက်​ဆိုင်​ကယ်​တစ်​စီးစီးလာပြီးလက်​တွင်​ကိုင်​ထားသောအိတ်​အားလုယူ​မောင်း​ပြေး သွားခဲ့ရာဟန်းဆက်​နှစ်​ဖုန်းနှစ်​လုံး၊​ငွေကျပ်​ ၄၀၀၀၀ နှင့်​ဝန်​ထမ်းကတ် များပါသွားကြောင်းသိရသည်​။

အဆိုပါအမှု့လျှင်​မြန်​စွာ​ပေါ်​ပေါက်​​ရေးအတွက်​အင်း​တော်​မြို့နယ်​ရဲတပ်​ဖွဲ့မှူးနှင့်​စခန်းမှူးတို့မှအနီးကပ်​ကြီးကြပ်၍နယ်ထိန်း ဒုရဲအုပ်​ ​အောင်​​အောင်​ ​ခေါင်း​ဆောင်​​သောရဲတပ်​ဖွဲ့ဝင်​များသည်​သက်​​သေများနှင့်​အတူမြို့တွင်​လှည့်​လည်​စုံစမ်းခဲ့ရာ ၁၀၊၂၊၁၈ ရက်​​နေ့တွင်​ အထက်​ပါ​ပျောက်​ဆုံး​နေ​သောဖုန်းနှစ်​လုံးအားအင်း​တော်​မြို့၊​အောင်​​ဇေယျရပ်​ကွက်​ရှိမွန်းစတား ၂ မိုဘိုင်းဆိုင်​တွင် လူငယ် ​နှစ်​​ယောက်​မှ ​ရောင်း​ပေးရန်​လာ​ရောက်​အပ်​နှံ ထား​ကြောင်းရဲစခန်းသို့အ​ကြောင်းကြားလာသဖြင့်​ဒုရဲအုပ်​​အောင်​​အောင်​နှင့်​အဖွဲ့မှသွား​ရောက်​ကြည့်​ရှု့စစ်​​ဆေးခဲ့ရာ​လုယူသွား​သောဖုန်း များဖြစ်​​နေ​ကြောင်းစစ်​​ဆေး​တွေ့ရှိရသဖြင့်​လာ​ရောက်​​ရောင်းချသူအင်း​တော်​မြို့၊နန့်ခင့်​​ကျေးရွာ​နေ ချမ်းငြိမ်း​အောင် ​နှင့်နိုင်​နိုင်​​အောင်​တို့နှစ်​ဦးအားအင်း​တော်​မြို့မရဲစခန်းမှဥပ​ဒေအရဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း ဒုရဲအုပ်​​အောင်​​အောင်​မှ​ပြောပြသိရှိရသည်​။လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment