Latest News

Monday, February 26, 2018

အာရှလမ်းမကြီး နတ်စင်ကွေ့အနီး မျက်နှာကျက်ကျောက်ပြားများတင်ဆောင်လာသော ၂၂ဘီးယာဉ် တိမ်းမှောက် ယာဉ်ပေါ်လိုက်ပါလာသူ တစ်ဦးသေဆုံး

အာရှလမ်းမကြီး နတ်စင်ကွေ့အနီး မျက်နှာကျက်ကျောက်ပြားများတင်ဆောင်လာသော ၂၂ဘီးယာဉ် တိမ်းမှောက် ယာဉ်ပေါ်လိုက်ပါလာသူ တစ်ဦးသေဆုံး

ကော့ကရိတ် ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊အာရှလမ်းမကြီး နတ်စင်ကွေ့အနီး၊ ကီလိုမီတာ (၁၅၄)နှင့်(၁၅၅)အကြား ဖေဖော်ဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့် မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း အောင်သူထွေး၊ ၃၂နှစ်မောင်းနှင်ပြီး ဇော်မျိုးထိုက်နှင့် ကလောတို့နှစ်ဦးလိုက်ပါလာသော မျက်နှာကျက်ကျောက်ပြားများ တင်ဆောင်ထားသည့် 2C/--- နံပါတ်တပ်(၂၂)ဘီးတွဲယာဉ်သည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ကလောဆိုသူတွင် နဖူးပေါက်ပြဲ၊ခန္ဓာကိုယ်ကျိုးကြေ ဒဏ်ရာများ ရရှိသေဆုံးခဲ့ပြီး အောင်သူထွေးတွင်ဝဲယာပေါင်ရိုးကျိုး၊ နဖူးပေါက်ပြဲ၊ဝှေးစေ့ ပေါက်ပြဲ (စိုးရိမ်ရ)နှင့်ဇော်မျိုးထိုက်တွင် ၀ဲလက်မောင်းရိုးကျိုး၊၀ဲခြေမျက်စေ့၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာစိုးရိမ်ရတို့ အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သူထွေးအားကော့ကရိတ်မြို့မရဲစခန်းကဥပဒေနှင့်အညီအမှုဖွင့်အရေးယူထား ကြောင်း သိရသည်။မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment