Latest News

Monday, February 26, 2018

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး အမည်စာရင်းအား ၀န်ကြီးချုပ် ပြန်လည်ရုတ်သိမ်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနှစ်ဦး အမည်စာရင်းအား ၀န်ကြီးချုပ်  ပြန်လည်ရုတ်သိမ်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော ၀န်ကြီးနှစ်ဦး၏ အမည်စာရင်းကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၄ရက်နေ့၌ တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် တင်သွင်းခဲ့သော်လည်း အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ၄င်းနှစ်ဦးအား အမည်စာရင်း တင်သွင်းထားခြင်းကို ပြန်လည်ရုတ်သိမ်းပါကြောင်း ၀မ်းနည်းစွာဖြင့် လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အကြောင်းကြားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက ယနေ့ ကြေညာသည်။

‘’မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးမြို့

စာအမှတ် ၅/ ၄၃-၃၀ (၁) /၉၆ ရက်စွဲ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂

သို့
ဥက္ကဌ
မကွေးတိုင်းဒေသကြီး လွှတ်တော် မကွေးမြို့

အကြောင်းအရာ။   ။ လစ်လပ်လျှက်ရှိသော ၀န်ကြီးလောင်းနှစ်ပါးကိစ္စ

အထက်ပါအကြောင်းအရာပါ ကိစ္စနှင့်ပတ်သတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ကျွန်တော်အောင်မိုးညိုက လစ်လပ်လျှက်ရှိသော ၀န်ကြီးရာထူးနှစ်နေရာအတွက် ဦးအောင်ကျော်မိုးနှင့် ဦးအေးငွေတို့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပါသည်။ သို့သော် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ၄င်းနှစ်ဦးအား အမည်စာရင်း တင်သွင်းထားခြင်းကို ပြန်လည်ရုတ်သိမ်းပါကြောင်း ၀မ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်”ဟု

တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပြုခံထားသူများ၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ဦး၏ ကန့်ကွက်ကြောင်း အဆိုရုတ်သိမ်းခြင်းကို လွှတ်တော်က ခွင့်ပြုကြောင်းလည်း ထပ်မံကြေငြာခဲ့သည်။

ယင်းဝန်ကြီးနှစ်ဦး ပြန်လည်ရွေးချယ်ရခြင်းမှာ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃/၂၀၁၈အရ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီး(၂)ဦးအား ယင်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့သည့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးနေမျိုးကျော်တို့၏နေရာတွင် အစားထိုးခန့်ထားရန်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုထားသည့် ၀န်ကြီးနှစ်ဦးမှာ ဦးအေးငွေ (ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား)မှာ အသက် ၆၉နှစ်ဖြစ်ပြီး အမှတ် ၁၆၆၆-၇ (၁၆)လမ်း အောင်မေတ္တာ (ခ)ရပ်ကွက်နှင့် ဦးအောင်ကျော်မိုး (တွဲဖက်ပညာရေးမှူး အငြိမ်းစား)မှာ အသက် ၆၇နှစ်ရှိကာ အမှတ်၈၄ ကန်သာ (၁၆)လမ်း မကွေးတို့ကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။

Ly Mo News

No comments:

Post a Comment