Latest News

Monday, February 26, 2018

အင်းတော်ကြီးအင်းအတွင်း စက်လှေမှောက်ရာတွင် ပါသွားခဲ့သည့်အသက်ရှင်ကျန်ရစ်သူ ကျောင်းသားများ စာမေးပွဲ ဆက်ဖြေ

အင်းတော်ကြီးအင်းအတွင်း စက်လှေမှောက်ရာတွင် ပါသွားခဲ့သည့်အသက်ရှင်ကျန်ရစ်သူ ကျောင်းသားများ စာမေးပွဲ ဆက်ဖြေ

မိုးညှင်း၊ ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအင်းအတွင်း၌ ယခုလ (၂၅) ရက်ညနေ (၆) နာရီခွဲအချိန်တွင် စက်လှေတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါသူ(၁၈)ဦးအနက် အသက်ရှင်ကျန်ရစ်သည့် ကျောင်းသား/ ကျောင်း သူများ စာမေးပွဲဆက်ဖြေခဲ့ကြသည်ဟု အင်းတော်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။

''ခရိုင်ပညာရေးမှူးဦးဝင်းမောင်၊ မြို့နယ်ပညာရေးမှူး ဦးရာမှူးနဲ့ဆရာမ(၂)ယောက်ကြီးကြပ်ပြီး ကလေးတွေ စာမေးပွဲဖြေနေပါတယ်၊ လုံးတုံဆေးရုံက အခန်းတစ်ခုမှာပါ၊ အားလုံး (၇)ယောက်ရှိပါတယ်'' ဟု အင်းတော်ကြီးဒေသမှ ဦးသက်နိုင်က ပြောသည်။
အဆိုပါကျောင်းသား/ကျောင်းသူများသည် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင်  အဋ္ဌမတန်း ပညာသင်ကြားနေကြသူများဖြစ်ပြီး ယခုရက်၌ကျင်းပသော အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားသို့ ဘုရားဖူး သွားခဲ့ကြရာ ဘုရားနှင့်မဝေးလှသော လွဲမွန်ကျေးရွာအုပ်စု နန့်မီးလောင်ကျေးရွာရှိ နှီးဘုရား အားဖူး၍ အပြန် အင်းတော်ကြီးကန်၏ကမ်းစပ်မှ (၃)ဖာလုံခန့်အကွာတွင် လှိုင်းထန်၍ လှေနစ်မြုပ်သွားခဲ့ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။

ကနဦးရှာဖွေကယ်ဆယ်နိုင်ခဲ့သူများတွင် အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အလယ်တန်းပြဆရာမတစ်ဦး၊ စက်လှေမောင်း တစ်ဦးနှင့် အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အဋ္ဌမတန်းကျောင်းသားကျောင်းသူ(၇)ဦးတို့ ပါဝင်ခဲ့ ကြောင်းနှင့် ၎င်းတို့အား(၁၆)ကုတင်ဆန့် လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

''အခင်းဖြစ်နေရာကို ရွှေမဉ္ဇူဘုရားပွဲကြီးကြပ်ရေးတာဝန်ရှိသူများနှင့်အတူ နယ်မြေခံတပ်စခန်းမှ အရာရှိစစ်သည် များ၊ ဒေသခံပြည်သူလူထုစုပေါင်းအင်အား အယောက် (၄၀)ခန့်က စက်လှေ(၃)စီးဖြင့် သတင်းရလျှင်ရခြင်း အင်တိုက် အားတိုက် ရှာဖွေဆောင်ရွက်ခဲ့လို့ လှေပေါ်ပါသူ အချို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်''ဟု မိုးညှင်းမြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဖြိုးကိုကိုက ပြောသည်။
စက်လှေတိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသော (၉)ဦးအား ယနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ နေ့လည်(၁၁)နာရီ အချိန်ခန့်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စက်လှေမောင်းနှင်သူ မောင်ဦးအား လုံးတုံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
ဦးမင်းမင်းဦး(မြန်​မာ့အလင်း)

No comments:

Post a Comment