Latest News

Wednesday, February 7, 2018

ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရန် ၃၃ ကေဗွီ သုံးခွလိုင်းအသစ်သွယ်တန်း

ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရန် ၃၃ ကေဗွီ  သုံးခွလိုင်းအသစ်သွယ်တန်း

သုံးခွ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၌
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းမှ ၂ဝ၁၇-၂ဝ၁၈
ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုံးခွ မြို့နယ်တွင်  လျှပ်စစ်ဓာတ်အား
ပြတ်တောက်မှု လျော့နည်းစေရန်
ကျော်သာကုမ္ပဏီက   ၃၃  ကေဗွီ
သန်လျင် သုံးခွဓာတ်အားလိုင်း
အသစ် သွယ်တန်းရန်အတွက်
သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ
ထိပ်မှ သုံးခွမြို့နယ် အမှတ် (၉)
ရပ်ကွက် ဥက္ကံဝ ဓာတ်အားခွဲရုံ (လူထု
လမ်းထိပ်) အထိ အရှည် ၁၆ ဒသမ ၂၆
မိုင်တွင် ၄၆ ပေအရှည်ရှိ ကွန်ကရစ်
ဓာတ်တိုင်ပေါင်း ၈၂ဝ ကို ဝန်ထမ်း
များက အဖွဲ့များခွဲကာ ကရိန်းယာဉ်
ဖြင့် စိုက်ထူလျက်ရှိကြောင်း သိရ
သည်။ ပထမအဆင့် တိုင်စိုက်ခြင်း
လုပ်ငန်းများ ပြီးစီးပါက ကြွေသီးများ တပ်ဆင်ခြင်း ACOC 240 mm 2လိုင်းကြိုးများဆွဲခြင်းကို ဆက်လက် ပြုလုပ်မည်ဟု သိရသည်။ လုပ်ငန်းများ သတ်မှတ်ရက်ဇွန်လအတွင်းပြီးစီးကာ ဓာတ်အားအားပို့လွှတ်နိုင်ရေး ဝန်ထမ်းများက အင်တိုက်အား တိုက် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီ ၆ ရက် ညနေက သုံးခွ
မြို့မဈေးမြောက်ဘက်တွင် တိုင်များ စိုက်ထူလျက်ရှိသည်။
ကိုကျော်(သုံးခွ)​ကြေးမှုံ

No comments:

Post a Comment