ရေရှည်တည်တံ့ခိုင်မြဲရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ဖေဖော်ဝါရီ ၇
(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ငွေဆောင်ကမ်းခြေဒေသ သန့်ရှင်းသာယာလှပစေ ရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ငွေဆောင်မြို့မအားကစားကွင်း၊ အ-ထ-ကကျောင်းရှေ့လမ်းဆုံ၊Sunny Paradise Hotel အနီး ကမ်းခြေတို့၌ စွန့်ပစ်အမှိုက်များကောက်၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
ငွေဆောင်ကမ်းခြေဒေသသည် သဘာဝခရီးသွားလုပ်ငန်းအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်တိုးတက်များပြားလာကာ ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မပျက်စီးစေရေး၊ စွန့်ပစ်အမှိုက်များလျော့နည်းကျဆင်းရေး၊ ကမ်းခြေဒေသသဘာဝအလှများအား ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးအတွက် ပညာပေးလှုပ်ရှားခြင်းစသည်ဖြင့် ရည်ရွယ်ကာ စုပေါင်းသန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်လှုပ်ရှားမှုကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ငွေဆောင်ရုံးခွဲ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးဝင်းနှင့်ဝန်ထမ်းများ၊ ဟိုတယ်ဇုန်ရှိ ဟိုတယ်တာဝန်ရှိသူများနှင့် ဟိုတယ်ဝန်ထမ်းများ စုစုပေါင်းအင်အား ၉၅ ဦးခန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကြေးမှုံ
No comments:
Post a Comment