တာမွေ ဖေဖော်ဝါရီ ၇
တာမွေ မြို့နယ်လျှပ်စစ်မန်နေဂျာဦးကျော်စန်းနှင့်
မြို့နယ် လျှပ်စစ်လက်ထောက်မန်နေဂျာ အင်ဂျင်
နီယာ ဦးစိုးမိုးတို့ ဦးဆောင်ကာ ဆားဗစ်ရှင်းလင်း
ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဆွေနှင့် အဖွဲ့ဝင်များ
သည် ဖေဖော်ဝါရီ ၆ ရက် နံနက်က အရိုးကုန်း
ရပ်ကွက် ဦးလွန်းလမ်း၌ တိုက်ပေါင်း ၄၁ လုံးမှ
ဆားဗစ်ဝါယာ ၃၂၃ ချောင်းအား စနစ်တကျ
ဖြုတ်သိမ်းပြီး ကေဘယ်ကြိုးများဖြင့် လဲလှယ်
တပ်ဆင်ပေးခဲ့ကြသည်။
လက်ထောက်မန်နေဂျာ အင်ဂျင်နီယာ ဦးစိုးမိုး
က ''ဒီလုပ်ငန်းကို လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အရှေ့ပိုင်းခရိုင်မှူး၏ စီမံမှုဖြင့်
ဆောင်ရွက်ပေးတာပါ။ အင်အား ၆ဝ ပါဝင်ပြီး
လိုင်းအသစ်ဆွဲခြင်း လိုအပ်သည့် ဓာတ်တိုင်
အသစ်များ စိုက်ထူပေးခြင်းနဲ့ အထပ်မြင့်အခန်း
တွေကိုလည်း ဓာတ်အားပြည့်ဝစွာရရှိစေရေး ဆောင်ရွက်ပေးပါတယ်''ဟု ပြောသည်။
ဆားဗစ်ကြိုး ရှင်းလင်းရေးကော်မတီဥက္ကဋ္ဌ
ဦးရဲဆွေက ''ဆားဗစ်ကြိုးတွေနဲ့ ဖြတ်သွား ဖြတ်
လာမော်တော်ယာဉ်အမိုးတွေနဲ့ မလွတ်ဘဲ ပြတ်ကျ
တာတွေရှိခဲ့ဖူးတဲ့အတွက် မလိုလားအပ်တဲ့
လျှပ်စစ်အန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်။ အခု
တော့ အန္တရာယ်တွေကင်းရှင်းပြီဖြစ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားသည်။
ကြေးမှုံ
No comments:
Post a Comment