Latest News

Friday, February 9, 2018

အားလပ်​ရက်​မှာ စိတ်​အပန်း​ဖြေစရာ ဓနုဖြူဥမ္မာဒန္တီကမ်း​ခြေမှာ

အားလပ်​ရက်​မှာ စိတ်​အပန်း​ဖြေစရာ ဓနုဖြူဥမ္မာဒန္တီကမ်း​ခြေမှာ

ဓနုဖြူ  ​ဖေ​ဖော်​ဝါရီ ၁၀

သဘာဝက​ပေးတဲ့ ဓနုဖြူမြို့၏ ဥမ္မာဒန္တီကမ်း​​​ခြေ​လေးမှာ နံနက်​ခင်းပဲဖြစ်​ဖြစ်​ ည​နေ ​နေဝင်​ချိန်​​လေးမှားဖြစ်​ဖြစ်​ သဘာဝရဲ့ အရသာကို ခံစားကာ မြစ်​ဧရာအတွင်းမှ တိုက်​ခက်​လာတဲ့ ​လေနု​အေး​လေးကိုခံစားရင်း အားလပ်​ချိန်​​လေးများတွင်​ သူငယ်​ချင်း​များနှင့်​ မိသားစုများ ​ပျော်​​ပျော်​ပါးပါး ​ရေပြင်​ကျယ်​ထဲမှာ ​ရေ​ဆော့ကစားကာ ကမ်း​ခြေရှိ ဆိုင်​​များမှ သဘာဝအုန်းရည်​၊ အသုတ်​များ၊ ငါးကင်​နှင့်​ ဂုံးသုတ်​၊ ခရုသုတ်​​လေးများ စားသုံးရင်း သဘာဝအရသာကို ခံစားနိုင်​တာဖြစ်​ပါသည်​။ အရင်​ကနဲ့မတူ ယခုဆိုရင်​ ဥမ္မာဒန္တီကမ်း​ခြေ​လေးဟာ  အနယ်​နယ်​အရပ်​ရပ်​မှ လာ​ရောက်​အပန်း​ဖြေသူများနှင့်​ လမ်းခရီးသွားရင်း ဝင်​​ရောက်​အပန်း​ဖြေသူများ များပြားသထက်​များပြားလာပြီဖြစ်​ပါသည်​။ ဥမ္မာဒန္တီမင်းသမီးအား အစွဲပြု၍ ဥမ္မာဒန္တီကမ်း​ခြေဟု တင်​စား​ခေါ်​ဝော်ကြ​ခြင်းဖြစ်​​ကြောင်းသိရသည်​။

သမိုင်းဝင်​ကျိုက္ကလွန်​​ဗွန်း​စေ​တီ​တော်​မြတ်​ကြီးအား ဖူး​မျော်​ကြည်​ညိုရင်း ​မ​ဝေးလှ​သော ​နေရာ​လေးတခုတွင်​တည်​ရှိ​သော​ကြောင့်​ ဘုရားဖူးရင်း အပန်း​ဖြေနိုင်​သည့်​​နေရာတစ်​ခုပင်​ဖြစ်​ပါသည်​။ မြစ်​ကမ်းပါးဖြစ်​​သော်​လည်း ​မြေပြင်​ညီညာကာ ဆင်​​ခြေ​လျောကမ်း​ခြေ ရှိ​သော​ကြောင့်​ ​ရေ​ဆော့ကစားရာတွင်​ ​စိုးရိမ်​မှုကင်းစွာ​​ရေေ​ဆာ့ကစားနိုင်​ပါသည်​။ ​မြစ်​ကမ်းပါးက​နေ၍ ​နေထွက်​ချိန်​​လေးပဲ ကြည့်​ကြည့်​ည​နေ ​နေဝင်​​ချိန်​​လေးပဲကြည့်​ကြည့်​ သဘာကျူရိုး ကိုင်းရိုး တဲ​လေးများထဲမှ​နေ၍ မြစ်​ကမ်း၏ သဘာဝအလှတရားက​ပေါ်လွင်​​နေ​သော​ကြောင့်​ လာ​ရောက်​အပန်း​ဖြေသူများအတွက်​ စိတ်​ကြည်​နူး​စေကာ ပျော်​ရွင်​ ကြည်နူး​စရာများကို ​ပေးစွမ်းနိုင်ပာသည်​​​​။ မြို့အတွင်းမှ လုပ်​ငန်းရှင်​များ ရုံးသမား များမှ အထိမ်းအမှတ်​ပွဲ​များကို ယခုဆိုရင်​ သဘာဝဆန်​ဆန်​ ကမ်း​ခြေ တွင်​လာ​ရောက်​ပြုလုပ်​​နေကြပြီး ကမ်း​ခြေ၏ သဘာဝ သဲ​သောင်​ပြင်​တွင်​ ​ဘောလုံး​ဆော့ကစားသူ၊ ခြင်းလုံး​ဆော့ကစားသူများ၊ ဆိုင်ကယ်၊ စက်ဘီး စီးနင်းသူများ​​​​နှင့်​ ​ရေ​ဆောကစားသူများ စည်​ကားလျက်​ရှိပါသည်​။

ယခုလို စ​နေ၊ တနင်္ဂ​နွေ နှင့်​ ဆက်​လျက်​ ရုံးပိတ်​ရက်​များနှင့်​ ​ကျောင်းပိတ်​ရက်​များတွင်​ ပိုမိုစည်​ကားလျက်​ရှိပြီး ဓနုဖြူမြို့၏ ဂုဏ်​ယူစရာ စိတ်​အပန်း​ဖြေစရာ​နေရာ​လေးတစ်​ခုဖြစ်​ပါသည်​။ မြို့ခံများမှလည်း ကမ်း​ခြေသန့်​ရှင်း သာယာလှပ​ရေးအတွက်​ စ​နေ​နေ့တိုင်း စု​ပေါင်းအမှိုက်​​သိမ်း သန့်ရှင်း​ရေးပြုလုပ်ေ​နကြကြောင်းသိရသည်​။
အောင်​သူဟိဏ်း(ဓနုဖြူ)မြန်​မာ့အလင်း

No comments:

Post a Comment