Latest News

Friday, February 9, 2018

စိတ်ကြွ ဆေးပြားများ နှင့်​ဆေးခြောက်များဒလမြို့နယ်၌ ဖမ်းဆီးရမိ

စိတ်ကြွ ဆေးပြားများ နှင့်​ဆေးခြောက်များဒလမြို့နယ်၌ ဖမ်းဆီးရမိ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်  ဗညားဒလရပ်ကွက် အနော်ရထာလမ်း၊ အမှတ်-၁၁၁၅ နေအိမ်၌ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီခွဲ အချိန်က မူးယစ်ဆေးဝါးများနှင့် ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဒလမြို့မရဲစခန်းမှ သိရသည်။

 ဒလမြို့မရဲစခန်း၏မယ(ပ)၅/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပုဒ်မ-၁၅/၁၆(က) အမှုမှ တရားခံ ဇော်ဝင်းထွဋ်၏ ကွင်းဆက် ဖော်ထုတ်မှုအရ ဖေဖော်ဝါရီ ၉  ရက်နေ့ ည၉ နာရီခွဲ အချိန်က ဒလမြို့နယ် ဗညားဒလရပ်ကွက် အနော်ရထာလမ်း၊ အမှတ်-၁၁၁၅ နေအိမ်သို့ ဒလမြို့မရဲစခန်းမှ ရဲအုပ် သက်နိုင်အေး၊ ရဲတပ်ကြပ်ကြီး မင်းဇော်ဦး၊ ရဲဒုတပ်ကြပ် ၀င်းမောင်မောင်၊ ရဲဒုတပ်ကြပ် ရန်အောင်၊ ဗညားဒလ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် နှင့် ဦးနေလင်းတို့နှင့်အတူ  ၀င်ရောက်ရှာဖွေဖမ်းဆီးရာ အဆိုပါ နေအိမ်တွင် အိမ်ရှင်အောင်အောင်(ခ) အောင်လေး အသက်(၂၅)နှစ် (ဘ)ဦးကြည်စိုး ၊ ကျော်ရှင်းသန့်(ခ) ရှင်းသန့် (၂၂)နှစ်၊ (ဘ) ဦးဥာဏ်ဌေး၊ ဗညားဒလ(၁၀)လမ်း၊ ဗညားဒလရပ်ကွက် နေသူတို့ (၂)ဦးအား တွေ့ရှိရပြီး ၄င်းတို့အနီး မူးယစ်ဆေးဝါးများ၊ ငွေကြေးများနှင့် အစိမ်းရောင် ပလပ်စတစ်သေတ္တာ တို့အား သိမ်းဆည်းရမိရာ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား(၂၁၃)ပြား၊ မှုခင်းသတင်းစာ စက္ကူဖြင့် ထုတ်လျက် ထားရှိသော မူးယစ်ဆေးဝါး ဆေးခြောက် ဟုယူဆရသည့် အညိုရောင် အရိုး/အစေ့/အရွက်ရောရာ (၄၆.၄) ဂရမ်ခန့်၊  ကပ်ခွာပလပ်စတစ်အိတ် အကြည်ဖြင့် ထည့်လျက် မူးယစ်ဆေးဝါးဆေးခြောက်ဟု ယူဆရသည့် အညိုရောင် အရိုး/အစေ့/ အရွက် ရောရာ(၁.၃)ဂရမ်ခန့်စီပါ (၂၆)ထုပ် နှင့် (၂.၃၂)ဂရမ်ခန့်ပါ(၁)ထုပ်၊ မူးယစ်ဆေးဝါး ရောင်း/၀ယ်ရာမှ ရရှိငွေ(၄၀၀၀၀၀)ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရန်  အသုံးပြုသည့် ရေသန့်ဘူး အလယ်တွင် အပေါက်ဖောက် ပိုက်တပ် လျက်(၂)ဘူး၊ ခဲစက္ကူသုံးလက်စ(၂)ခုနှင့် ဆက်စပ်ပစ္စည်းများ ၊  SAMSUNG J7 ရွှေ့အိုရောင် ဖုန်း(၁)လုံး၊ SAMSUNG SHV E 250 S  အဖြူရောင်ဖုန်း(၁)လုံး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း(၂၁၃)ပြား အလေးချိန် ၁၈၆.၃ ဂရမ်ခန့်၊ ဆေးခြောက်ဟုယူဆရသော အရိုး၊အစေ့၊အရွက်ခြောက် စုစုပေါင်းအလေးချိန်(၈၂.၅၂) ဂရမ်ခန့်၊ မူးယစ် ဆေးဝါးရောင်းဝယ်ရရှိငွေ ၄၀၀၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ နှင့် အတူ တရားခံ(၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့အား မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
 ထို့အတူ အဆိုပါည ၈နာရီ ၄၀ မိနစ် အချိန်က အောင်မင်္ဂလာရပ်ကွက်၊ ဒလ-တွံတေးကားလမ်းဘေးရှိ ဂျူပီတာလက်ဘက်ရည်ဆိုင်၌ မူးယစ်ဆေးပြားများလာရောက်ရောင်းချနေသူ ဇော်ဝင်းထွဋ် အသက် (၂၀)နှစ်၊ (ဘ)ဦးဌေးဦး၊ မင်းရဲကျော်စွာ(၁)လမ်း၊ ဗိုလ်ရန်ပြေရပ်ကွက်နေ သူအား စိတ်ကြွရူးသွပ် ဆေးပြား(၈)ပြားနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  
သတင်းနှင့်ဓါတ်ပုံ-နိုင်လင်းကျော်(ဒလ)မြန်​မာ့အလင်း

No comments:

Post a Comment