Latest News

Saturday, February 10, 2018

အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ် နှစ်​အစမှ ယနေ့အထိ ငလျင်လှုပ်မှု အကြိမ်ရေ စုစုပေါင်း ၄ဝ ရှိ

အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ် နှစ်​အစမှ ယနေ့အထိ
ငလျင်လှုပ်မှု အကြိမ်ရေ စုစုပေါင်း ၄ဝ ရှိ

နေပြည်တော်   ဖေဖော်ဝါရီ   ၉

ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၁၁ မိနစ် ၄၄ စက္ကန့်က အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ   ငလျင်ငယ်တစ်ခု   လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ မြေငလျင်သည် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၁၄၉ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း သံတွဲမြို့  တောင်-အနောက်တောင် ဘက် ၁၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈  ဒသမ ၂၂ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒသမ ၃၁  ဒီဂရီ၊ မြေအောက် အနက် ၃၄ ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်သွားခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန၏ တိုင်းထွာရရှိချက်အရ သိရသည်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ငလျင်လှုပ်မှု အကြိမ်ရေ စုစုပေါင်း ၄ဝ ရှိကြောင်း ငလျင်မှတ်တမ်းများအရ သိရသည်။
မောင်မွှေး(မြန်​မာ့အလင်း)

No comments:

Post a Comment