စင်ကာပူ လေကြောင်းလိုင်းမှ air bus 330 လေယာဉ်တစ်စင်း
မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့
တံတားဦး ဖေဖော်ဝါရီ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ စင်ကာပူမြို့ သို့ ခရီးသည် ၁၉ဝ နှင့် လေယာဉ် အမှု ထမ်း ၁၂ ဦးတို့ လိုက်ပါပျံသန်းလာသည့် စင်ကာပူလေကြောင်းလိုင်းမှair bus 330 လေယာဉ်သည် လက်ဝဲဘက်အင်ဂျင် ချွတ်ယွင်းမှုကြောင့် မန္တလေးမြို့ အပြည် ပြည်ဆိုင်ရာ တံတားဦးလေဆိပ်သို့ အရေး ပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီ ၇ မိနစ်တွင် အရေးပေါ် ဆင်းသက်နိုင်ရန် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်း ထိန်းသို့ အကူအညီတောင်းခံခဲ့ပြီး ညနေ ၃ နာရီ ၃၁ မိနစ်တွင် ဆင်းသက်ခဲ့ကြောင်း နှင့် လိုက်ပါလာသော ခရီးသည်များကို စင်ကာပူလေကြောင်းလိုင်းမှ အစားထိုး လေယာဉ် ဘိုးရင်း777 ဖြင့် ဖေဖော်ဝါရီ ၈ ရက် နံနက် ၃ နာရီ ၁၄ မိနစ်တွင် ပြန်လည် ခေါ်ဆောင်သွားကြောင်း တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အုပ်ချုပ်ရေးဌာနမှူး ဦးကျော်ဆန်းက ပြောသည်။
''အရေးပေါ်ဆင်းသက်ဖို့ ကျွန်တော် တို့ဆီ အကူညီတောင်းတဲ့အခါ မီးသတ်တို့ ဘာတို့နဲ့ အရန်သင့် စောင့်နေတယ်၊ ဆင်းလာတဲ့အခါမှာတော့ လိုက်ပါလာသူ တွေ တစ်စုံတစ်ယောက်မှ ထိခိုက်မှုမရှိ ပါဘူး၊ ခရီးသည်တွေကို ကျွန်တော်တို့ လေဆိပ်ထဲမှာပဲ နားခိုင်းထားပြီး လိုအပ် တာတွေအကုန်လုံး ကူညီပေးလိုက်ပါ တယ်'' ဟု ¤င်းက ပြောသည်။
အရေးပေါ်ဆင်းသက်ခဲ့သော air bus 330 လေယာဉ်သည် ဝဲဘက် အင်ဂျင် ပန်ကာဒလက် နှစ်ချောင်း ကျိုးသွားခဲ့ပြီး အင်ဂျင်တစ်ခုလုံး လဲရမည် ဖြစ်သောကြောင့် ပြုပြင်ရန်အတွက် အဆိုပါလေကြောင်းလိုင်းမှ အင်ဂျင်နီယာ များကို စောင့်ဆိုင်းနေကြောင်း သိရသည်။မင်းထက်အောင်(မန်းကိုယ်ပွား) ဓာတ်ပုံ-အင်တာနက်
Thursday, February 8, 2018
စင်ကာပူ လေကြောင်းလိုင်းမှ air bus 330 လေယာဉ်တစ်စင်း မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့
စင်ကာပူ လေကြောင်းလိုင်းမှ air bus 330 လေယာဉ်တစ်စင်း မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့
Reviewed by Ar Ti
on
6:47 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment