Latest News

Saturday, January 27, 2018

ကမ်းကုန်အောင်ယုတ်မာသူ (အပိုင်း-၇ / အပိုင်း-၈/ နိဂုံး )


**************************************
တရားသူကြီးက ကျွန်မကို အမိန့်ချတယ်...။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း" ... တဲ့... ။
အဲဒီနေ့ဟာ ကျွန်မဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ပါပဲ...။
( ဂျွန်းကို)
**************************************
🌟အပိုင်း -၇
ဟား! … ထင်တဲ့အတိုင်းပဲ ဂျွန်းကိုဆိုတဲ့ကောင်မ သူ့မိဘအိမ် ပြန်လာတယ်...။
"ဂျွန်းကို... မာဆုနာဂါဆိုတဲ့ကောင် မသေသေးဘူးကွယ်။ ဘယ်လိုလုပ်ကြမလဲ ... ဟားဟား"
ကျုပ်သေပြီလို့ သတင်းလွှင့်လိုက်တာလေ။ အကြံပိုင်တယ်မဟုတ်လား..?!
အသုဘ ဓာတ်ပုံတောင် ရိုက်လိုက်သေး...။
ကောင်မဂျွန်းကို... မင်းလောက်တော့ အေးဆေးပါကွာ... ငတုံးတွေ ...။
" ဂျွန်းကို ... မင်းထိုင်ခုံလေး မင်းကို လွမ်းနေပြီကွယ့်..."
လျှပ်စစ်ထိုင်ခုံလေး...သနားပါတယ်ကွာ...။
ဩ...အလုပ်တွေ ဘာတွေရလို့....
သူငယ်ချင်းအသစ်တွေ ရနေလားကွ...။
မင်းဖုန်း ပြစမ်းကွာ...
"ဪ ... သူငယ်ချင်းတွေ အများကြီးပါလား..?"
တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်ပြီးဆဲစမ်း … ကောင်မ။ ဘယ်တော့မှ မဆက်သွယ်နဲ့တော့လို့ပြော...။
တစ်ယောက်ကျန်ခဲ့လို့ကတော့ လျှပ်စစ်ခုံ ပဲ...။
ဂျွန်းကို ကျုပ်ခိုင်းသမျှ လုပ်တာပေါ့။ သူငယ်ချင်းအသစ်တွေကိုဆဲတယ် အဆက်အသွယ်ဖြတ်တယ်..။
"ဟဲ့ကောင်မ ... ငါဂျွန်းကိုဟေ့ .. နင့်ကို စတွေကတည်းကေ-ာက်ကျင့်ယုတ်တာ သိနေတယ်... @&$:"
အေး...အေး...။
ဂျွန်းကို...မင်း တော်တယ်..!
မင်းဘဝမှာ ဘယ်သူပဲကျန်တော့လဲ သိလား...?
ဟောဒီက မာဆုနာဂါဆိုတာ ကယ်တင်ရှင်ကြီးဆိုတာ မင်း မေ့နေပြီလား..။
****************************************
ဂျွန်းကိုညီမ လေးကိုတို့လင်မယားကိုလဲ ကျုပ် မကျေနပ်ဘူး။ ဒီကောင်မလင်မယား ဂျွန်းကိုရမယ့်ငွေတွေ လက်ဝါးကြီးအုပ်ထားတာ။ သူတို့က သိပ်စည်းလုံးတာ။ ဒီကောင်တွေဆီက ငွေရအောင် ကြံရဦးမယ်။
သိပြီ....! လေးကိုဆီ ဖုန်းဆက်မှ...။
" လေးကို ... မင်းအစ်မဂျွန်းကို ဘာလို့ထွက်ပြေးသွားတာလဲ သိလား? လူသတ်ပြီး ထွက်ပြေးသွားတာကွ... အသေးစိတ်သိချင်ရင် မင်းတို့မိသားစုအားလုံး ဒီညနေ ငါ့အိမ်လာခဲ့ကြ..."
****************************************
"အေးဗျာ ... ကိုယ့်မိန်းမဆိုတော့လည်း ကိုယ်က ကာကွယ်ရမှာပေါ့..."
" ဂျွန်းကိုဟာ ... အိမ်ပွဲစားကြီး ခုမိအိုတိုလာယာကို သတ်ပစ်လိုက်တယ်။ ဒီရေချိုးခန်းထဲမှာပေါ့...။ ပြီးတော့ အလောင်းကို ပုဆိန်နဲ့ခုတ်တယ်... ဒီမှာဗျ .. ဓာတ်ပုံတွေ..."
"ဟာ?!?"
မိသားစုတစ်ခုလုံး ကြက်သေသေ၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဒီအတွက် ဖုံးဖိစရာကိစ္စတွေ အများကြီးလုပ်ရမယ်... ငွေလိုတယ်..."
အရှက်သိက္ခာကြီးတဲ့ ဂျွန်ကိုမိသားစု ကျုပ်ကို ပိုက်ဆံ စ ပေးတော့တာပဲ..။
****************************************
သူတို့တွေက စည်းလုံးတော့ သူတို့မိသားစုထဲ အဝင်ရခက်တယ်ဗျ... သွေးခွဲမှ...!
ကျုပ် လေးကိုယောက်ျားကို သပ်သပ်တွေ့လိုက်တယ်..။
"ခါဇုယ ... မင်းတို့မင်္ဂလာဆောင်တုန်းက မင်းယောက္ခမကြီးက လယ်မြေပေးမယ်ဆိုတာ ကလေး ၂ ယောက်တောင်ရပြီ မပေးသေးပါလား..?! မင်း သဘောကောင်းတယ်နော်.."
လေးကို ကို သပ်သပ်ခေါ်လိုက်တယ်...။
" မင်းအစ်မလူသတ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့ ခဏလာတွေ့ပါ.."
လေးကို ကို မုဒိမ်းကျင့်လိုက်တယ်..။
ထုံးစံအတိုင်းပေါ့ဗျာ..ဟဲဟဲ...။
"ဟဲ့ကောင်မ လေးကို ... တစ်လတိတိ ငါ့ဆီ နေ့တိုင်းလာအိပ်ရမယ်။ မအိပ်ရင် မင်းယောက်ျားနဲ့ သားသမီးတွေကို ပြောလိုက်မယ်။ ဒီမှာ မင်းနဲ့ငါ ကာမဆက်ဆံတဲ့ပုံ။ အစ်မလူသတ်မှုလည်း ရဲတိုင်ပစ်မယ်။ ငါပြောတာ နားလည်လား..?"
အင်း … စဉ်းစားကြည့်တော့လည်း အဲဒီအိမ်က ဂျွန်းကို၊ ဂျွန်းကိုအမေ ၊ ဂျွန်းကိုညီမ အားလုံးကို ကျုပ် ကာမ ဆက်ဆံထားတယ်ဗျား..!
စဉ်းစားကြည့်ရင် ရယ်စရာပဲဗျ..။
ပြီးတော့ ... လေးကိုယောက်ျားကို ပြောလိုက်တယ်...။
" မင်းမိန်းမ နောက်မီးလင်းနေပုံရတယ်... နေတိုင်း အပြင်ထွက်နေတာ..။ ဂျွန်းကို ပြောပြတာရှိတယ် ... မင်းမိန်းမ ကလေးဖျက်ချဖူးတယ်တဲ့နော်။ အေးကွာ..မိန်းမချောချောရထားတော့လည်း စိတ်ပူရတာပေါ့ကွ.. နော .."
သူတို့လင်မယားနှစ်ယောက် ရန်ဖြစ်တယ်။ လေးကိုယောက်ျား ခါဇုယဟာ လေးကိုနဲ့ မိဘတွေကို ရိုက်နှက်လာတော့တယ်..။
****************************************
ဂျွန်းကိုအဖေက သဘောကောင်းပြီး ကူညီတတ်တယ်လေ..။
"အန်ကယ်လ် … ကျွန်တော့်အိမ်က ရေချိုးခန်းကြွေပြားတွေ လဲပေးပါလားဗျာ။ ဂျွန်းကိုနဲ့ ကလေးတွေ ချော်လဲမှာစိုးလို့.."
အဘိုးကြီးက ကြွေပြားအသစ်တွေနဲ့ လဲပေးလိုက်တယ်...။
" စိတ်မကောင်းဘူးဗျာ … အန်ကယ်လ်..! ခင်ဗျားလည်း ရာဇဝတ်မှုပဲဗျ... သက်သေဖျောက်ဖျက်မှုလေ...! ဒီရေချိုးခန်းက ခင်ဗျားသမီးဂျွန်းကို အိမ်ပွဲစားကြီးကို သတ်လိုက်တဲ့နေရာဗျ..."
"ဟေ့ကောင်... မင်း အဲလို မယုတ်မာနဲ့ကွာ..! "
"ယုတ်မာတယ်လို့ပြောရင် အန်ကယ့်ကို ကျွန်တော် စိတ်ဆိုးမှာနော်။ ကျွန်တော် စိတ်မဆိုးအောင်နေ..! အခုလောလောဆယ်တော့ ငွေလိုတယ်ဗျာ..!"
လေးကိုယောက်ျားကိုလည်း ရေချိုးခန်းထဲက ရေပိုက်ခေါင်းတွေ လဲခိုင်းလိုက်ပြီး အဘိုးကြီးလိုပဲ ခြိမ်းခြောက်လိုက်တယ်..။
အဘွားကြီးနဲ့ လေးကို မိန်းမ ၂ ယောက်ကိုတော့ မုဒိမ်းကျင့်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့...။
ဂျွန်းကိုကတော့ လူသတ်မှု..!
ကျုပ် ဘာကြောင့်များ ဒီလိုတော်နေပါလိမ့်..?!?
ဒီလိုနဲ့ ဂျွန်းကိုတို့မိသားစုဆီက ငွေညှစ်လိုက်တာ ကျုပ် ယန်း ၆၃ သန်းရလိုက်တယ်။
တော်တော်လည်း ချမ်းသာတဲ့သူတွေဗျာ...။
သူတို့ထောင်ကျမှာတော့ အကြောက်သား...။
ဒါကြောင့် ကျုပ် ဂျွန်းကို ကို လက်မလွှတ်နိုင်ခဲ့တာ....။
****************************************
🌟အပိုင်း -၈
မာဆုနာဂါသည် ထုံးစံအတိုင်း ငွေများရပြီးသောအခါ ဂျွန်းကိုတို့ မိသားစုတစ်ခုလုံးအား သူ့အိမ်၌ ဖမ်းဆီးထောင်ချထားလိုက်လေသည်။ ယခုအခါ မာဆုနာဂါ၏အိမ်တွင် အကျဉ်းသား ၈ ယောက် ရှိပြီဖြစ်သည်။
၁။ အိမ်ပွဲစားကြီး၏ သမီး
၂။ ဂျွန်းကို
၃။ ဂျွန်းကို၏ဖခင်
၎။ ဂျွန်းကို၏မိခင်
၅။ ဂျွန်းကို၏ညီမ လေးကို
၆။ လေးကို၏ယောက်ျား
၇။ လေးကို၏သမီး အားယာ (၁၀ နှစ်)
၈။ လေးကို၏သား ယူကီ (၅ နှစ်)
****************************************
မာဆုနာဂါသည် သူ့အိမ်မှ အကျဉ်းသားတို့အား သည်လိုပြောသည်။
" မင်းတို့ ငါ့အိမ်မှာနေ၊ ငါကျွေးတာစား၊ ငါ့အမိန့်ကို နာခံရမယ်..။
ငါချမှတ်ထားတဲ့ ဥပဒေကို လိုက်နာ၊မနာ တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်ရမယ်။
ဒီလို တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီး မကောင်းကြောင်းကို ငါ့ဆီလာတိုင်ရင် တိုင်တဲ့သူကို ဆုအဖြစ် ထမင်းပိုကျွေးမယ်။ အတိုင်ခံရတဲ့သူက လျှပ်စစ်ခုံပေါ် တက်ရမယ်"
****************************************
မာဆုနာဂါ ချမှတ်ထားသော ဥပဒေက မည်သည့်အရာများဖြစ်သနည်း..?
၁- အိမ်သာ တစ်နေ့လျှင် တစ်ခါသာသွားခွင့်ရှိပြီး ယောက်ျားတစ်ယောက် အိမ်သာတက်လျှင် မိန်းမတယောက်က အရှေ့တည့်တည့်မှ ထိုင်၍ အနီးကပ်ကြည့်နေရမည်။
၂- ထမင်း တစ်နပ်သာစားရမည်ဖြစ်၍ ၇ မိနစ်အချိန်ပေးမည်။ ခြေဖျားထောက်၍ စားရမည်။ တစ်ခါတစ်ရံ လက်ကိုအသုံးမပြုပဲစားရမည်။ အခြားတစ်ယောက်က နာရီကြည့်၍ စောင့်ရမည်။
၃- နေ့လည်ပိုင်း ၃ နာရီဆီ တစ်ယောက်တစ်လှည့် အိပ်ရမည်။ ကျန်သည့် အချိန် အိပ်ငိုက်လျှင် သူ့ကို အကြောင်းကြားရမည်။
၎- မိမိအခန်းမဟုတ်ပဲ အခြားအခန်းတခု အရှေ့မှဖြတ်၍ အိမ်သာသွားလျှင် လေးဘက်ထောက်ပြီးသွားရမည်။
၅- ဆောင်းရာသီတွင် သတင်းစာခင်း၍ အိပ်ရမည်။
၆- တစ်ယောက်နှင့်တစ်ယောက် စကားပြောခွင့်မရှိ..။
၇- အိမ်တွင်းမှ ပစ္စည်းများကို အမိန့်မရပဲ ကိုင်တွယ်ခွင့်မရှိ..။
၈- အမိန့်မရပဲ ရေချိုးခွင့်မရှိ..။
စသည်ဖြင့်...။
****************************************
ဂျွန်းကိုတို့မိသားစု အချင်းချင်း ရန်ဖြစ်၊ မုန်းတီး၊ အပြိုင်အဆိုင်အပြစ်ရှာနှင့် စိတ်ဖောက်ပြန်ကုန်ကြလေသည်။
သူတို့သည် ထမင်းတစ်လုတ်စားရဖို့၊ တစ်နေ့ ၃ နာရီအိပ်ရဖို့ မာဆုနာဂါအား မျက်နှာရအောင် ကပ်ဖားရမည်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ရိုက်နှက်ကြလေသည်။
တစ်ယောက်အပြစ် တစ်ယောက်တိုင်ကြားကြလေသည်။
****************************************
🌟နိဂုံး
*ဂျွန်းကိုဖခင်(Takashige Ogata) ၏ နိဂုံး*
"ခင်ဗျား ကျုပ်ကို ပေးစရာငွေမရှိတော့ရင် ငွေတိုးနဲ့ ပိုက်ဆံချေးဗျာ"
"ငွေတိုးနဲ့ချေးတာလည်း ထပ်မရတော့ပါဘူး"
**************************************
၁၉၉၇ ခုနှစ် ၁၂ လပိုင်း ၂၁ ရက်နေ့
"ဂျွန်းကို ... မင်းအဖေက စကားနားမထောင်ဘူးကွာ ... မကောင်းဆိုးဝါးတွေ ကပ်နေသလား..? မင်းအဖေအတွက် လျှပ်စစ်ထိုင်ခုံမှာတင်ပြီး မကောင်းဆိုးဝါးတွေ မောင်းထုတ်ပစ်ရမယ် မထင်ဘူးလား.."
ဖခင်ကြီး(အသက် ၆၁ နှစ်) သည် လျှပ်စစ်ထိုင်ခုံတွင် အသက်ပျောက်သွားခဲ့သည်။
မာဆုနာဂါ - " ဪ ... မိုက်လိုက်တဲ့သမီး .. ကိုယ့်အဖေကို သတ်ပစ်လိုက်တာကိုး.."
မာဆုနာဂါ - "ဂျွန်းကို ... မင်းသတ်တာ နှစ်ယောက်ရှိပြီနော်။ ငါတောင် ကြောက်လာပြီ.."
****************************************
*ဂျွန်းကိုမိခင် (Shizumi Ogata) ၏ နိဂုံး*
ယောက်ျားဖြစ်သူ လျှပ်စစ်ထိုင်ခုံ၌ သေဆုံးသွားသည်ကို မျက်မြင်တွ့လိုက်ရသော မိခင်ကြီးသည် အလွန်အမင်း ကြောက်ရွံ့ပြီး စိတ်ဖောက်သွားတော့သည်။
မိခင်ကြီးသည် အချိန်တိုင်း အော်ဟစ်နေသည်။
မာဆုနာဂါ - "နားငြီးတယ်ကွာ!?!"
မာဆုနာဂါ - " ဂျွန်းကို၊ လေးကို၊ ခါဇုရ (လေးကိုယောက်ျား) ... ၃ ယောက် ငါ့အရှေ့လာစမ်း..! အော်ဟစ်နေတဲ့ ဒီကောင်မကြီးဟာ လူကောင်းလား လူဆိုးလား"
"လူဆိုးပါခင်ဗျာ.."
မာဆုနာဂါ - "လူဆိုးကို ဆုံးမတဲ့သူကိုပဲ ဒီနေ့ ထမင်းကျွေးမယ်ကွာ။ ပြီးရင် ဆုချမယ်ကွာ"
" ကျွန်မ ... ကျွန်တော်!"
**************************************
၁၉၉၈ ခုနှစ် ၁ လပိုင်း ၂၀ ရက်နေ့
ဂျွန်းကိုက မိခင်ကြီးမအော်စေရန် မှောက်ရက်အိပ်စေ၍ သူမကိုယ်နှင့်ဖိထားစဉ် လေးကို၏ယောက်ျား ခါဇုရက ရုတ်တရက် လည်ပင်းလိမ်ချိုးလိုက်သည်။
ဂျွန်းကို၏မိခင်ကြီး ( အသက် ၅၈ နှစ်) သေဆုံးသွားလေသည်။
လေးကိုကမူ ပြူးကျယ်သောမျက်လုံးများနှင့် ကြည့်နေလေသည်။
မာဆုနာဂါ - "တော်လိုက်တဲ့ ... ခါဇုရ၊ ဒါပမယ့် … မင်း လူသတ်တရားခံဖြစ်သွားတာ မမေ့နဲ့ဦး။ ဂျွန်းကိုကတော့ ၃ ယောက်မြောက် သတ်တာပဲဟေ့ ..."
"လေးကို ... မင်းကတော့ လျှပ်စစ်ကုလားထိုင်.."
ထို့နောက် ကျန်မိသားစုအားလုံးကို မာဆုနာဂါသည် အလွန် မွှေးကြိုင်၍ အရသာရှိသော စားသောက်ဖွယ်ရာများ တည်ခင်း၍ ကျွေးပြန်သည်။
အကျဉ်းသားအားလုံးက သူ့အား ကန်တော့လိုက်ကြသည်။
"ကျေးဇူးရှင်ကြီး... ကျေးဇူးရှင်ကြီး.."
****************************************
*ဂျွန်းကိုညီမ လေးကို(Reiko Ogata)၏ နိဂုံး*
လေးကို လျှပ်စစ်ရှော့ရိုက်ခံရဖန်များ၍ နားမကြားတော့...။
မာဆုနာဂါ - "နားလေးတော့ ဘာမှအသုံးမဝင်ဘူးကွာ။ အလုပ်ခိုင်းတာ မကြားချင်ယောင်ဆောင်နေသလိုပဲ။ ဒီကောင်မကို အပြစ်ပေးမယ့်သူ မရှိတော့ဘူးလား?!
မာဆုနာဂါ - "အားယာ (လေးကို၏သမီး)ဒီကိုလာစမ်း..။ မင်းအားရှိသလောက် လည်ပင်းညှစ်ရင် လူတွေက ကောင်းကင်ဘုံ ရောက်သွားရောကွ။ မင်းအမေလေးကို နေ့တိုင်း ဓာတ်လိုက်၊ နားမကြား မင်း မသနားဘူးလား"
****************************************
၁၉၉၈ ခုနှစ် ၂ လပိုင်း ၁၀ ရက်နေ့
အားပြတ်လဲကျနေသော သူမမိခင် လေးကိုအား (အသက် ၃၃ နှစ်) ကို ဂျွန်းကို၏ အကူအညီဖြင့် သူမ၏သမီးလေး အားယာကိုယ်တိုင် လည်ပင်းညှစ်သတ်ပစ်လိုက်သည်။
****************************************
*ဂျွန်းကိုညီမ လေးကို၏ယောက်ျား ခါဇုရ(Kazuya Ogata)၏ နိဂုံး*
မာဆုနာဂါသည် လေးကို၏ယောက်ျား ခါဇုရ (အသက် ၃၈ နှစ်) အား အစာငတ်သေဆုံးသည်အထိ ရေချိုးခန်းထဲ သော့ပိတ်ထားလိုက်သည်။
မာဆုနာဂါ - " ဒီကောင် စိတ်မနှံ့ဘူးထင်တယ်။ ထမင်းလည်းမစားဘူး .. သေသွားပြီဗျာ... ကျုပ်သတ်တာ မဟုတ်ဘူးနော်။ သူ့ဟာသူ သေသွားတာ..."
****************************************
*ဂျွန်းကိုညီမ လေးကို၏ ၅ နှစ်အရွယ်သားလေး (Yuki Ogata) ၏ နိဂုံး*
မာဆုနာဂါ- “ မင်းမောင်လေး မင်းအမေကိုလွမ်းနေတာ။ ကောင်ကင်ဘုံ ပို့ပေးရင်ကောင်းမလား? ဒါဟာ အစ်မတစ်ယောက် တာဝန်ပဲ..."
****************************************
၁၉၉၈ ခုနှစ် ၅ လပိုင်း ၁ရ ရက်နေ့
အားယာက ၅ နှစ်အရွယ်သာရှိသေးသည့် သူမမောင်လေး ယူကီအား လည်ပင်းညှစ်သတ်ပစ်လိုက်သည်။
****************************************
*ဂျွန်းကိုညီမ လေးကို၏ ၁၀ နှစ်အရွယ်သမီးလေး (Aya Ogata)၏နိဂုံး*
မာဆုနာဂါ - " ဂျွန်းကို ... မင်းတူမ ၁၀ နှစ်နော် အကုန်ပြောတတ်နေပြီ။ ဒီကောင်မလေးရှိတာ အန္တရယ်များတယ်။ မင်းအတွက်ပြောနေတာ။ဒါတောင် မင်း မစဉ်းစားတတ်ရင် ဒီကလေးမရှိနေသရွေ့ မင်း နေ့တိုင်း လျှပ်စစ်ခုံမှာ ထိုင်မှဖြစ်တော့မယ်.."
****************************************
၁၉၉၈ ခုနှစ် ၆ လပိုင်း ရ ရက်နေ့
ဂျွန်းကိုသည် သူမ၏ ၁၀ နှစ်အရွယ်တူမလေး အားယာအား လည်ပင်းညှစ်သတ်လိုက်သည်။
****************************************
အားလုံး သေသွားပြီဖြစ်သည်။
လူသေကောင်တို့အား ရေပူဖြင့် ပြုတ်၍ ခုတ်ထစ်ပြီး ပင်လယ်ထဲသို့ လွှင့်ပစ်ကြသည်။
နောက်ဆုံးတော့ အိမ်ပွဲစားကြီးသမီးနှင့် ဂျွန်းကိုတို့နှစ်ယောက်သာ လူယုတ်မာ မာဆုနာဂါထံ ကျန်ခဲ့သည်။
မာဆုနာဂါသည် အိမ်ပွဲစားကြီးသမီးအား ကလေးထိန်းရန်အတွက် မသတ်သေး...။
ထိုအတောအတွင်း မိန်းမတစ်ယောက်အား ကာမရောင်းစားသည် အလုပ်လုပ်ခိုင်း၍ သူမ၏ အမွှာပူးကလေးနှစ်ယောက်အား ဖမ်းချုပ် ကိုင်တွယ်ထားသည်။
ထိုကလေးတို့အတွက်လည်း အစိုးရမှ လစဉ်ထောက်ပံ့ကြေးရသည်။
ပွဲစားကြီး၏သမီးသည် ယခုအခါ အသက် ၁၇ နှစ်အရွယ်ရောက်ပြီဖြစ်ပြီး ဂျွန်းကို ကလေး ၂ ယောက်နှင့် အမွှာပူးကလေး ၂ ယောက် စုစုပေါင်း ၄ ယောက် အားစောင့်ရှောက်ရသည်။
ဂျွန်းကို ကိုလည်း မသတ်သေး...။
သူတို့နှစ်ယောက်လည်း မိမိသေရမည့်နေ့ကို စောင့်စားနေကြရုံသာ....။
****************************************
သည်လိုနှင့် ၂၀၀၂ ခုနှစ်ရောက်လာသည်။
၂၀၀၂ ခုနှစ် ၁ လပိုင်း ၃၀ ရက်
အိမ်ပွဲစားကြီးသမီးသည် ထွက်ပြေးလွတ်မြောက်သွားလေတော့သည်။
သူမသည် အဘွားအိမ်၌ ပုန်းအောင်းနေစဉ် ကံဆိုးချင်တော့ သူမကြီးဒေါ်က မာဆုနာဂါ၏ တိတ်တိတ်ပုန်းရည်းစားဖြစ်နေ၍ သတင်းပေးခဲ့သည်။
****************************************
၂၀၀၂ ခုနှစ် ၂ လပိုင်း ၁၅ ရက်
မာဆုနာဂါသည် အိမ်ပွဲစားကြီးသမီးကို ပြန်လည်ဖမ်းဆီး၍ နေ့တိုင်း လျှပ်စစ်ရှော့ခ်ရိုက်လေသည်။
ပလာယာဖြင့် တစ်ကိုယ်လုံးရှိ အသားစတို့ကို ညှပ်ထုတ်သည်။
****************************************
၂၀၀၂ ခုနှစ် ၃ လပိုင်း ၆ ရက်
အိမ်ပွဲစားကြီးသမီးသည် မာဆုနာဂါဖုန်းကိုခိုးဆက်၍ သူမလိပ်စာအား အဘွားထံ ပြောပြနိုင်ခဲ့သည်။
ရဲထောက်လှမ်းရေးတို့က မာဆုနာဂါနှင့် ဂျွန်းကိုတို့အား အိမ်ပွဲစားကြီးသမီးအား ဖမ်းဆီးနှိပ်စက်မှုဖြင့် ဖမ်းဆီးလိုက်သည်။
****************************************
ဂျွန်းကိုသည် ထောင်ထဲရောက်သွားသောအခါ သူမဘဝ လွတ်မြောက်သွားသည်ဟု ခံစားခဲ့ရသည်။
ထမင်း ၃ နပ်စားရ၍ ကျမ်းမာရေးလည်းကောင်းမွန်လာသည်။
ထို့ကြောင့် ဖြစ်သမျှဇာတ်စုံကို တစ်လုံးမကျန် ပြောပြခဲ့သည်။
သို့သော် မာဆုနာဂါလက်ဖြင့် သတ်ခဲ့သူ တစ်ယောက်မှမရှိ။ လွန်ခဲ့သော ၄ နှစ်ခန့်ကဖြစ်၍ သက်သေအထောက်အထား တစ်ခုမှမရှိ။
မာဆုနာဂါနှိပ်စက်ခဲ့သော အလုပ်သမားများ၊ ဖောက်ပြန်ခဲ့သော မိန်းမများကလည်း သက်သေအဖြစ် မကူညီရဲကြ။
မာဆုနာဂါက အေးအေးဆေးဆေးပင် တရားသူကြီးမေးသမျှ အရွှန်းဖောက်၍ဖြေသည်။
"ကျွန်တော်...? ဒီလူတွေကို လက်ဖျားနဲ့တောင်မတို့မိပါဘူးဗျား...တရားသူကြီး စိတ်ကောင်းကောင်းထားပြီး ပြန်စဉ်းစားပါ.."
****************************************
နောက်ဆုံးတွင် ဂျွန်းကိုနှင့် အိမ်ပွဲစားကြီးသမီးတို့အား သပ်သပ်စီစစ်ဆေး၍ တူညီသော အမှန်တရားထွက်ဆိုချက်များကို သက်သေယူကာ တရားစွဲခဲ့ရသည်။
သက်သေအထောက်အထားမှာ အလောင်းခုတ်ခဲ့သော ပုဆိန်၊ ဓါး နှင့် လျှပ်စစ်ဓာတ်ခုံတို့ဖြစ်ကြသည်၊
လူပေါင်းများစွာသေခဲ့သော်လည်း သက်သေအထောက်အထား အလွန်အားနည်းသော ထိုအမှု....။
****************************************
မာဆုနာဂါသည် အလွန်ဉာဏ်ကောင်းသော လူသတ်သမားတစ်ယောက်လား...?
မဟုတ်ပါ ... သာမန်အောက်တန်းစား ကလိမ်ကကျစ် လူယုတ်မာတစ်ဦးသာဖြစ်သည်။
အပြောကောင်းသည်ဆိုသောအချက်သည်သူ၏ မထမအရည်အချင်းဖြစ်သည်။
သို့သော် မာဆုနာဂါ သည် တပါးသူစိတ်အား ထိန်းချုပ်တတ်သော ( Mind Control) ဟုခေါ်သော ဘရိန်းဝါ့ရှင်း ( brainwashing) ပြုလုပ်နည်းကို သိသည်။
မိမိအယူအဆများ၊ ဖြစ်ချင်သည်များကို အခြားသူထံရိုက်သွင်းခြင်းကို ဘရိန်းဝါ့ရှင်းပြုလုပ်ခြင်းဟုခေါ်သည်။
စည်းလုံးနေသော မိသားစု၊ သူငယ်ချင်းအုပ်စု၊ အဖွဲ့အစည်းတစ်စု၊ တိုင်းပြည်တစ်ခု ကို အချင်းချင်း ရန်တိုက်ပေး၍ ဒေါသဖြစ်စေသည်။
ထို့နောက် အားနည်းချက်ကို ရှာသည်။ အားနည်းချက်မရှိလျှင် ရှိအောင်ဖန်တီးသည်။
ထိုနောက် အားနည်းချက်ရှိသော ထိုသူတို့အား မိမိစိတ်တိုင်းကျ အောက်ဖော်ပြပါ နည်းအတိုင်းချယ်လှယ်ခြင်းဖြစ်သည်။
ထိုနည်းကို BITE Model နည်းလမ်းဟုခေါ်သည်၊
****************************************
BITE Model ဆိုသည်မှာ အဘယ်နည်း..?
အထက်တွင်ဖော်ပြခဲ့သော မာဆုနာဂါချမှတ်ထားသော ဥပဒေများသည် အကောင်းဆုံးဥပမာများဖြစ်သည်။
I. Behavior Control (အပြူအမူတို့အား ထိန်းချုပ်ခြင်း)
မာဆုနာဂါသည် လူများ သူ့အကျဉ်းသားတို့အား ၇ မိနစ်အတွင်း ထမင်းစားစေ၍ တစ်ယောက်က ဘေးတွင် အချိန်စောင့်ကြည့်နေရသည်။
ညဘက်မအိပ်ခိုင်းဘဲ နေ့လည် ၃ နာရီ မျှသာ အိပ်ခိုင်းသည်။
ဆောင်းရာသီတွင် အဝတ်ပါးပါးဝတ်ပြီး သတင်းစာခင်း၍ အိပ်စေသည်။
... စသည် အနေအစားဆင်းရဲစေသည် … ။
*************
II. Information Control (သတင်းတို့အား ထိန်းချုပ်ခြင်း)
မာဆုနာဂါသည် တစ်ယောက်နှင့်တစ်ယောက် ရန်တိုက်ပေး၍ သတင်းများ စောင့်ကြည့်စေသည်။
အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထားသည်။
အခြား ပြည်ပနိုင်ငံများကို အဆက်အသွယ်ဖြတ်/ မုန်းအောင်ပြုထားခြင်း (ဥပမာ- မြောက်ကိုရီးယားအစိုးရ)
ပညာမတတ်အောင်ပြုလုပ်ခြင်းဖြင့် ဗဟုသုတ နည်းပါးစေသည်။
... စသည်။
*************
III. Thought Control (စိတ်ကူးတို့အား ထိန်းချုပ်ခြင်း)
မဟုတ်သည်တို့ကို ဟုတ်သည်ဟုထင်လာအောင် ရိုက်သွင်းခြင်း၊ မာဆုနာဂါသည် သူ့အား ကယ်တင်ရှင်ဟု ထင်စေသည်။
အိမ်ပွဲစားကြီးသမီးနှင့် ဂျွန်းကိုတို့အား လူသတ်သမားဟု မိမိကိုယ်ကို မိမိထင်စေသည်။
အပြစ်လုပ်လျှင် လျှပ်စစ်ခုံပေါ်ထိုင်ရမည်မှာ မထူးဆန်းဟု ထင်စေသည်။
*************
IV. Emotional Control (စိတ်ခံစားမှုကို ထိန်းချုပ်ခြင်း)
မိမိသည် တန်ဖိုးမရှိ
မိမိ၏အတိတ်သည် အပြစ်ရှိသည်။
မိမိတွင် သူငယ်ချင်းမရှိ၊ မိသားစုမရှိ မာဆုနာဂါသာရှိသည်ဟု တွေးစေသည်။
ထိုကဲ့သို့ ဘရိန်းဝါ့ရှင်း အလွယ်တကူ ပြုလုပ်ခံရသောသူများသည် အားနာတတ်သူ၊ ဦးနှောက်မပြည့်သူ၊ မစဉ်းစားတတ်သူ၊ ပညာမဲ့သူ၊ အရှက်အကြောက်ကြီးသူ စသည်ဖြင့် အားနည်းသူများဖြစ်ကြသည်။
**************************************
ထိုနည်းလမ်းများကို အသုံးပြု၍ လူတကာတို့ မပြုလုပ်သင့်သောအရာများကို ပြုလုပ်စေသည်။
ထိုနည်းကို မူမမှန်သော ဘာသာရေးဆွယ်ခြင်း၊ မတရားသဖြင့်အုပ်ချုပ်လို၍ နိုင်ငံရေးဆွယ်ခြင်း၊ အခြားသူထံ ပစ္စည်းလိမ်လည်၍ ပစ္စည်းရောင်းချလို၍ စီးပွားရေးဆွယ်ခြင်း…တို့တွင် အသုံးပြုကြသည်။
မာဆုနာဂါသည် ထိုနည်းကို ယုတ်မာမှုဖြင့် ပေါင်းစပ်အသုံးပြု၍ ငွေရအောင်လုပ်သည်။ လူများအား သူ၏ စက်ရုပ်များဖြစ်အောင် ဖန်တီး၍ အချင်းချင်း သတ်ခိုင်းလိုက်သည်။
***************************************
၂၀၀၅ ခုနှစ် ၉ လပိုင်း ၂၈ ရက်
မာဆုနာဂါနှင့် ဂျွန်းကိုအား ကြိုးကွင်းဖြင့်သတ်စေဟု၍ သတ်မိန့်ကျခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအား တောင်ကိုရီးယားပြည်သူများ ချီးကျူးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင်တော့ အထက်ပါ မာဆုနာဂါအမှုကဲ့သို့ သက်သေအထောက်အထား တစ်ခုမှမရှိသောအမှု လူဘယ်နှစ်ယောက်ပဲသတ်သတ် ကွင်းလုံးကျွတ်ပါသည်။
သို့သော် မာဆုနာဂါသည် သူ လူတစ်ယောက်မှမသတ်ခဲ့ပါဟု အယူခံထပ်ဝင်သည်။
ဂျွန်းကိုကတော့ အယူခံမဝင်။ ဒါဟာ သူမအတွက် ထိုက်တန်သောအပြစ်ဆိုလျှင် ခံယူပါမည်။ အပြစ်ဝန်ခံရာတွင်လည်း တည်ငြိမ်၍ အမှန်တရားကို ပြောသည်။ သို့သော် ရှေ့နေက သနားလွန်း၍ အယူခံတင်ပေးသည်။
အိမ်ပွဲစားကြီး သမီးဖြစ်သူကတော့ အလောင်းဖျောက်ဖျက်မှုတွင် ပါဝင်ခဲ့သော်လည်း အဓမ္မခိုင်းစေမှုကြောင့်ဖြစ်၍ ကြီးလေးသောအပြစ်ဒဏ် မကျခဲ့ပါ။
***************************************
*မာဆွတ်နာဂ(FutoshiMatsunaga)၏ နိဂုံး *
၂၀၀၇ ခုနှစ် ၉ လပိုင်း ၂၆ ရက်
အမြင့်ဆုံး (Fukuoka High Court) တရားရုံး မှ နောက်ဆုံးအနေနှင့် မာဆွတ်နာဂအား ကြိုးကွင်းဖြင့် သတ်မိန့်ကျခဲ့သည်။
****************************************
*ဂျွန်းကို (Junko Ogata)၏နိဂုံး*
ဂျွန်းကိုသည် မည်သို့ပင်ဖြစ်စေ လူသတ်ခဲ့သည်မှာ သေချာ၍ မသေမချင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်။
သူမ ပျော်သည့်ဖြစ်ခြင်း.,,။
အသက်ရှင်ခွင့်ရပြီ.,,။
သူမ သည်လိုပြောသည်။
ထောင်ထဲမှာ စာဖတ်ခွင့်လည်းရတယ်။
ကိုယ်ကြိုက်တဲ့အချိန် အိမ်သာတက်ခွင့်လည်း ရှိတယ်။
ညအိပ်ခွင့်လည်းရှိတယ်။
ထမင်းလည်း ၃ နပ်စားရတယ်။
**************************************
တရားသူကြီးက ကျွန်မကို အမိန့်ချတယ်...။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း" … တဲ့... ။
အဲဒီနေ့ဟာ ကျွန်မဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ပါပဲ...။
( ဂျွန်းကို)
**************************************
လွန်ခဲ့သော ၁၀ နှစ်ခန့်က ဂျပန်ပြည်မှ အရက်စက်ဆုံး အယုတ်မာဆုံး မာဆုနာဂါ၏ အမှုဖြစ်ပါသည်။
သင့်အား ဘရိန်းဝါ့ရှင်းလုပ်နေသူများ သင့်ပတ်ဝန်းကျင်တွင် ရှိနေပါသလား..?
တစ်ခါ ထပ်တွေးကြည့်ပါ။
မာဆုနာဂါလက်သစ်များ ဤလောကကြီးတွင် ဆက်ရှိနေဦးမည်..။ ဘရိန်းဝါ့ရှင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို မာဆုနာဂါက သက်သေပြထားသည်။
ကျွန်မတို့မြန်မာပြည်မှ မောင်နှမများအား မာဆုနာဂါ နိုင်ငံရေးဂိုဏ်းများ ၊ မာဆုနာဂါဘာသာရေးဂိုဏ်းများ၊ မာဆုနာဂါ စီးပွားရေးဂိုဏ်းများကို သတိထားရှောင်ကြဉ်နိုင်ရန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
မရွှေမိုး (ကိုရီးယား)
January 23rd,2018.
References
키타큐슈일가족감금살인사건-공범 오카다 준코..'마츠나가를 꼭 죽여주세요..'ㅣ기묘한이야기ㅣ도쿄K짱ㅣTokyoKㅣ
Futoshi Matsunaga - Wikipedia
The Mind Control Murders of Kitakyushu -- a little known, horrific serial murder case from 2002
u/apis_ceranaNov 23, 2016, 3:06 PM




No comments:

Post a Comment