**************************************
တရားသူကြီးက ကျွန်မကို အမိန့်ချတယ်...။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း" ... တဲ့... ။
အဲဒီနေ့ဟာ ကျွန်မဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ပါပဲ...။
( ဂျွန်းကို)
**************************************
🌟အပိုင်း-၅
အိမ်ပွဲစားကိုတော့ ဟိုကောင်မနှစ်ယောက်က သတ်လိုက်ပြီဗျား...။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးနော်..။
ပိုက်ဆံရှာရဦးမယ်..။ ကျုပ်သဋ္ဌေးလေ..။ ဒါပေမယ့် ပိုက်ဆံဆိုတာ များလေကောင်းလေ..။
နောက်တစ်ယောက်ရှာဦးမှ...။
ပိုက်ဆံရှာရမယ်လေ... ။
ဟား... တွေ့ပြန်ပြီ ... သေသွားတဲ့ အိမ်ပွဲစားကြီးရဲ့ မိတ်ဆွေမတစ်ယောက်..။ ဒီကောင်မက ပညာတတ်ဗျ... ။
ဘယ်ရမလဲ … ကျုပ်က ကျိုတိုတက္ကသိုလ် (Kyoto University) က ဘွဲ့ရ ထားတာလို့ လိမ်လိုက်တယ်။
ဒီကောင်မမှာ ၃ နှစ်အရွယ် သမီးတစ်ယောက်နဲ့ဗျ...။
ကျုပ်က ချစ်တယ်ပြောတာနဲ့ ယောက်ျားနဲ့ကွဲပြီး ကျုပ်နောက် လိုက်လာတယ်ဗျာ...။
လွယ်လိုက်တဲ့ မိန်းမတွေ..။
ပညာတတ်ဆိုတဲ့ မိန်းမတွေက ပိုလွယ်တယ်ဗျ..။ ပညာတတ်ဆိုပြီး သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတာ... ။အခြားဘက်မှာ အတွေ့အကြုံတွေနည်းတယ်လေ..။
အဲဒီကောင်မကို အိမ်ပေါ် ခေါ်တင်လာလိုက်တယ်...။ ထုံစံအတိုင်း မိန်းမ ၂ ယောက်ပေါ့ဗျာ....။ ဂျွန်းကိုနဲ့ အဲဒီ ပညာတတ်ဆိုတဲ့မိန်းမ အတူတူ ပေါင်းနေလိုက်တာပေါ့...။
အဲဒီကောင်မဆီက ရှိသမျှငွေတွေကုန်အောင် ယူပစ်လိုက်တယ်။ ဂျပန် ယန်း ၅.၆ သန်းလောက်ရလိုက်တယ်။
**************************************
ပိုက်ဆံရပြီးပြီဆိုတော့လည်း ဒီပညာတတ်ဆိုတဲ့ကောင်မကြီးကို မလိုတော့ပါဘူးကွယ်...။
ကိုယ့်ယောက်ျားကိုယ်ပစ်၊သစ္စာဖောက်ပြီးထွက်လာတဲ့မိန်းမ ဘာစဉ်းစားတတ်မှာလဲဗျာ..။
ကျွေးထားရတာ ငွေကုန်တယ်..။
"ဂျွန်းကို... ဒီကောင်မကြီးက မင်းရဲ့ မယားပြိုင်ဆိုတော့ မင်း မုန်းပေမပေါ့... ။ ကျဉ်စက်နဲ့ မတို့ချင်ဘူးလား..."
"ဟုတ်ကဲ့ ..ကျွန်မ မုန်းမိပါတယ်.."
"သူ့ ၃ နှစ်အရွယ်သမီးလေးကို ကျဉ်စက်နဲ့တို့ရင် သူ့အမေ ပိုခံစားရမယ်လို မင်းမထင်မိဘူးလား … ဂျွန်းကို?"
" ဟုတ်ကဲ့.. အမေတွေဟာ သားသမီးကိုထိရင် ပိုနာကျင်တယ်..လို့ ကျွန်မ တွေးနေတာ.."
ဂျွန်းကိုက ၃ နှစ်အရွယ်လူမမယ် သမီးလေးကို အမေအရှေ့မှာ လျှပ်စစ်ကျဉ်စက်နှင့် တို့လိုက်တယ်ဗျ..။
ကျုပ်က ဂျွန်းကိုကို စိတ်ထဲမှာရှိနေမယ်ထင်တဲ့ မေးခွန်းတွေပဲမေးတာဗျ...။
နှိပ်စက်တာက ဂျွန်းကိုလေ...။
ကျုပ်မှာ ဘာအပြစ်ရှိလို့လဲ.....?!?
**************************************
၁၉၉၇ ခုနှစ် ၃ လပိုင်း ၁၆ ရက်
အဲဒီမိန်းမ ရူးသွားတယ်ဗျ...။ သူမကိုထားတဲ့ နှစ်ထပ်အိမ်ပေါ်က ခုန်ချပြီး ထွက်ပြေးသွားတော့တယ်...။
သွားပါစေ အရူးမ..။
မသိချင်ယောင် ဆောင်နေလိုက်တယ်..။
၃ နှစ်ပဲရှိသေးတဲ့ ကလေးက ဘာပြောတတ်မှာလဲ..? လွှတ်ပေးလိုက်တာ ကောင်းတယ်ဗျ...။
အဲဒီကောင်မသမီးကို သူ့အဖေအိမ်ရှေ့မှာ သွားပစ်ထားပေးလိုက်တယ်။
**************************************
ပိုက်ဆံဝင်ပေါက်တစ်ခုက ပြီးသွားပြန်ပြီ...။
ဒီတစ်ခါ ဘယ်သူ့ကိုရှာရင်ကောင်းမလဲ...?
တစ်ယောက်မှ ကောင်းကောင်းမတွေ့...။
"ဂျွန်းကို ... အိမ်ပွဲစားသမီးက ကလေးထိန်း၊ ထမင်းချက်လုပ်နေတာ … မင်း အားနေသားပဲ။ အပြင်မှာ အလုပ်ထွက်လုပ်...!"
"ဘာလုပ်လုပ်ရမလဲရှင့်..."
" မင်း ခန္ဓာကိုယ်ရောင်းစားတဲ့အလုပ် လုပ်ပါလားကွ။ ယောက်ျားတကာနဲ့ အိပ်ရတာပေါ့ ... ပျော်စရာကြီး..."
"ရှင်..?!"
"မလုပ်ချင်လို့လား..?"
"ဒီလိုလည်း မဟုတ်ရပါဘူး..."
"လုပ်ချင်တယ်ပေါ့ ...ကောင်မ ... လာစမ်း !? ခွေးလောက်တောင် တန်ဖိုးမရှိတဲ့ အပျက်မ...!? ဒီလျှပ်စစ်ခုံမှာ ခဏထိုင်။ မင်း စဉ်းစားတတ်သွားအောင် လုပ်ပေးမယ်..."
ဂျွန်းကိုက မစဉ်းစားတတ်ဘူးဗျ။ ဦးနှောက်ရှော့ခ်ရိုက်မှဖြစ်မယ်...။
**************************************
ဂျွန်းကို ကို ကာမရောင်းစားတဲ့အလုပ် လုပ်ခိုင်းလိုက်တယ်။ ဝင်ငွေကတော့ မဆိုးပါဘူး..။
ဒါပေမယ့် ရက်အနည်းငယ်ပဲကြာတယ်။
ဂျွန်းကိုဟာ ကျုပ်တို့မြို့က ပျောက်ချင်းမလှ ပျောက်သွားတော့တယ်..။
ဒီကောင်မ ထွက်ပြေးပြီ...။
ကျုပ်လေ...ဒီကောင်မထွက်ပြေးတိုင်း အတော်ခံစားရတယ်။ ဒီကောင်မရမယ့်အမွေတွေကလည်း နည်းတာမဟုတ်။ နောက်တစ်ခုက ဒီကောင်မ အတိတ်မှာ ရည်းစားထားခဲ့တာကို ဘယ်လိုမှမကျေနပ်ဘူး။ တစ်သက်လုံး ဘေးမှာထားနှိပ်စက်ရမှ ကျုပ် ကျေနပ်နိုင်မယ်..။
အခုတော့ ဘယ်လိုရှာရှာ မရတော့ဘူး။ ကျုပ် ဘာဆက်လုပ်ရမလဲ..!?
****************************************
🌟အပိုင်း-၆
ရက်စက်လိုက်တာ...။
မာဆုနာဂါဟာ ကျွန်မကို မိန်းမပျက်လုပ်ခိုင်းတယ်..။
ကျွန်မ ထွက်ပြေးချင်ပေမယ့် သားလေး ၂ ယောက်ကို မခွဲနိုင်လို့ အိမ်ပြန်လာတယ်။
လူသတ်မှုနဲ့ ကျွန်မကို ထောင်ထဲထည့်လိုက်မှာလဲ ကြောက်တယ်လေ..။
ကျွန်မ ပင်ပင်ပန်းပန်းနဲ့ပြန်လာတိုင်း ဘယ်ယောက်ျားနဲ့ ဘယ်လိုအိပ်တာ ဘာခံစားရလဲမေးပြီး ရိုက်နှက်တယ်..။
တော်ပါပြီ...သူနဲ့ရထားတဲ့သားတွေကိုလည်း စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ..။ ဒီလိုအနှိပ်အစက်ခံဘ၀နဲ့ မနေချင်တော့ပါဘူး။
ကျွန်မ သူတို့နဲ့ဝေးရာ အဝေးဆုံးကို ပြေးသွားပါပြီ...။
ညီမလေး လေးကိုနဲ့ ဆက်သွယ်ပြီး မာဆွတ်နာဂရဲ့အခြေအနေကို စောင့်ကြည့်ခိုင်းထားတယ်...။
သမ္မာအာဇီဝအလုပ်တစ်ခု ဝင်လုပ်ပြီး ဘဝအသစ်ကို စတင်ခဲ့တယ်..။
ဒါပေမယ့် ကျွန်မ ရဲကိုတော့ မတိုင်ရဲဘူး..။
ကျွန်မ ထောင်ထဲဝင်ရမှာရှက်တယ်။ သေဒါဏ်ဆိုဘယ်လိုလုပ်မလဲ..။ ကြောက်လဲကြောက်တယ်။
****************************************
တစ်နေ့...
ကျွန်မ အမျှော်လင့်ဆုံးသတင်း ရောက်လာတယ်...။
"မမ ... ဟိုအကောင်ကြီး မာဆုနာဂါ ကြိုးဆွဲချသေသွားပြီ။ စနေနေ့ အသုဘချမယ်တဲ့..."
"သေချာရဲ့လား လေးကိုရယ်.."
"သေချာတယ် မမ။ အခေါင်းပေါ်မှာ သူ့နာမည်စစ်စစ်...ညီမ သူငယ်ချင်း ဓာတ်ပုံပို့ပေးတာ.."
ပျော်မိသွားတဲ့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဘူး..။
ကျွန်မ သူ့ကို မချစ်တော့ပြီ...။
သေချာသွားပြီပဲ...။
****************************************
မာဆုနာဂါ အသုဘချတယ်..။
ကျွန်မကို မိဘတွေက အိမ်စီးပွားရေး ပြန်ဦးစီးဖို့ပြောတယ်...။
ကျွန်မတို့စီးပွားရေးကို ကျွန်မထွက်သွားပြီး ထိန်းသိမ်းမယ့်သူ မရှိတော့ဘူး။ အခုလောလောဆယ် ကျွန်မညီမ လေးကိုက ဦးစီးလုပ်တယ်..။ လေးကိုကတော့ မိဘပေးစားတဲ့ ခါဇုယ (Kazuya) ဆိုတဲ့သူနဲ့ လက်ထပ်ထားတယ်။ သူတို့ဟာ အားယာ (Aya ) ဆိုတဲ့ သမီးလေး နဲ့ ယူကီ ( Yuki ) ဆိုတဲ့ ချစ်စရာကောင်းတဲ့သားလေးရပြီး ပျော်ရွင်တဲ့မိသားစုလေး တည်ထောင်ထားတယ်..။
အဘိုးအဖွားတွေကလည်း ချစ်လိုက်တာ တုန်လို့..။
ညီမလေး 'လေးကို' မိသားစုကို အားကျမိတယ်။ ကျွန်မ သားလေး ၂ ယောက် ဘယ်ဆီကို ရောက်နေပြီလဲမသိ..။
သမီး နောင်တရပါပြီ … အဖေတို့၊ အမေတို့ရယ်...။
သမီး ပြန်လာပြီနော်...။
သမီး မမိုက်တော့ပါဘူး..။
****************************************
မရွှေမိုး (ကိုရီးယား)
January 23rd ,2018.
မကြာမီ အပိုင်း ၇-၈ ဆက်တင်ပါမည်..။
- ကမ်းကုန်အောင်ယုတ်မာ ၁-၂
- ကမ်းကုန်အောင်ယုတ်မာသူ ၃-၎
- ကမ်းကုန်အောင်ယုတ်မာသူ ၅-၆
- ကမ်းကုန်အောင်ယုတ်မာသူ ၇-၈
No comments:
Post a Comment