ဖြစ်ရပ်မှန် -(အပိုင်း-၃ / အပိုင်း-၄ )
**************************************
တရားသူကြီးက ကျွန်မကို အမိန့်ချတယ်...။
"အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း" ... တဲ့... ။
အဲဒီနေ့ဟာ ကျွန်မဘဝရဲ့ အပျော်ဆုံးနေ့တစ်နေ့ပါပဲ...။
( ဂျွန်းကို)
**************************************
🌟အပိုင်း-၃

နောက်ပြဿနာ အဆက်က ဂျွန်းကိုအမေ ရှိဇုမိ အိုဂါတ (Shizumi Ogata) ဆိုတဲ့ကောင်မကြီးပေါ့။ သူ့သမီးကို သေအောင်ရိုက်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားတယ်ဆိုတာ သိသွားတယ်။ မိန်းမလည်းရှိတဲ့ကျုပ်ကို သူ့သမီးနဲ့ သဘောမတူဘူး ဘာညာပေါ့..။
"ကျွန်တော် ဂျွန်းကိုနဲ့ပတ်သက်ပြီး အန်တီနဲ့ တိုင်ပင်ပါရစေ။ တစ်ခါလောက် တွေ့ခွင့်ပေးပါ..."
ကျုပ် သူ့အမေ ရှိဇုမိ (Shizumi) ကို ခေါ်ပြီး မုဒိမ်းကျင့်ပစ်လိုက်တယိ။ ဒီလို ပါးစပ်ပိတ်ပစ်လိုက်တာပေါ့ ဘယ်ရမလဲ..။ အဘွားကြီး မှတ်ကရော...။
ကျုပ် ပျင်းရင် အဘွားကြီးကို ခေါ်အိပ်တာပဲ။ လူချမ်းသာအသိုင်းအဝိုင်းက ဒါမျိုးအရှက်ကွဲမှာ သိပ်ကြောက်တာ...?
အဘွားကြီးက ကျုပ်ကို မငြင်းရဲ။ ကျုပ်ပြုသမျှ နုရတဲ့ဘဝပေါ့..။
"အစ်မကြီး.. ကျုပ် ဂျွန်းကို ကို လက်ထပ်မှဖြစ်တော့မယ်..ဒါမှ အစ်မကြီးကို အမြဲတွေ့ခွင့်ရမှာ.. ။ကျုပ် အစ်မကြီးကို ချစ်မိပြီဗျား..။ ရဲတိုင်ရင် ကျုပ်ကတော့ ရိုးသား ပွင့်လင်းတယ်ဗျာ.. အစ်မကြီးကို ချစ်မိလို့ ဒီလိုဖြစ်ရတယ်ဆိုပြီး ပြောပြရမှာပဲ"
"မာဆုနာဂါ... အန်တီ မင်းကို ရဲမတိုင်ပါဘူး ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ဂတိပေးပါ.."
" အင်း... လူတွေနဲ့တွေ့ရင် ယောင်ပြီးပြောမိမလားပဲ... အိမ်ထဲမှာနေမယ်ဆိုရင်လဲ ငွေကမရှိ..."
"မင်း...မင်း.... တစ်လ စားစရိတ်ဘယ်လောက်ကျလဲ...??'"
**************************************
၁၉၈၅ ခုနှစ်
ပထမမိန်းမ မကွဲရသေးဘူး။ ကျုပ် ဂျွန်းကို ကို အိမ်ပေါ်ခေါ်လာလိုက်တယ်...။
ပထမမိန်းမ စိတ်ကျရောဂါ တစ်ခါတည်းရသွားတာပဲ။ အဲဒီကောင်မကို ကျုပ်က ကွဲပေးပါလို့ မတောင်းဆိုဘူး..။ စိတ်တိုင်းကျနှိပ်စက်လိုက်ပစ်လိုက်တယ်..။ ကြောက်လန့်သွားတယ်..။နောက်ဆုံး ကလေးကိုပါယူပြီး ထွက်ပြေးသွားတာပဲ ..။
ဂျွန်းကို ကို ပထမမိန်းမနေရာ အစားထိုးထားလိုက်တယ်..။
ကျုပ် ဂျွန်းကိုဆိုတဲ့ကောင်မကို မူကြိုကျောင်းကနေ အလုပ်ထွက်ခိုင်းလိုက်တယ်...။ ကျုပ် ဒီကောင်မကို အိမ်ထဲပိတ်ပြီး အရင်ကထက် ပိုနှိပ်စက်ထားလိုက်တယ်...။ သူငယ်ချင်းတွေအားလုံးနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တယ်..။ ပြီးတော့ ကျုပ်ရဲ့လုပ်ငန်းမှာလည်း ခိုင်းထားလိုက်တယ်..။
**************************************
၁၉၉၃ ခုနှစ် ၄ လပိုင်း
ကျုပ် ပိုက်ဆံရှာနည်းလေ...
အထက်တန်းစားကောင်မတစ်ယောက် ထပ်ရှာလိုက်တယ်။ ဒီတစ်ခါဒီကောင်မက ယောက်ျားနဲ့ … ကလေး ၃ ယောက်နဲ့ဗျ...။
ဒီကောင်မဆီက ငွေလိုချင်လို့ ဂျွန်းကိုဟာ ကျုပ်ညီမလို့ညာပြောပြီး ကျုပ်ကိုကြိုက်အောင် လုပ်လိုက်တယ်။ လက်ထပ်ချင်တယ် ဘာညာပေါ့..။
ကျုပ်စကားကို ယုံတယ်လေ။ ယောက်ျားကို ကွဲလိုက်တယ်ဗျား..။ ၁ နှစ်အရွယ်သမီးကလေးကို ရင်ဝယ်ပိုက်ပြီးတော့ ကျုပ်ဆီလိုက်လာတယ်ဗျာ...။
ဂျွန်းကိုနဲ့ တစ်အိမ်ထဲထားပြီး ပေါင်းလိုက်တယ်..။ ဒီကောင်မဆီက ငွေတော်တော်များများ ရလိုက်တယ်...။ ဂျပန် ယန်း ၁၁.၈ သန်း ပေါ့ ...။
မကြာခင် အဲဒီကောင်မရဲ့ကလေး အရင်သေတယ်..။
**************************************
၁၉၉၄ ခုနှစ်
အဲဒီကောင်မ ရေထဲခုန်ချသေသွားတယ်..။
ဗျာ?!? သူတို့ ဘာလို့သေသွားတာလဲ...?
ကျုပ်ကိုလာမမေးနဲ့ ....။
မသိဘူးလေဗျာ........။
**************************************
အဲဒီနောက်...ကျုပ်ကုမ္ပဏီ အကြွေးတင်ပြီး စီးပွားပျက်တယ်..။ ကျုပ်လည်း လိမ်လည်မှုနဲ့ တရားရုံးရောက် အကျယ်ချုပ်ကျနဲ့ အတော်စိတ်ပျက်ဖို့ကောင်းတယ်။
**************************************
လောလောဆယ်တော့ လွယ်လွယ်ကူကူ ပိုက်ဆံခြူရမယ့်သူ နောက်တစ်ယောက် ထပ်ရှာလိုက်ဦးမယ်..။ တွေ့ပြီ...။ ဒီတစ်ခါတော့ ယောက်ျားဗျ...။ ခုမိအို တိုလာယာ (Kumio Toraya) ဆိုတဲ့ ကျွန်တော်နဲ့ရွယ်တူကောင်..။
ခုမိအို ဆိုတဲ့ကောင်က အိမ်ပွဲစားလေ...။ ဒီကောင် လိမ်လည်မှုတွေလုပ်ထားတာ ကျုပ်သိတယ်..။
သူ့အားနည်းချက်တွေ ရဲတိုင်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ ပြီးတော့ သူနဲ့သူ့သမီး မူလတန်းကျောင်းသူကို ကျုပ်အိမ်လာခဲ့လို့ ခေါ်လိုက်တယ်...။ အိမ်ထဲမှာ ဖမ်းချုပ်ပြီး အိမ်မှာ ပြန်ပေးဆွဲထားလိုက်တယ်...။ သူတို့မှာ ရှိသမျှငွေတွေ ကျုပ်ဆီ အလိုလိုရောက်လာတယ်..။
**************************************
🌟အပိုင်း-၎
အချစ်တဲ့လား...?
ဒီစကားလုံးကိုကြားရင် ကျွန်မ စိတ်နာတယ်..။ ကျွန်မ ငိုလည်းငိုချင်တယ်...။
သူများလင်ကို ပစ်မှားမိတဲ့ ကျွန်မဟာ ချက်ချင်း တူသောအကျိုးကို ရတော့တာပါပဲ..။
မာဆုနာဂါဟာ ကျွန်မကို ကလေးနဲ့ အိမ်ထဲမှာထားပြီး အခြားမိန်းမတွေနဲ့ ပျော်ပါးတယ်...။ သူဟာ ကျွန်မရဲ့လင်မဟုတ်၊ အရှင်သခင်တစ်ယောက်ဖြစ်လာတယ်..။
သူဟာ ကျွန်မကို လမ်းပေါ်ခွေးတစ်ကောင်လို ဆက်ဆံတယ်။ သူစိတ်မထင်ရင် မထင်သလို လျှပ်စစ်ကျဉ်စက် ထိုင်ခုံမှာထိုင်ပြီး ရှော့ခ်အရိုက်ခံရတယ်..။
အခြားမိန်းမကို အိမ်ပေါ်ခေါ်တင်ပြီး ကျွန်မအရှေ့မှာ ကာမဆက်ဆံတယ်..။
ဪ ... ကျွန်မရခဲ့တဲ့ အချစ်ဆိုတာ အဲဒါပါပဲ...။
ဒါပေမယ့် သားလေးနှစ်ယောက်ကြောင့် ကျွန်မ ဘဝဟာ သူ့ဆီက ပိုပြီး ရုန်းမထွက်နိုင်ခဲ့တော့..။
**************************************
တစ်နေ့ ...
မာဆုနာဂါဟာ အိမ်ကို ခုမိအိုဆိုတဲ့ အိမ်ပွဲစားအကိုကြီးတစ်ယောက်နဲ့ သူ့သမီးလေးကို အိမ်ပေါ်ခေါ်လာတယ်။
သူတို့ကို နေ့တိုင်း ရိုက်နှက်တယ်။ များသောအားဖြင့် ကျွန်မကို ရိုက်ခိုင်းတယ်..။
တစ်နေ့ မာဆွတ်နာဂါဟာ ကျွန်မကို ရေချိုးခန်းထဲက ရေချိုးကန်ကို ရေဖြည့်ခိုင်းတယ်။ အိမ်ပွဲစားအကိုကြီးကို တစ်ကိုယ်လုံးချွတ်ပြီး ရေချိုးကန်ထဲ ဝင်ခိုင်းတယ်..။
အားနည်းချက်ကိုယ်စီရှိတဲ့ ကျွန်မတို့ဟာ သူ့အမိန့်ကို မလွန်ဆန်ရဲဘူး...။
မာဆွတ်နာဂါက အိမ်ပွဲစားအကိုကြီးရဲ့လက်ကိုဆန့်ခိုင်းတယ်။ သမီးဖြစ်သူကို သူ့အဖေလက်ကို သွေးထွက်အောင် ကိုက်ခိုင်းတယ်..။ ဒါကို ကျွန်မက ဓာတ်ပုံရိုက်ရတယ်။
ကျွန်မကိုလည်း …
"ဂျွန်းကို လျှပ်စစ်ကျဉ်စက်ကို ရေချိုးကန်ထဲကရေတွေထဲ တို့လိုက်ရင် ဒီလူကြီး ဘာဖြစ်သွားမလဲ.. မင်းသိချင်နေတယ်လို့ ငါထင်တယ်.. "
"ဟုတ်ကဲ့..ကျွန်မ စပ်စုချင်တဲ့ စိတ်တွေဖြစ်နေတယ်.."
ကျွန်မ သူ့အကြိုက် လိုက်ပြီး ဖားလိုက်တယ်..။
အိမ်ပွဲစား အကိုကြီးဟာ မျက်ဖြူဆိုက်ပြီး တစ်ကိုယ်လုံး တွန့်တက်သွားတယ်..။
ကျွန်မ ကျဉ်စက်ကို ကြောက်လန့်တကြား အမြန်ပြန်ရုပ်လိုက်တယ်။ သူ့သမီးလေးက ဒါတွေကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်..။
" ဂျွန်းကို ... မင်း အဲဒီကောင်ဓာတ်လိုက်သွားတာ ထပ်မကြည့်ချင်ဘူးလား..?"
ကျွန်မ ဓာတ်ကြိုးတွေကို တစ်ခါ ထပ်ထည့်လိုက်တယ်။ ဒီ လျှပ်စစ်ကျဉ်စက် ကျွန်မဆီလှည့်လာမှာ ကြောက်လွန်းလို့ ကျွန်မတစ်ကိုယ်လုံး အေးစက်နေတယ်..။
အိမ်ပွဲစားအကိုကြီးကို ထမင်းမကျွေးဘဲ သူ့မစင်ကိုသူ ပြန်စားခိုင်းတယ်..။
အားနည်းလာတဲ့ အိမ်ပွဲစားအကိုကြီးဟာ တစ်နေ့ထက်တစ်နေ့ ဓာတ်လိုက်တဲ့ဒဏ်ကို ခံနိုင်ရည်မရှိတော့ဘူး။
**************************************
၁၉၉၆ ခုနှစ် ၂ လပိုင်း ၂၆ ရက်နေ့
ဒီနေ့တော့ ကျွန်မ ထုံးစံအတိုင်း မာဆွတ်နာဂါခိုင်းသလို ရေကန်ထဲကရေတွေကို လျှပ်စစ်ကျဉ်စက် တို့လိုက်တဲ့အခါ …
" အ..,,!!"
အိမ်ပွဲစားအကိုကြီး တစ်ကိုယ်လုံးမြောက်တက်သွားပြီး ပါးစပ်က အမြှုပ်တွေ ထွက်လာတယ်။
သူ.. သေသွားတယ်။
"ဟင်!?! ဂျွန်းကို ... မင်း အိမ်ပွဲစားကြီးကို သတ်လိုက်ပြီ။ မိုက်လိုက်တာကွာ..."
"ရှင်..!?! " ကျွန်မ ဘာမှမပြောရဲပါ..။
"ဟိုဘေးက ကလေးမ ... ဒီမှာကြည့်စမ်း … မင်း ကိုယ့်အဖေကို ကိုယ် ရိုက်နှက်နှိပ်စက် ကိုက်ဖြတ်တဲ့ ဓာတ်ပုံတွေ။ မင်းလည်း ဂျွန်းကိုနဲ့ အတူတူပါပဲကွာ ... လူသတ်သမားတွေ.."
အိမ်ပွဲစားရဲ့သမီးလေးလည်း ကျွန်မလိုပဲပေါ့ ..ဆွံ့အ,နေကြတယ်..။
ခဏကြာတော့ အပြစ်ရှိသူတွေလို သူ့ကို ကျွန်မတို့ တောင်းပန်လိုက်ကြတယ်...။
"ကျွန်မတို့ မှားပါတယ်.."
**************************************
"ကဲ ကဲ ... မင်းတို့တွေ သိပ်လည်း မကြောက်ကြပါနဲ့။ လူသတ်သမားတွေ လူသတ်မိပြီဆိုရင် အလောင်း ဖျောက်ကြတယ်ဆိုလားပဲ.."
"ပုဆိန်တစ်လက်ဆီယူပြီး အလောင်းကို အပိုင်းပိုင်းခုတ်ပြီး ပင်လယ်ထဲလွှင့်ပစ်မယ်လို့ စိတ်ကူးမရကြဘူးလား..?"
"ငါက လုပ်ခိုင်းတာမဟုတ်ဘူးနော် မင်းတို့စိတ်ကူးကို မေးကြည့်တာ.."
"ဟုတ်ပါတယ် … ဟုတ်ပါတယ် … ကျွန်မတို့ အဲဒီစိတ်ကူးမျိုး စိတ်ကူးနေပါတယ်"
ကျွန်မတို့ ပြိုင်တူဖြေလိုက်တယ်..။
"အေး အေး ... အလောင်းကို ခုတ်နေတဲ့ ဓာတ်ပုံတွေ တစ်ယောက်ကိုတစ်ယောက် ရိုက်ထားကြဦး။ လူဆိုတာ ယုံလို့ရတာမဟုတ်ဘူး။ ငါ့လာမေးရန် မသိဘူးဘဲဖြေမှာ။ အသက်ကို ဉာဏ်စောင့်တယ်... ဆိုလား.. လူသတ်မှုဆိုရင် အစိုးရက ကြိုးပေးသတ်တာနော်.."
ကျွန်မနဲ့ အိမ်ပွဲစားအကိုကြီးရဲ့သမီးလေးဟာအလောင်းကို ရေချိုးခန်းထဲမှာ ပုဆိန်နဲ့ အပိုင်းပိုင်း ခုတ်ထစ်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံတွေရိုက်ပြီး သက်သေယူကြတယ်။
သမီးလေးဟာ သူ့အဖေရဲ့အလောင်းကို ကိုယ်တိုင် ခုတ်ထစ်နေရတာတောင် မာဆုနာဂါ အရှေ့မှာ မျက်ရည်တစ်စက်မကျရဲ...။
ကလေးမလေးက "အဖေ့လိုတော့ ကိုယ့်မစင်ကိုယ်ပြန်စားရမှာ ကြောက်တယ်" လို့ ကျွန်မကို မနေ့ကပြောနေသေးတယ်...။
ပြီးတော့ အသားတုံးတွေ အရိုးတွေကို ကျွန်မတို့ ပင်လယ်ထဲ အတူတူသွား လွှင့်ပစ်လိုက်ကြတယ်..။
ကျွန်မတို့ ဘဝတွေ...။
**************************************
မာဆုနာဂါဟာ အိမ်ပွဲစားအကိုကြီးရဲ့သမီးနဲ့ ကျွန်မကို ဒီလို နေ့တိုင်းပြောတယ်...။
"ဟိုကလေးမလေး..လာစမ်း.. မင်းဟာ မိုက်လိုက်တဲ့ သမီး...။ ကိုယ့်အဖေကို သတ်တယ်လို့ကွာ...။ ဟိုဖက်က ဂျွန်းကိုဆိုတဲ့ကောင်မ.. ကြောက်စရာကောင်းလိုက်တာ ... လူသတ်သမားတွေ ...။ ငါ မင်းတို့ကို ကြောက်လိုက်တာ..။ ရဲစခန်းတိုင်ပစ်ချင်ပေမယ့်သနားလို့အိမ်မှာထားတာ။ ငါ့ကိုတော့ သစ္စာမဖောက်နဲ့ အပြင်ကို တစ်ဖဝါးထွက်တာနဲ့ ရဲစခန်းဖုန်းဆက်ပြီးသားပဲ..."
နေ့တိုင်းနေ့တိုင်း ဒီလိုကြားနေရတော့ ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လူသတ်သမားလို့ တကယ်ပဲထင်လာတယ်။ ကျွန်မတို့ ထောင်ကျမှာကြောက်တယ်...။
"အန်တီ.. သမီးအဖေ့ကို သတ်မိပြီ.. သမီး ကြောက်တယ်.."
"အန်တီလဲ အတူတူသတ်တာပါပဲ..."
**************************************
မာဆုနာဂါဟာ ကျွန်မတို့ကယ်တင်ရှင်..။
မာဆုနာဂါဟာ အိမ်ပွဲစားအကိုကြီးသမီးကို ဆက်ဖမ်းထားပြီး ကလေးထိန်း၊ ချက်ပြုတ်တဲ့တာဝန်ပေးပြီး ကျွန်တစ်ယောက်လို ခိုင်းထားတယ်...။
အိမ်ပွဲစားသမီးလေးကို ကျွန်မက နှိပ်စက်ရိုက်ပုတ်ရင် မာဆုနာဂါက ကျွန်မကို မျက်နှာသာပေးတယ်..။
သူစိတ်မကြည်ရင် မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး ကောင်မလေးကို ကျွန်မ ရိုက်တော့တာပဲ...။
မာဆုနာဂါဟာ ကျွန်မတို့နှစ်ယောက်လုံးကို စိတ်တိုင်းမကျရင် ထင်သလို တွေ့ရာနဲ့ရိုက်တယ်... ။
အကြီးမားဆုံးအပြစ်ကတော့ လျှပ်စစ်ထိုင်ခုံပေါ်တင်ပြီး ရှော့ခ်ရိုက်တာပဲပေါ့...။
**************************************
မရွှေမိုး (ကိုရီးယား)
January 23rd,2018.
မကြာမီ အပိုင်း ၅-၆ ဆက်တင်ပါမည်..။
No comments:
Post a Comment