Latest News

Wednesday, January 3, 2018

သင်္ဃန်းကျွန်းမြို့နယ်၌မှုခင်းဖြစ်ပွားမှု

သင်္ဃန်းကျွန်းမြို့နယ်၌မှုခင်းဖြစ်ပွားမှု

 ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ၀၄၀၀ အချိန်တွင် ရဲထွေးအောင်၊ (၂၄)နှစ်နှင့် ရည်းစားဖြစ်သူ မပွင့်ကေခိုင်(ခ)ပိုးပိုး၊ (၂၈)နှစ်တို့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့မှ ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ရဲထွေးအောင်၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးမှ တိုင်တန်းသဖြင့် ရဲထွေးအောင်အား ထိုးကြိတ်ခဲ့သူ ၅ ဦး (ဖမ်းမမိ)အား သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄(တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။
 ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့ ၁၄၃၅ အချိန် ရဲထွေးအောင်မှာ ဆေးရုံ၌ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားသဖြင့် အမှုအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/ အားပေး ကူညီမှု)ဖြင့် ပြောင်းလဲ အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။ ရဲထွေးအောင်သည် အောင်ရဲထွေး အမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဟာသ ဗီဒီယိုဖိုင်များ ရိုက်ကူးတင် ဆက်လေ့ရှိသူ ဟာသသရုပ်ဆောင် ၁ ဦးဖြစ်ကြောင်း သတင်း ရရှိပါသည်။
ပြည်​ထဲ​ရေး

No comments:

Post a Comment