Latest News

Wednesday, January 3, 2018

ကြက်စာများတင်လာသည့် ၁၀ ဘီးယာဉ်လမ်းဘေးဓာတ်တိုင်အား ၀င်တိုက်ပြီးတိမ်းမှောက်

ကြက်စာများတင်လာသည့် ၁၀ ဘီးယာဉ်လမ်းဘေးဓာတ်တိုင်အား ၀င်တိုက်ပြီးတိမ်းမှောက်

သထုံ   ဇန်န၀ါရီ     ၃

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ၊ သာယာကုန်းလမ်းထိပ် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်တွင် ဇန်နဝါရီ ၃ ရက်၊ နံနက် ၉ နာရီခန့်က ကြက်စာများ တင်ဆောင်လာသော ၁၀ ဘီးကားတစ်စီး လမ်းဘေးဓာတ်တိုင်အား ၀င်တိုက်ကာ တိမ်းမှောက်မှု ဖြစ်ပွားပြီး လူ ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ဟိန်းကို ၃၃ နှစ်  ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာပြီး ဇနီးဖြစ်သူ မနွယ်နွယ်ဝင်းနှင့် သားဖြစ်သူ မောင်ဟိန်းထက်တို့လိုက်ပါလာသော ယာဉ်အမှတ်၊ YGN-5C/-----၊ အစိမ်းရောင် ၁၀ ဘီးယာဉ်သည် ကြက်စာများတင်ဆောင်၍ မောင်းနှင်လာစဉ် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၄/ ၀ နှင့် ၁၄၄/ ၁ အကြားအရောက်၌ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ဓာတ်တိုင်အား ဝင်ရောက်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက် သွားကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဟိန်းကို၊ ဇနီးဖြစ်သူ မနွယ်နွယ်ဝင်းနှင့် သားဖြစ်သူ ဟိန်းထက်တို့တွက် ဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ဆေးရုံကြီးသို့တင်ပို့ကုသထားကာ ယာဉ်မောင်း ဟိန်းကိုအား သထုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သက်ဦး(သထုံ)မြန်​မာ့အလင်း

No comments:

Post a Comment