Latest News

Wednesday, January 3, 2018

သဃၤန္းကၽြန္းၿမိဳ႕နယ္၌မွုခင္းျဖစ္ပြားမွု


၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔ ၀၄၀၀ အခ်ိန္တြင္ ရဲေထြးေအာင္၊ (၂၄)ႏွစ္ႏွင့္ ရည္းစားျဖစ္သူ မပြင့္ေကခိုင္(ခ)ပိုးပိုး၊ (၂၈)ႏွစ္တို႔သည္ သဃၤန္ကၽြန္းၿမိဳ႕နယ္၊ ေပၚဆန္းေမႊးလမ္းရွိ The One Entertainment ဝင္းအတြင္း က်င္းပေသာ ပါတီပြဲသို႔ ေရာက္ရွိစဥ္ လြန္ခဲ့သည့္ ၄ ရက္ခန္႔က ခိုက္ရန္ျဖစ္ခဲ့ဖူးသူ အမ်ိဳးသား ၅ ဦး(စိစစ္ဆဲ)ႏွင့္ ေတြ႕ဆုံခဲ့ရာ ၎တို႔မွ ရဲေထြးေအာင္အား ဝိုင္းဝန္းထိုးႀကိတ္ခဲ့၍ ဦးေခါင္းတြင္ ဒဏ္ရာမ်ား(စိုးရိမ္ရ)ရရွိသျဖင့္ ရန္ကုန္ ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသခဲ့ၿပီး ရဲေထြးေအာင္၏ အစ္ကိုျဖစ္သူ ဦးသန္႔ဇင္ဦးမွ တိုင္တန္းသျဖင့္ ရဲေထြးေအာင္အား ထိုးႀကိတ္ခဲ့သူ ၅ ဦး (ဖမ္းမမိ)အား သုဝဏၰနယ္ေျမရဲစခန္း (ပ)၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၁၁၄(တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမွု/အားေပးကူညီမွု)ျဖင့္ အမွုဖြင့္စုံစမ္းခဲ့ပါသည္။

ထို႔ေနာက္ ဇန္နဝါရီလ ၂ ရက္ေန႔ ၁၄၃၅ အခ်ိန္ ရဲေထြးေအာင္မွာ ေဆး႐ုံ၌ ရရွိေသာ ဒဏ္ရာျဖင့္ ေသဆုံးသြားသျဖင့္ အမွုအား ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ (လူသတ္မွု/ အားေပး ကူညီမွု)ျဖင့္ ေျပာင္းလဲ အမွုဖြင့္ၿပီး တရားခံမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိပါသည္။ ရဲေထြးေအာင္သည္ ေအာင္ရဲေထြး အမည္ျဖင့္ Facebook လူမွုကြန္ရက္စာမ်က္ႏွာတြင္ ဟာသ ဗီဒီယိုဖိုင္မ်ား ရိုက္ကူးတင္ ဆက္ေလ့ရွိသူ ဟာသသ႐ုပ္ေဆာင္ ၁ ဦးျဖစ္ေၾကာင္း သတင္း ရရွိပါသည္။
ျပည္ထဲေရး၀န္ၾကီးဌာန
(Unicode version)

သင်္ဃန်းကျွန်းမြို့နယ်၌မှုခင်းဖြစ်ပွားမှု
******************************************
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ၀၄၀၀ အချိန်တွင် ရဲထွေးအောင်၊ (၂၄)နှစ်နှင့် ရည်းစားဖြစ်သူ မပွင့်ကေခိုင်(ခ)ပိုးပိုး၊ (၂၈)နှစ်တို့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့မှ ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ရဲထွေးအောင်၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးမှ တိုင်တန်းသဖြင့် ရဲထွေးအောင်အား ထိုးကြိတ်ခဲ့သူ ၅ ဦး (ဖမ်းမမိ)အား သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄(တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။
ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့ ၁၄၃၅ အချိန် ရဲထွေးအောင်မှာ ဆေးရုံ၌ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားသဖြင့် အမှုအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/ အားပေး ကူညီမှု)ဖြင့် ပြောင်းလဲ အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။ ရဲထွေးအောင်သည် အောင်ရဲထွေး အမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဟာသ ဗီဒီယိုဖိုင်များ ရိုက်ကူးတင် ဆက်လေ့ရှိသူ ဟာသသရုပ်ဆောင် ၁ ဦးဖြစ်ကြောင်း သတင်း ရရှိပါသည်။

www.myanmarmoha.org

No comments:

Post a Comment