Latest News

Thursday, January 4, 2018

သမ္မတကြီး ဦးထင်ကျော်မှ စစ်တပ် ဖွဲ့စည်းပုံ ပြောင်းလဲရန် ပြောပြီ


မနေ့ က ပြောကြားခဲ့တဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် "ငြိမ်းချမ်းရေး အတွက် ပြုလုပ်နေသော နိုင်ငံရေး ဆွေး နွေးပွဲများ မှ ရလာဒ်ထွက်ပေါ်လာသည်နှင့်အမျ ဒီမိုကရက်တစ် ဖက်ဒရယ်သမ္မတနိုင်ငံ ထူထောင်ရေး အတွက် သင့်တင့်လျောက်ပါတ်သော ဖွဲ့စည်းပုံ တရပ် ပေါ်ထွန်းရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းရန်"
ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဤသည်ကပင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လာသော်လည်းမြန်မာနိုင်ငံသည် စစ်တပ်၏
ချူပ်ကိုင်မှူ အောက်တွင် နှစ်ပေါင်း ၅၅ နှစ်ကြာကျရောက်နေဆဲ ဖြစ်ပြီး အပြီးတိုင် ရုန်းမထွက်
နိုင်ခြင်းကို ပြဆိုနေခြင်းပင် ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် လက်နက်ကိုင် ပဋိပက္ခ များ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု အတွက်နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေစဉ်အတွင်းတိုင်းရင်းသား များ နေထိုင်ရာ ဒေသတွင်တိုက်ပွဲများ ရပ်ဆိုင်းသွားခဲ့သည်ကို တွေ့ရသော်လည်း ရခိုင်ပြည်နယ် အရေး
 ငြိမ်သက်စပြုလာသည်နှင့် ကချင် ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းများတွင် တိုက်ပွဲများ ပြန်
လည် ဖြစ်ပွားလာပြီးနောက် ယခုလို ပြောကြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

စစ်တပ်က ၎င်းတို့ကို ၎င်းတို့ နိုင်ငံ မပြိုကွဲအောင် ကာကွယ်နေရသည့် အဖွဲ့အစည်းတခုအဖြစ် ရှု့ မြင်
ထားပြီး နိုင်ငံဝန်ထမ်းမဟုတ်ဟုပင် ဗြောင်ကျကျ ပြောဆိုလာခဲ့ကြပါတယ်။
ထိုသို့သော အဖြစ်များကို ကြားသိ မြင်တွေ့ရဖန် များ လွန်းလာသည့်အခါ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက အင်္ဂလန်က္ဈန်းစုမှ လွဲ၍ ဥရောပ ကုန်းမြေကြီးတခုလုံး အား သိမ်းပိုက်နိုင်အောင် ဦးဆောင်ခဲ့သူသည် ဗီယင်နာ မြို့လမ်းကြိုလမ်းကြားတွင် အသက်တချောင်းကိုကုပ်ကပ်မွေးခဲ့ရပြီး နောက်ပိုင်း ဂျာမဏီတွင်
နိုင်ငံရေး သမား တဦး ဖြစ်လာသူ ဟစ်တလာဆိုသူပင် ဖြစ်ပြီး ၎င်းသည် တခါကဂျာမာန်စစ်တပ်တွင် မထင်မရှား တပ်ကြပ်လေးတဦးအဖြစ်သာ တ၀န်ထမ်းဆောင်ဖူးခဲ့သည်ဆိုသော အကြောင်းများ။အင်္ဂလန်ကို ဂျာမန်လက်အောင် မကျရောက်စေရေးနှင့် နောက်ဆုံးတွင် အောင်ပွဲခံအောင်ဗြိတိသျ စစ်ဗိုလ်ချုပ်ကြီးများကို ဦးဆောင်ခဲ့သူဝန်ကြီးချူပ် ချာချီသည် ငယ်စဉ်ဘ၀က စစ်တပ်တွင် ၁၈ လ တာမျသာ ဒုအရာခံ ဗိုလ်လေးဘ၀နှင့် အမှုထမ်းခဲ့ဖူးသည် ဆိုသော အကြောင်းများကို သတိမရပဲ မနေနိုင်ခဲ့တော့ပေ
လှစိုးဝေ

No comments:

Post a Comment