Thursday, January 4, 2018
မြေစာပုံဟောင်း ပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံး
ဖားကန့် ဇန်နဝါရီ ၎
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲ ခန့်က ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် မော်မောင်းဘွမ်ကျေးရွာ အရှေ့ဘက် နှစ်ဖာလုံ ခန့်အကွာရှိ ဂျိတ်လင်းကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်း တွင် ကျောက်စိမ်းရှာဖွေနေကြသူများအပေါ်သို့ '' နဂါးကိုးကောင်(ခ) မိုင်းဧရာ'' ကျောက် မျက်လုပ်ကွက်ဟောင်းမှ အရှည်ပေ ၂ဝဝ ၊ အမြင့်ပေ ၁၅ဝ ခန့်ရှိ မြေစာပုံဟောင်း ပြိုကျခဲ့ရာ မော်မောင်းဘွမ်ကျေးရွာနှင့် မော်ဝမ်းကလေးကျေးရွာနေသူများ ဖြစ်ကြ သည့် မောင်ခွမ်ဆိုင်း(၂၇နှစ်)၊ ဦးအင်ဒိန်နော်(၄၅နှစ်)၊ မောင်သားငယ်(၂၅နှစ်)၊ မောင်ခွန်အောင်(၂၆နှစ်)၊ မောင်မန်ကောင်းနော်(၂၈နှစ်)၊ မောင်ဆိုင်းအောင်(၂၄နှစ်) တို့မှာ သေဆုံးပြီး ဦးဆင်ဝါးနော်(၄၅နှစ်)မှာ ဒဏ်ရာများ ရရှိခဲ့၍ ဖားကန့်ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ဖားကန့်မြို့မရဲစခန်းမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
ဝင်းနိုင်(ကချင်မြေ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြေစာပုံဟောင်း ပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံး
Reviewed by timeayeyar
on
11:33 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment