Latest News

Thursday, January 4, 2018

အကြိမ် ၇ဝ မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ၆ ရက်မြောက်နေ့ အာဂုံပြန်ဆိုပွဲ ကျင်းပ

အကြိမ် ၇ဝ မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ  ၆ ရက်မြောက်နေ့ အာဂုံပြန်ဆိုပွဲ ကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနက ကြီးမှူးကျင်းပသည့် အကြိမ် ၇ဝ မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ၆ ရက်မြောက်နေ့ အာဂုံပြန်ဆိုပွဲအဖြစ်   ယနေ့ နံနက် ၈ နာရီက   ရန်ကုန်မြို့ က္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပသည်။

အာဂုံပြန်ဆိုပွဲ ၆ ရက်မြောက်နေ့အထိ ပထမအသုတ်၌ အဘိဓမ္မာ (ဒုတိယပိုင်း)တွင် သံဃာတော်အရှင်သူမြတ် တစ်ပါး၊ အဘိဓမ္မာ(ပထမပိုင်း)တွင် သံဃာတော် အရှင်သူမြတ် နှစ်ပါး၊ ဒီဃနိကာယ်သုံးကျမ်းတွင် သံဃာတော်အရှင်သူမြတ် လေးပါး၊ ဝိနည်း (ဒုတိယပိုင်း)တွင် သံဃာတော်အရှင်သူမြတ် ၂၆ ပါးနှင့် ဝိနည်း(ပထမပိုင်း)တွင်  သံဃာတော်အရှင်သူမြတ် ၂၉ ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် ၆၂ ပါး အာဂုံပြန်ဆိုတော်မူ လျက်ရှိကြပြီး   အာဂုံပြန်ဆိုပွဲကို   ဇန်နဝါရီ ၁၈ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
အကြိမ် ၇ဝ မြောက်   တိပိဋကဓရ   တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၏ အာဂုံပြန်ဆိုစာမေးပွဲသို့ သံဃာတော် အရှင်သူမြတ်အပါး ၂၁ဝ နှင့် ရေးဖြေစာမေးပွဲသို့ သံဃာတော် အရှင်သူမြတ် အပါး ၁၇ဝ တို့ အာဂုံပြန် ဖြေဆိုတော်မူကြမည် ဖြစ်ပြီး ရေးဖြေစာမေးပွဲကိုမူ ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး စတင်ကျင်းပခဲ့သည့် ၁၃၁ဝ ပြည့်နှစ်မှစ၍  ၆၉ ကြိမ်မြောက် အထိ တိပိဋကဓရ   တိပိဋကကောဝိဒအာဂုံနှင့်    ရေးဖြေအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၄ ပါးနှင့် တိပိဋကဓရ ပိဋက သုံးပုံဆောင် သာသနာ့အာဇာနည် ခုနစ်ပါးတို့ ပေါ်ထွန်း ခဲ့ကြောင်း သိရသည်။
တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ  အရှင်သူမြတ်များသည် အာဂုံပြန်အဆင့် ငါးဆင့်နှင့် သဘောရေးဖြေအဆင့် လေးဆင့် ဖြေဆိုအောင်မြင်ထားပြီး ရေးဖြေနောက်ဆုံး အဆင့်ဖြစ်သည့် အဘိဓမ္မပိဋက (နောက်ပိုင်း) ဖြေဆိုအောင်မြင်ပါက စာမေးပွဲ ကြီး၏   ပန်းတိုင်ဖြစ်သော  တိပိဋကဓရ  တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ကို  ရရှိမည်ဖြစ်သောကြောင့်    တိပိဋကဓရ  တိပိဋက ကောဝိဒလောင်းလျာများဖြစ်ကြောင်း သိရသည်။သတင်း-ရီရီမြင့်၊ ဓာတ်ပုံ-လှမိုး(မြန်​မာ့အလင်း)

No comments:

Post a Comment