Latest News

Friday, January 5, 2018

မောင်တောမြို့နယ်၌ လက်နက်ကိုင် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့မှ တိုက်ခိုက်မှုကြောင့် စစ်သည်များနှင့် အရပ်သား ဒဏ်ရာရရှိ

မောင်တောမြို့နယ်၌ လက်နက်ကိုင် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့မှ တိုက်ခိုက်မှုကြောင့် စစ်သည်များနှင့် အရပ်သား ဒဏ်ရာရရှိ

ဇန်နဝါရီ  ၅   ၊ ၂၀၁၈

တောင်ပြိုမှမောင်တောမြို့သို့ ဆေးရုံတက်ရောက်ရမည့်လူနာအား သယ်ဆောင်လာသည့် ယာဉ်တစ်စီးအား ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကျွန်းပေါက်ပြုစုရွာနှင့် တရိန်း(မြို)ရွာအကြားအရောက်၌ တောင်ကုန်းပေါ်မှ သောင်းကျန်းသူအင်အား ၂၀ ဦးခန့်က လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်ပေါ်တွင်ပါလာသည့် အရာရှိ ၁ ဦး၊ စစ်သည် ၅ ဦး၊ အရပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်မှာ ရှေ့လေကာမှန်ကွဲခြင်း၊ ယာနောက်ဘီးပေါက်ခြင်း၊ ဘယ်ညာတွင်မိုင်းစများ ထိမှန်ခြင်း တို့ဖြစ်ပွားခဲ့သည်။

ဒဏ်ရာရလူနာများအား ကြိမ်ချောင်း-မောင်တောမှတဆင့် ဘူးသီးတောင်မြို့ရှိ တပ်မတော် စစ်ဆေးရုံတွင် ဆေးဝါးကုသနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Ref ; Information Committee

No comments:

Post a Comment