Latest News

Friday, January 5, 2018

နတ်မြစ်အတွင်း လောင်းလှေ ၁ စီးအား စစ်ဆေးစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ဖမ်းဆီးရမိ

နတ်မြစ်အတွင်း လောင်းလှေ  ၁  စီးအား စစ်ဆေးစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား  ၁  ဦး ဖမ်းဆီးရမိ

ဇန်နဝါရီ  ၅   ၊ ၂၀၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖာလောင်ခါလီကျေးရွာမှတစ်ဆင့် တောင်ပြိုလက်ဝဲ ထိုမှတစ်ဆင့် သဲချောင်း မော်လဝီကျေးရွာနှင့် လိပ်ရမြောက်ရွာဘက်သို့  အကြမ်းဖက်သမား ၂၀၀ ဦးခန့်သည် ရေလမ်းကြောင်းဖြင့် ချောင်းဝမှတစ်ဆင့် ဝင်ရောက်လာသည်ဟု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဇန်နဝါရီ ၂ ရက်နေ့ တွင် မောင်တောဒေသအတွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် ဇန်နဝါရီ ၂ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်တွင်  လိပ်ရမြောက်ရွာနှင့် သဲချောင်း မော်လဝီ ရွာကြားတံတား နတ်မြစ်ဘက်မှ သဲချောင်းအတိုင်း မသင်္ကာဖွယ် လောင်းလှေ ၁ စီး ဝင်လာသည် ကို တွေ့ရှိသဖြင့် ဓာတ်မီးဖြင့်ထိုး၍ ဟန့်တားခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းရာ လှေပေါ်တွင် လိုက်ပါလာ သော အမျိုးသား ၂  ဦး အနက်  ၁  ဦးမှာ နတ်မြစ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ လောင်းလှေပေါ်ပါသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္ကနာပ်ဖ့်မြို့ ၊ ကူနာပါရာရွာနေ ဒူဖိုက်(၂၃)နှစ် အား ဖမ်းဆီးရမိပြီး နတ်မြစ်အတွင်း ထွက်ပြေးသွားသူအား ခြောက်လှန့်ပစ်ခတ်ရာ ထိမှန်၍ အသေဖမ်းဆီးရမိခြဲ့ပီး ၎င်းမှာ မောင်တောမြို့နယ်၊ လိပ်ရတောင်ရွာနေ  ကာလာဟူဆိန် (၃၅)နှစ် ဖြစ်ကြောင်း နှင့်  လောင်းလှေပေါ်မှ သံလှံချွန် ၁ ချောင်း၊ ဓားအရှည်  ၁ ချောင်းတို့အား သိမ်းဆည်း ရမိခဲ့သည်။

သေဆုံးသူ ကာလာဟူဆိန်(၃၅)နှစ် ၏ ရုပ်အလောင်းအား ဇန်နဝါရီ ၃ ရက် (ယနေ့) တွင် မောင်တော ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖမ်းဆီးရမိသူ ဒူဖိုက်(၂၃)နှစ် အား ကြိမ်ချောင်းနယ်မြေရဲစခန်း၌ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref ; Information Committee

No comments:

Post a Comment