Latest News

Friday, January 5, 2018

ရာမညယူနိုက်တက် ကျောက်မိုင်းတွင် ကျောက်တုံးများလိမ့်ကျ ရာမှဘုရားဖူးသွားနေသူ အမျိုးသမီး ကျော်တုံးထိသေဆုံး

ရာမညယူနိုက်တက် ကျောက်မိုင်းတွင် ကျောက်တုံးများလိမ့်ကျ ရာမှဘုရားဖူးသွားနေသူ အမျိုးသမီး ကျော်တုံးထိသေဆုံး

ပေါင် ဇန္နဝါရီ ၅

ပေါင်မြို့ဆင်ရွာရေတခွန်အနီးရှိ အုန်းတပင်ကျေးရွာအပိုင်နယ်
မြေအတွင်း ကျောက်ထုတ်လုပ်နေသော ရာမညယူနိုက်တက် ကုမ္ပဏီမှ ကျောက်တုံးများပြိုကျကာ ဘုရားဖူးသွားနေသူအမျိုး
သီးတဦး ကျောက်ခဲထိမှန် သေဆုံးခဲ့မှု ဇန္နဝါရီ ၅ရက်နေ့လည်ပိုင်းကဖြစ်ပွားခဲ့သည်

သေဆုံးသူမှာ မဝေဝေခိုင် ၂၂နှစ် (ဘ)ဦး သန်းစိန်ဝင်း
တောင်သူစု အုန်းတပင်ကျေးရွာနေသူဖြစ်ပြီးဦးခေါင်း နှင့်ဝဲဘက်ဗိုက် ပေါက်ပြဲ ညာဘက်ကျောကုန်းစုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်

ကျောက်မိုင်းအနီးရှိ ကုလားမတောင်သို့ဘုရာဖူးသွားစဉ် လျှုအတွင်းဖြတ်သန်းသွားခဲ့ရာ အမြင့် ပေ၅၈၀ကျော်မှာစုပုံထား သောကျောက်မိုင်းမှကျောက်ခဲများပြိုကျ၍ထိမှန်သေဆုံးခြင်းဟုသိရသည်

မုတ္တမရဲစခန်းမှထိုအမှုအားသေမှုသေခင်းအဖြစ်သာ ဖွင့်လှစ်စစ်ဆေးနေခြင်းဖြစ်သည်ဟုသိရသည်
Paung Daily

No comments:

Post a Comment