Latest News

Saturday, January 6, 2018

ပုဂံက နံရံပန်းချီ ( ၂ )


ပုဂံဒေသက ကြွင်းကျန်ရစ်ခဲ့တဲ့ နံရံပန်းချီ ဧရိယာကစတုရန်းပေ ၂ သိန်း ၆ သောင်းကျော် ကျန်ရှိနေပါတယ်။
ရှေ့လူတွေချန်ထားရစ်ခဲ့တာကိုမြင်ပြီး ကိုယ်လည်းဘာမှမချန်ထားရစ်နိုင်ပါလားလို့ တွေးတောမိရင် သူတို့ချန်ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှုအနုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ငါတို့တစ်ဦးခြင်းစီမှာ တာဝန်ရှိပါလားလို့ အရင်ဆုံးနှလုံးသွင်းရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဖူးဆိုရင်တော့ နောက်မျိုးဆက်အတွက် ကိုယ်တိုင်လည်း ဘာမျှဂုဏ်ယူစရာမထားခဲ့နိုင်၊ ကိုယ်ဂုဏ်ယူရတဲ့ ရှေ့လူတွေ ချန်ထားခဲ့တာတွေကိုလည်း နောက်လူကို လက်ဆင့်ကမ်း မပေးနိုင်
ဆိုတာ တာဝန်မဲ့လွန်းခဲ့ပြီး ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လူ့ လောကကနေပြန်လည်ထွက်ခွာ သွားခဲ့ရပြီဆိုတာ ရှက်စရာ ကောင်းလှပါတယ် နောက်လူများက ကဲ့ရဲ့ပြစ်တင်လို့ ဆုံးမှာမဟုတ်တော့ဖူးဆိုတာလည် နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

လူ့လောကကိုဝင်ရောက်လာခဲ့ပြီး လောကကောင်းကျိုးကို ဘာမှဖြည့်စွက်မပေးခဲ့နိုင်ဆိုတာထက် ကိုယ့်ပတ်ဝန်းကျင်ကောင်းကျိုးကိုတောင် ဘာမှဖြည့်စွက်မပေးခဲ့နိုင် ပါလားလို့တွေးမိရင် အပြစ်က ကြီးလွန်းလှတယ်ဆိုတာ အထင်အရှားမြင်တွေ့ရပါလိမ့်မယ်။

ရှေ့လူတွေက ယဉ်ကျေးမှုခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့လို့ယဉ်ကျေးမှု အားကောင်းမောင်းသန်တဲ့ လူမျိုးလို့ ခေတ်ကမ္ဘာမှာ အထိုက်အလျေက် တင့်တယ်ခွင့်ရတဲ့ သက်တမ်းက ကုန်ဆုံးပါတော့မယ်။
မြန်မာမပါပဲ လည်နေတဲ့ကမ္ဘာလို့ အလွယ်မြင်နိုင်ပါတယ်၊ သဘာဝအရင်းအမြစ်ကိုပဲ ထုတ်ရောင်းစားတာ ကုန်တော့ လူသားအရင်းမြစ်ကိုထုတ်ရောင်းတာ ထိပ်ဆုံးက ရှေးဟောင်းပစ္စည်းနဲ့ ယဉ်ကျေးမှု လက်ရာတွေပေါ့ ခဏနေရင် လံကွတ်တီနဲ့ မြန်မာတွေဖြစ်ဖို့ လက်တစ်ကမ်းပဲလိုတာ ပုဂံက မရွှေ့မပြောင်းနိုင်တဲ့
ယဉ်ကျေးမှု အနုပညာလက်ရာတွေကြောင့်ပါလားလို့ နားလည်ရင် မှီနိုင်ပါသေးရဲ့လို့ပဲပြောချင်
ပါတယ်။

အနည်းဆုံး ဆီးဂိမ်းပိတ်ပွဲမှာ နိုင်ငံခြားသတင်းဌာနကကြေငြာသွားတဲ့ကြီးမားတဲ့ ယဉ်ကျေးမှုရင်းမြစ်တွေနဲ့ အိပ်ပျော်နေတဲ့ giant တွေရဲ့နိုင်ငံလို့ ပြောဆိုမှုက နောက်တစ်ကြိမ်ဆိုရင် ဘယ်လိုကြေငြာမယ်
ဆိုတာ မှန်းကြည့်လို့ ရပါလိမ့်မယ်။
အခုပုဂံမှာ ကြွင်းကျန်ရစ်တဲ့ ဧရိယာစတုရန်းပေ နှစ်သိန်းကျော်ထဲကအနည်းငယ် အကြောင်းကို ပညာရှင်တွေ ရှာဖွေဖော်ထုက် ပေးခဲ့တာတွေကို စုပြီး အနည်းငယ်ပြောကြည့်ပါမယ်။
ဗုဒ္ဓစာပေဆိုတာ ပိဋကစာပေပါပဲ။
ပါဠိဘာသာသက်သက်နဲ့ စီကုံးထားတယ်၊ အဲဒီပိဋကစာပေကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေက ဘီစီ ( ၅ )ရာစုမှ ( ၁)ရာစုကုန်ခန့်အထိ နှုတ်တက်အာဂုံဆောင် ကျက်မှတ်ပြီး ထိမ်းသိမ်းထားခဲ့ကြပါတယ်၊
သီဟိုဠ်ကျွန်းသို့ (၁) ဘီစီရာစု ကုန်ခါနီးရောက်မှ စာပေအဖြစ်ရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။
အဲဒီပိဋကစာပေကို
၁ - ပိဋကအားဖြင့်ခွဲခြင်း
၂ - နိကာယအားဖြင့်ခွဲခြင်း
၃ - အင်္ဂအားဖြင့်ခွဲခြင်းဆိုပြီး ( ၃ )မျိုးခွဲခြားပြီးမှတ်လေ့ရှိပါတယ်။
ပိဋကအားဖြင့်ခွဲခြင်းက ဝိနယပိဋက၊ သုတ္တ( သုတ္တန္တ)ပိဋက၊ အဘိဓမ္မပိဋကဆိုပြီး ကျွန်တော်တို့ အလွယ်ခွဲပြီး မှတ်လေ့ရှိတာက သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံပေါ့။
အလွယ်နားလည်အောင်ပြောတော့ ဝိ+နီ= ဆောင်ခြင်း၊ သံဃာ့ဂိုဏ်းဆိုင်ရာ ကျင့်ထုံးဥပဒေ
သုတ္တ(သုတ္တန္တ) ပိဋက ဆိုတာက ဟောကြားချက်ပေါ့၊ မြတ်စွာဘုရားသခင်ရဲ့ ဟောကြားဆုံးမတော်မူခဲ့တဲ့ ဗုဒ္ဓဝစန တွေကို သုတ်တရားစုလို့ခေါ်ခြင်းပါ။

ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ရှေးဦးဟောကြားအပ်တဲ့ ဓမ္မစင်္ကြာတရားမှ အစပြုပြီး ၄၅ နှစ်တာ ကလပါတ်လုံး သတ္တဝါတို့ရဲ့လွတ်မြောက်လမ်းအတွက် ဟောကြားခဲ့တဲ့ ပရိနိဗ္ဗာန်စံလုနီး နောက်ဆုံး
ဟောကြားချက်အထိတိုင်သော တရားဒေသနာတော်တွေကို သုတ္တ၊ သုတ္တန်တရားအစုလို့ခေါ်ပါတယ်။
အဘိဓမ္မာပိဋက ဆိုတာကတော့ သုတ္တပိဋကတို့မှာတွေ့ ရှိပြီးတဲ့ ဓမ္မတို့ထက် အကြောင်းအရာ၊ အနက်အဓိပ္ပါယ် အယူအဆ ဖွင့်ဆိုချက်များမှာ၌ သာလွန်နက်နဲသောကြောင့် အဘိဓမ္မ လို့ခေါ်ဆိုခြင်းပါပဲ၊

မြတ်စွာဘုရားသည် သတ္တမဝါသို့ရောက်သော် မယ်တော်အမိနတ်သားကို အကြောင်းပြုပြီး မယ်တော် သန္တုဿိတ နတ်သားနှင့်တကွ နတ်ဗြဟ္မာများအား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာ
ဒေသနာ တော်ကို ဟောကြားတော်မူ၏။

နတ်တို့အားဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကို ရှင်သာရိပုတ္တရာ မထေရ် အားလည်းဟောကြား နည်းပေးတော်မူခဲ့တယ်၊ရှင်သာရိပုတ္တရာ မထေရ်က မိမိရဲ့တပည့်ရဟန်း ငါးရာကိုတစ်ဖန်
ပြန်ဟောတော်မူခဲ့ပါတယ်၊ဤသို့ဖြင့် နတ်ပြည်တွင်ဟောကြားခဲ့တဲ့ အဘိဓမ္မာဒေသနာတော်
များဟာ ရှင်သာရိပုတ္တရာနှင့် တပည့်ရဟန်း ငါးရာကိုအကြောင်းပြုပြီးလူ့ပြည်မှာလည်း စည်ပင်ပြန့်ပွားလာပါတယ်၊ အဲဒီအဘိဓမ္မာကို ကျမ်းအားဖြင့် ( ၇ ) ကျမ်း ခွဲထားပါတယ်။

ပုဂံကနံရံပန်းချီတွေမှာ အဲဒီပိဋကသုံးပုံ၊ သုတ္တန္တ ပိဋကထဲက ထုတ်နှုတ်ပြီး အရေးဆွဲခဲ့ဆုံးပဲဖြစ်တယ်။
မျိုးဆွေသန်း











No comments:

Post a Comment