Latest News

Saturday, January 6, 2018

အမေရိကန် ဆန်ရှင်း အား မည်သို့ ထွက်ပေါက် ရှာ ဖြေရှင်း နိုင်သနည်း

အမေရိကန် ဆန်ရှင်း အား မည်သို့ ထွက်ပေါက်
ရှာ ဖြေရှင်း နိုင်သနည်း


မကြာသေးမီက အမေရိကန်မှ ဘင်္ဂါလီ အရေး
ကြောင့် မြန်မာအပေါ် targeted sanction  ဆိုပြီး စစ်တပ်ကို ရည်ရွယ်ပြီး
ပြန်လည်ပြု လုပ်လာခဲ့ပါ
တယ်။ ယခင်ကလည်း ဒီပဲယင်း တွင် ဒေါ်
အောင်ဆန်းစုကြည်အား ပက်စက်စွာ လူအုပ်
ဖြင့် သတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက
ကြံစည်ခဲ့မှု အပေါ် အကြောင်းပြုပြီး ၂၀၀၃ မှ
စ၍ ၂၀၁၆ အထိ လုံးဝဥသုံ စီးပွားရေး ပိတ်ဆို့
လာခဲ့ဖူးပါတယ်။ ယခု ပြဌာန်းလာသော
ဆန်ရှင်း နှင့် နောက်လာလတ္တံသော ဆန်ရှင်း
များကို မြန်မာအနေဖြင့် စီးပွားရေး အထိအခိုက် မခံရအောင် မည်သို့ မည်ပုံ ဆောင်ရွက်သင့်
သည် ဆိုသည်အား က္ဈမ်းကျင်သူ လေးဦးမှ
သုံးသပ် တင်ပြထားပါတယ်။

ဆန်ရှင်း ဆိုသည့် မူလသဘောဝကိုယ်၌က
ပြဠာန်းသော နိုင်ငံ နှင့် ပြဠာန့်းခံ နိုင်ငံအကြား
ကူးသန်းရောင်းဝယ် ဆက်ဆံရေးကို ကန့်သတ်
လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်က ပြုလုပ်
နေကျ ဆန်ရှင်းမှာ နှစ်မျိုး နှစ်စားပဲ ရှိပါတယ်။
ပထမ တမျိုးက ယခင် ပြုလုပ်ခဲ့တဲ့ conprehensive ပုံစံ နဲ့ နောက်တခုက ယခု
ပြဠာန်းလိုက်တဲါ့  selective sanction ဆိုပြီး
ဖြစ်ပါတယ်။

ယခင်ပြု လုပ်ခဲ့တဲ့ Comprehensive ပုံစံကတော့ ကုန်သွယ်ရေး
ပိတ်ဆို့ခြင်း၊ ဘဏ္ဍာရေး အရ ထိခိုက်စေရန်
အမေရိကန် ဒေါ်လာကို အသုံးပြု၍ နိုင်ငံတကာ
ဘဏ်များတွင် ငွေပေးငွေယူ မပြုလုပ်ရန်
တားမြစ်ခြင်း နဲ့ အမေရိကန် ပြည်တွင်းရှိ
 နိုင်ငံပိုင် နှင့် စစ်ခေါင်းဆောင်
များ၏ ပိုင်ဆိုင်မှုများကို ထိမ်းချုပ်ပြစ်ခြင်းများ ပါဝင်ပါတယ်။

Selective က တော့ ၎င်းတို့ ပြစ်ဒဏ်ခတ်လိုသူ
များကို ပြစ်မှတ်ထားပြီး ရွေးထုတ်ပြုလုပ်တဲ့ ပုံစံ
ဖြစ်ပါတယ်။

စောစောက ပြောခဲ့တဲ့ အတိုင်း ၂၀၀၃ မှာ
အမေရိကန် နဲ့ OEDC နိုင်ငံ များမှ ပြုလုပ်ခဲ့တဲ့
လုံးဝဥသုံ ပိတ်ဆို့ခဲ့မှုကို ပြန်လည်ရုပ်သိမ်းသွား
ပြီ ဖြစ်တဲ့ အပြင် အသစ်တဖန် ပြန်ထားဖို့
တောင်းဆိုမှုတွေ ရှိလာနေတဲ့ အတွက် အပြစ်
အနာ အဆာတွေနဲ့ မြန်မာမှ ကြံ့ကြံ့ခံနိုင်
ခဲ့ပုံများကို လေ့လာဖို့ အချိန်ကောင်းဖြစ်ပါတယ်။

ပထမအချက် အနေနဲ့ ပြဠာန်းတဲ့ ဆန်ရှင်းကိုက
အတော်လေးကို အချိုး ညီမျ ခြင်း မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
စီးပွားရေး ပိတ်ဆို့ခဲ့ပြီးနောက်
မြန်မာမှ အမေရိကန်သို့ ကုန်တင်ပို့မှု ပမာဏ
က သုံညနီးပါး ဖြစ်သွားခဲ့ပါတယ်။ သို့သော်
အမေရိကန် ပြည်ထောင်စုကတော့ မြန်မာကို
ကုန်ပစ္စည်းများ ဆက်လက်တင်သွင်းလျက် ရှိ
နေခဲ့ပါတယ်။

ဒုတိယ အချက် အနေနဲ့ ကြည့်မယ်ဆိုရင်
မြန်မာ ရဲ့ ပြည်ပ ကုန်သွယ်ရေးကို မည်သို့မျ
ပင် ထိခိုက်ခြင်း မရှိပဲ ပိုလို့ပင် တိုးတက်လာ
ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်
ဆန်ရှင်း မစခင်မှာ မြန်မာပြည်ပ ကုန်သွယ်ရေး
သည်ဒေါ်လာ သန်း ၆.၅၄ ဘီလီယံ မှာ ရှိနေခဲ့
ပြီး
၂၀၀၄ မှာ ၇.၁ ဘီလီယံ နဲ့ ၂၀၀၆ မှာ ၈.၅၇ ဘီလီယံ အထိ ဖြစ်လာခဲ့ပါတယ်။
(**ဆန်ရှင်းကြောင့် တိုငိးပြည်စီးပွား မတိုး
တက်ခဲ့တာပါလို့ စစ်ခေါင်းဆောင်များက
 အလွယ်တကူ လက်ညိုးထိုး
ပုံချတာမှု များ ရှိခဲ့ဖူးပါတယ်။ __ စာရေးသူ)

ဆန်ရှင်းကာလအတွင်းမှာ မြန်မာက ပြည်ပ
ပို့နိုင်မယ့် ပစ္စည်းအမျိုးမျိုး ကို ရှာကြံ ထုတ်လုပ်
လာခဲ့ကြတဲ့ အပြင် ကုန်သွယ်ဖက် နိုင်ငံများ
ကိုလည်း တိုးချဲ့ရှာဖွေခဲ့ပါတယ်။ စာရင်းဇ
ယားများအရ အဓိက ပို့ကုန်ဖြစ်တဲ့ အထည်
အလိပ် လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာ မှန်ပေ
မယ့် တဖက်မှာ အထည်အလိပ်ဈေးကွက်ကို
အာဆီယံ + ၆ နိုင်ငံများမှ တဆင့်
 ပြည်လည် ရှာဖွေနိုင်ခဲ့ပါတယ်။ (အာဆီယံ +၆
နိုင်ငံများကတော့ အာဆီယံနိုင်ငံများနဲ့ တရုတ်၊
ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီယား၊ သြစတေးသျ၊
နဲ့ နယူးဇီလန် တို့ ဖြစ်ပါတယ်။ _ စာရေးသူ၊)
အထူးသဖြင့် တောင်ကိုရီယား နဲ့ ဂျပန်က
အမေရိကန်ထက်တောင် သာလွန်ပြီး မြန်မာ
အထည်အလိပ်များကို တင်သွင်းခဲ့ပါတယ်။


ထို့အပြင် မြန်မာနိုင်ငံရဲ့ အဓိက ၀င်ငွေရရာ
ဖြစ်တဲ့ ကျောက်စိမ်း နဲ့ ပတ္တမြားကိုလည်း
အမေရိကန်က ပြည်တွင်းမှာ ရောင်းချ သုံးစွဲ
ခြင်း မပြုရန် တားမြစ်ခဲ့ပေမယ့် အခြားနိုင်ငံများ
သို့ ပြန်လည်တင်ပို့ရန် ဟု ဆိုကာ ခ္ဈင်းချက်နဲ့
ခွင့်ပြုခဲ့ပြန်တဲ့ အတွက် အသက်ရှူပေါက် ရရှိခဲ့
ရပြန်ပါတယ်။

နောက်တခုကတော့ သဘာဝ ဓါတ်ငွေ့ တိုး
တက် တင်ပို့လာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဆန်ရှင်း မတိုင်မီက ဒေါ်လာ ၈၁၉ သန်းဖိုး
လောက်သာ တင်ပို့ နိုင်ခဲ့ပေမယ့် နောက်ပိုင်း
မှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၁၅ မှာ
ဒေါ်လာသန်း ၄.၄ ဘီလီယံ အထိ ရှိလာခဲ့ပါ
တယ်။ ဓါတ်ငွေ့တွေကို တရုတ်၊ ထိုင်း နဲ့ စင်္ကာ
ပူ နိုင်ငံများကို တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီအတွက် ဆန်ရှင်း ကို တွန်းလှန်နိုင်မယ့်
နည်းလမ်း အဓိက ၃ ချက် ရှိနေပါတယ်။

ပထမ နည်းလမ်းကတော့ ကုန်သွယ်ဖက် နိုင်ငံ
များကို ချဲ့ထွင် ရှာဖွေနိုင်ရေးပဲ ဖြစ်ပါတယ်။ ၂၀၁၅ မှာ မြန်မာ တွင် အဓိက ကုန်သွယ်ဖက်
ဆယ်နိုင်ငံ ရှိနေခဲ့ပြီး ဒီအထဲမှာ တရုတ် နှင့်
ထိုင်းနိုင်ငံများက ၆၅% နီးပါး နေရာယူထား
ကြပါတယ်။

ဒုတိယ နည်းလမ်းကတော့ အခြားနိုငိငံများ
ထက် အသာစီး ရနိုင်မယ့် ပိုကုန့် များကို ရှာ
ဖွေ ထုတ်လုပ်နိုင်ဖို့ ပဲ ဖြစ်ပါတယ်။ ပဲ တွေကို
အိန္ဒိယ ကို လက်ရှိတင်ပို့ နိုင်နေသလို အလားတူ အခြား ပို့ကုန်တွေကို ကြံဆ ရှာဖွေ
ရမှာ ဖြစ်ပါတယ်။ ဆန် တခုတည်းကို အဓိက
ပို့ကုန် အဖြစ် ထားနေမယ်ဆိုရင် ရေရှည်မှာ
ထိခိုက်လာနိုင်ပါတယ်။

တတိယ ကတော့ မြန်မာအနေနဲ့ အာဆီယံ + ၆ နိုင်ငံများ နဲ့ ကုန်သွယ်ရေးမှာ ပိုမို ပူးပေါင်း
လာဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ထို့အတွက်
မိမိနိုင်ငံ အတွင်းရှိ စီးပွားရေး အခြေခံ
အဆောက်အအုံတွေ တိုးတက်လာအောင်
အဓိက ဦးစားပေး အကောင်အထည် ဖေါ်ရ
မှာ ဖြစ်တဲ့ အပြင် ကုန်သွယ်ဖက် နိုင်ငံများရဲ့
စီးပွားရေး အပြောင်းအလဲ များ ကို မျက်ခြေ
မပြတ် သုတေသန ပြုပြီး လိုအပ်ချက်တွေကို
ရှာဖွေ ဖေါ်ထုတ်သွားနိုင်ဖို့ အရေးကြီး
ကြောင်း ဂျပန်မှာ ထုတ်ဝေတဲ့ The Diplomat မဂ္ဂဇင်းကြီးမှာ ဆွေးနွေးထားတာကို ကောက်
နှုတ် တင်ပြလိုက်ရပါတယ်။
လှစိုး​ဝေ

No comments:

Post a Comment