Latest News

Friday, January 5, 2018

ဟုမ္မလင်းမြို့နယ်တွင် ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၁၅၀)ဂရမ်ခန့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန်လက်ဝယ်ထားရှိသုံးစွဲသူ နှစ်ဦးဖမ်းဆီးရမိ

ဟုမ္မလင်းမြို့နယ်တွင် ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၁၅၀)ဂရမ်ခန့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန်လက်ဝယ်ထားရှိသုံးစွဲသူ နှစ်ဦးဖမ်းဆီးရမိ

            စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု ခေါက်ငိုးကျေးရွာ အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ တောထဲတွင် ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီက ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၁၅၀)ဂရမ်ခန့် ကာလတန်ဖိုး(၁၈၀၀၀၀၀၀ိ)ကျပ် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရန် လက်ဝယ်ထားရှိသုံးစွဲသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
            ဖြစ်စဉ်မှာ ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီက ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးနိုင်၏ လမ်းညွှန်မှုကိုခံယူကာ ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုနိုင်မှ အနီးကပ်ကြီးကြပ်ကာ ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းမှ မှော်စိန်ရဲကင်းမှူး ရဲအုပ် ရန်နိုင်စိုးနှင့် ခန္တီခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ် ကျော်ဇောတို့ ဦးဆောင်ပြီး ခန္တီးခရိုင်အတွင်း မူးယစ်ဆေးဝါးများရောင်းချသယ်ယူခြင်း၊လက်ဝယ်ထားရှိသုံးစွဲသူများကို အရှိန်အဟုန်မြှင့်ရှာဖွေဖမ်းဆီးလျက်ရှိရာ နယ်မြေရဲစခန်း၏ ခေါက်ငိုးကျေးရွာအနောက်တောင်ဘက် (၁)မိုင်ခန့်အကွာ တောအတွင်း မြေပုံညွှန်း GC-၂၂၈၄၄၂ နေရာတွင်  မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချနေကြောင်း သတင်းအရ စောင့်စားနေစဉ် ခိုင်ဇော်(၂၅)နှစ် ဘိုင်းလယ်ကျေးရွာ၊ နန်းဘုန်းကျေးရွာအုပ်စု၊ ဖောင်းပြင်မြို့နယ်နေသူနှင့် အောင်ကျော်ခင်(၅၀)နှစ် ရွာသာကျေးရွာ၊ မိုင်းချောင်းကျေးရွာအုပ်စု၊ ဖောင်းပြင်မြို့နယ်နေသူတို့အား တွေ့ရှိပြီး ၎င်းတို့ထံ ရှာဖွေစစ်ဆေးရာ ခိုင်ဇော်လွယ်ထားသော DI.RUI စာတန်းပါ ပန်းရောင်နှင့် အနက်ကြားကျောပိုးအိတ်တစ်လုံးအတွင်းမှအမဲရောင်ကြွတ်ကြွတ်အိတ် တစ်လုံးဖြင့်ထုတ်ထားသော  အနီးရောင် ဆပ်ပြာခွက်(၄)ခွက်ထဲမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၄၀)ဂရမ်ခန့် ၊ပန်းရောင်ဆပ်ပြာခွက်(၄)ခွက်ထဲမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၄၀)ဂရမ်ခန့်၊အပြာရောင်ဆပ်ပြာခွက်(၅)ထဲမှ  ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၅၀)ဂရမ်ခန့်၊အစိမ်းရောင်ဆပ်ပြာခွက်(၂)ခွက်ထဲမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် (၂၀)ဂရမ်ခန့်၊ စုစုပေါင်း အလေးချိန် (၁၅၀)ဂရမ်ခန့် ကာလတန်ဖိုး(၁၈၀၀၀၀၀၀ိ)ကျပ်အားရှာဖွေတွေ့ရှိစဉ် တရားခံအောင်ကျော်ခင်ဆိုသူမှာ တောအတွင်းထွက်ပြေးသွားရာ ပေ(၂၀)ကျော်ခန့် နက်သောချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ပြီး ချောက်အတွင်းရှိ သစ်ငုတ်ဖြင့် ဦးခေါင်းနောက်စေ့အားစောင့်မိ၍ တစ်လက်မခန့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိကာ ၎င်းနေရာတွင် သေဆုံးသွားခဲ့ပြီး ခိုင်ဇော်မှ လက်မှတ်ရေးထိုးအပ်ပေးသဖြင့် သေဆုံးသူ အောင်ကျော်ခင်အား ဟုမ္မလင်းမြို့ ကုတင်(၁၀၀)ဆေးရုံသို့ တာဝန်ရှိသူတို့က ပို့အပ်စစ်ဆေးပြီး မူးယစ်ဆေးဝါးရောင်းချရန် လက်ဝယ်ထားရှိသုံစွဲသူ ခိုင်ဇော်နှင့် အောင်ကျော်ခင်(သေဆုံး)တို့အား  ဟုမ္မလင်းမြို့နယ်မိုင်းကိုင်းနယ်မြေရဲစခန်းမှအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
            အဆိုပါ သိမ်းဆည်းရမိသက်သေခံပစ္စည်း မူးယစ်ဆေးဝါးများအား တရားခံနှစ်ဦးမှ ဇန်နဝါရီ (၂)ရက် နံနက် ၁၁နာရီခွဲက ဖောင်းပြင်မြို့နယ် ဘိုင်းလယ်ကျေးရွာ နောက်ကျောတောအတွင်း တွေ့ရှိသည့် အသက် (၄၀)နှစ်ခန့် ဂဏန်းလူမျိုးတစ်ဦးထံမှ မူးယစ်ဆေးဝါး ဘိန်းဖြူဆပ်ပြာခွက် တစ်ခွက်လျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် စုစုပေါင်းဆပ်ပြာခွက် (၁၅)ခွက်အား ငွေကျပ်(၇၅)သိန်းဖြင့် ရောင်းချရန် နှစ်ယောက်အတူဝယ်ယူသယ်ဆောင်ခဲခြင်းဖြစ်ကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်းမှ မှော်စိန်ရဲကင်းမှူး ရဲအုပ် ရန်နိုင်စိုးမှပြောကြားသည်။
ထွန်းကိုကို(ယင်းမာပင်)မြန်​မာ့အလင်း

No comments:

Post a Comment