Latest News

Friday, January 5, 2018

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်သိန်းလေးသောင်းကျော် ဝင်ရောက်ဖြေဆိုမည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ရှစ်သိန်းလေးသောင်းကျော် ဝင်ရောက်ဖြေဆိုမည်

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ရှစ်သိန်း လေးသောင်းလေးထောင်ကျော်ရှိကြောင်း  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန   ညွှန်ကြားရေးမှူး  ဦးမိုးမြင့်ကျော်က ပြောကြားသည်။

ယခင်    ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင်   တစ်နိုင်ငံလုံးမှဖြေဆိုသူ ခုနစ်သိန်းတစ်သောင်းကျော်အတွက် စာစစ်ဌာန ၁၅၉၄ ခု  ဖွင့်လှစ်ပေးခဲ့ပြီး ယခုနှစ်တွင် လျှောက်ထားသူ ပိုမိုများပြား လာသည့်အတွက် စာစစ်ဌာနများကိုလည်း ၁၇ဝဝ ကျော်ထိ တိုးချဲ့ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

''တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နှစ်ထက်တစ်နှစ် ဖြေဆို သူဦးရေ  ပိုမိုများပြားလာသည့်အလျောက်  စာစစ်ဌာန တွေကိုလည်း  တိုးချဲ့ဖွင့်လှစ်ပေးထားပါတယ်၊ ဒါ့အပြင် စာစစ်ဌာနတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် ကြီးကြပ် ရေးမှူးတွေကိုလည်း စာမေးပွဲလုပ်ငန်းအတွက် လိုက်နာရ မယ့် စည်းကမ်းချက်တွေကို  ဆွေးနွေး၊  အကြံပြုနိုင်ဖို့ သင်တန်းတွေကိုလည်း ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့ တွေမှာ ဖွင့်လှစ်ပေးပြီး ပိုမိုကောင်းမွန်တဲ့ စစ်ဆေးမှုတွေ လုပ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်''ဟု ¤င်းကပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုရန် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ အများဆုံးလျှောက်ထားကြပြီး  ရန်ကုန် တိုင်းဒေသကြီးတွင်ဖြေဆိုသူ တစ်သိန်းနှစ်သောင်းကျော် အတွက် စာစစ်ဌာန ၂ဝဝ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ တစ်သိန်းတစ်သောင်းကျော်အတွက် စာစစ်ဌာန ၂ဝဝ ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြေဆိုသူတစ်သိန်း ကျော်အတွက် စာစစ်ဌာန ၂ဝဝ ဝန်းကျင် တိုးချဲ့ဖွင့်လှစ် ပေးထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင် စာမေးပွဲအတွက် တစ်နိုင်ငံလုံးအနေဖြင့် ဖြေဆိုသူ ခုနစ် သိန်းတစ်သောင်းကျော်ရှိကာ အောင်ချက်ရာခိုင်နှုန်းမှာ ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment