Latest News

Friday, January 5, 2018

မှတ်မှတ်ရရ PMG ရေသန့် ကြော်ငြာလေး အကြောင်း(ဇာဂနာ)


ကိုလွင်မိုး က မှတ်မှတ်ရရ PMG ရေသန့် ကြော်ငြာလေး အကြောင်း ရေးပါ ဦး လို့တောင်းဆိုလို့ရေးလိုက်ပါတယ်။

Y2Kပေါ့လေ။ သက္ကရာဇ် ၂၀၀၀ မှာ ရွှေမန္တလေး မြို့တော် ရဲ့ မင်းသားကြီး ဟိုတယ် ကို ကျွန်တော် တို့ ရောက်ခဲ့ရတယ်။PMG ရေသန့်ကြော်ငြာရိုက်ဖို့လေ။ရိုက်မှာက မင်းကွန်း။ သရုပ်ဆောင်တွေက လွင်မိုး၊ အရိုင်း၊ကင်းကောင်၊ငှက်ပျောကြော် နဲ့ မော်ဒယ် တွေ ပေါ့။ဒါရိုက်တာက မီးပွား။စီစဉ်သူ က ပန်းချီဆရာ ကိုမြင့်မောင်ကျော်။ တာဝန်ခံ က ကိုမိုးနိုင်မြင့်။

ဇာဂနာ ကို အနုပညာ လုပ်ဆောင်ခွင့် ပိတ်ထားတော့ ကြော်ငြာသီချင်းရေး ပြီးထမင်းရှာစားနေရတာပေါ့။
သီချင်းတော်တော်များများ ကို ဇာတ်ကွက် ဇာတ်လမ်း နဲ့ ရေးခဲ့တာ များပါတယ်။

PMG ရေသန့် ကြော်ငြာမှာ ဇာတ်ကွက်ကလေးက သည်လိုခမျ။
(သောင်ပြင် မှာ ရေ လိုက်ရှာ ကြတဲ့ လူငယ် တသိုက် ပေါ့။မြစ်ထဲ ကနေ ရေသန့်ဘူး ကြီးတက်လာတော့ အံ့အား သင့် ဝမ်းသာပြီး ရေသောက်ကြ၊ က ကြ ခုန်ကြတာပေါ့လေ)

သီချင်းစာသားထဲ မှာ
ပူနေကြလား
အေးသွားစေရမယ်
တကယ် တကယ်
ဒါပဲ ခမ်။ ဒါပါပဲ။
ဖြစ်ချင်တော့ ကြော်ငြာဆက်ပြီး ဆင်ဆာ တင်တဲ့အခါ ကိုမီးပွား နဲ့ ကျွန်တော် ညတွင်းချင်း ဖမ်းခံ ရတော့မလိုဖြစ်ခဲ့ ရပါလေရော။
VOA က နေ ရွေးကောက်ပွဲ ဆယ် နှစ် ပြည့် အထူးအစီ အစဉ် မှာ မြန်မာ ပြည်သူ ပြည်သားတွေဟာ သောင်ပြင်မှာ ရေလိုက်ရှာ နေရတဲ့ သူတွေပါ လို့ ဆရာကြီး ဦးဝင်းဖေက ထည့်ပြောသွားပါတယ်။

PMG သောက်ရေသန့် ကြော်ငြာ ရဲ့ အဖွင့်မှာ ခရီးသွားလူငယ် တစ်သိုက် က ရေလိုက် ရှာ နေတာနဲ့ တည့်တည့် ကို တိုးတော့တာပါပဲ။ဖြစ်ချင်တော့ ကိုမီးပွားက ဆရာကြီး ဦးဝင်းဖေ ရဲ့တပည့်။ သီချင်းရေးတာက နာမည် ဝှက် နဲ့ ရေးတဲ့ ဇာဂနာ။
တခါထဲ ကို နိုင်ငံတော် ဧည့်ဂေဟာ ရောက်သွားပါတော့တယ်။

နိုင်ငံတော် ပုန်ကန် မှုကြီးတစ်ခု ကို ကျူးလွန် မိခဲ့သလိုပါပဲ။
ပြည်တွင်း ပြည်ပ အချိန်ကိုက် လှုံ့ဆော်ပါတယ် ဆိုပဲ။

အမယ်။ တချို့ ဒါရိုက်တာကြီးတွေကတော့
မီးပွား နဲ့ ဇာ ဂနာ ကြောင့် သူတို့ အကြိမ်း အမောင်းခံ ရပါတယ် ဆိုပြီး ကျွန်တော် တို့ နှစ်ယောက် ကို မုန်းလိုက်ကြတာလေ။

ခံ ဝ န် လက် မှ တ် ထိုး ကြ ဆိုတော့ ကိုမီးပွား နဲ့ ကျွန်တော် က လက်မှတ်ထိုးဖို့ ငြင်းခဲ့ပါတယ်။
ကျွန်တော် တို့ ဒီ နေ့ထိ လိပ်ပြာသန့် ကြပါတယ်။
အဖြေကတော့ ရှင်းပါတယ်။ ကျွန်တော် တို့ ကြော်ငြာ မှန်သမျှ ပိတ် ပေါ့။

မှတ်မိ ပါ သေးရဲ့။ တာဝန်ရှိ လူကြီးမင်း ကြီး က လူကြီး လူကောင်းဆန် ဆန် ပါပဲ။ကျွန်တော် တို့ ကြော်ငြာ VHS အခွေကို စားပွဲ ပေါ်က နေ ကြမ်းပြင်ပေါ် လွှင့်ပစ် လိုက်တာများ။ ဒလိမ့် ဒလိမ့် နဲ့။ ကျွန်တော် တို့ အနုပညာ၊ ကျွန်တော် တို့ ရင်သွေးလေး ပါ။
မြေပြင်မှာ တလူးလူး တလိမ့်လိမ့်နဲ့လွင့်စင် ကျ သွားရှာတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အနုပညာ တွေ လိမ့်ကျ မသွားပါဘူး။

ဇာဂနာ ကို တော့ City FM မှာတောင် အသံ မကြားချင် ဖူး တဲ့။
အဲဒီလို ကြေညာချက် လက်မှတ်ထိုးခဲ့သူကြီး နဲ့ ဇာဂနာ တို့ အင်းစိန် ထောင်ကြီး ထဲ က အကျဉ်းခန်း ထဲ ပြန် ဆုံ ကြ တဲ့ အခါ မှာတော့ ။ ။
ဇာဂနာ

No comments:

Post a Comment