Thursday, January 11, 2018
သမိုင်းအမှန်တွေ(၂)
မေမေကြီး ဒေါ်ခင်ကြည် သံအမတ်အဖြစ် အိန္ဒိယသို့  ထွက်သွားရခြင်း၏ အကြောင်းရင်းအမှန်မှာ နိုင်ငံရေးအရ ဖယ်ရှားရှင်းထုတ်ခြင်းပင် ဖြစ်သည်။
ဗိုလ်ချူ ပ် ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်သည် ဗိုလ်ချူ ပ်မဲဆန္ဒနယ်ဖြစ်သော လသာမဲဆန္ဒနယ်မှ ဝင်အရွေးခံပေးခဲ့ပါတယ်။ (ထိုအချိန်က ဖဆပလ ဥက္ကဋ္ဌဖြစ်သူ ဦးနုရဲ့ မေတ္တာရပ်ခံမှုကြောင့်ပါ) နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်အဖြစ် အမှုထမ်းပါတယ်။
၁၉၆၀ အထွေထွေရွေးကောက်ပွဲတွင် ဗိုလ်မင်းခေါင်မှတစ်ဆင့် (ရဲဘော်သုံးကျိပ်ဝင်) မေတ္တာရပ်ခံမှုကြောင့် (ဗိုလ်ချူ ပ်သံယောဇဉ်ဖြင့် ဖဆပလကို ကူညီတာ) မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါကူညီဆောင်ရွက်ပေးပါတယ်။ အဲဒီကတည်းက ဦးနုကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် နိုင်ငံရေးအရ ရာထူးမပေးရန် မယူပါဟု ပြောခဲ့ပါတယ်။
အဲဒီမှာ ဇာတ်ရည်လည်အောင် ဖော်ပြရရင်ဖြင့် ဒေါ်ခင်ကြည် လေးစားတာ ယုံကြည်တာက ဦးဝင်းပါ။ (အမေရိကန်သံအမတ် - ဖဆပလ ဝန်ကြီး။ ဦးသန့် နဲ့ တာဝန်လွှဲပြောင်းခဲ့သူ) ဦးဝင်းသည် မူလက ကျောင်းဆရာပါ။ မြောင်းမြ မအူပင်မြို့ များတွင် ကျောင်းဆရာဖြစ်စဉ်က ဒေါ်ခင်ကြည် - မန်းဘဇံ (ကရင်ခေါင်းဆောင်) - ဖဆပလ ဝန်ကြီးဟောင်း ဦးခင်မောင်လတ် - ဒေါက်တာကြည်ပေါတို့ သည် ဆရာဦးဝင်း၏ တပည့်များ ဖြစ်ပါတယ်။)
၁၉၄၆ တွင် ဗိုလ်ချူ ပ်အောင်ဆန်းက ဖျာပုံသို့ လူလွှတ်၍ ဦးဝင်းအား နိုင်ငံရေးလောကသို့ ဝင်ရန်ခေါ်သဖြင့် လက်ခံပြီး ဝင်ရောက်ခဲ့ပါတယ်။ ကြုံတုန်း ဖော်ပြလိုတာက ဒေါ်ခင်ကြည်သည် မမစု ကိုယ်ဝန်ကို လွယ်ထားစဉ် ပထမဆုံး တိမ်းရှောင်ခဲ့သည့် နေရာက ဦးဝင်းရဲ့ မိန်းမဖြစ်သူ ဒေါ်မြသင်၏ မောင်ဖြစ်သူ ဦးမြတင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အိမ်တွင် လှျို့ ဝှက်စွာ နေခဲ့ပါတယ်။ ဖျာပုံမြို့  မြောက်ပိုင်းဈေးအနီးရှိ အိမ်ဖြစ်ပါတယ်။ အဲဒီနောက်မှ ဖျာပုံအပိုင် ခေါင်လှသော ကြက်ဖမွှေးဇောင်းရွာသို့ ရှောင်ပြီး လှျို့ ဝှက်စွာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြောလိုတာက ဆရာဖြစ်သူ ဦးဝင်းကို လေးစားတယ် ယုံကြည်တယ်။ ဒါကြောင့် ဒေါ်ခင်ကြည်ကို အောက်တန်းကျကျနဲ့ အပုတ်ချပြီး ပုဂ္ဂိုလ်ရေးလုပ်ကြံတိုက်ခိုက်တော့ သွားရောက်တိုင်ပင်တာက ဆရာဖြစ်သူ ဦးဝင်း ဖြစ်ပါတယ်။
ဘာကြောင့်ဒီလိုလုပ်သလဲဆိုတော့ `နိုင်ငံရေးအရ ရှင်းထုတ်မှု´ ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ကြောင့် မဲတွေရတယ်။ လူထုက ယုံကြည်တယ်။ ဒါကြောင့် ဆက်လက်မပါဝင်အောင် ရှင်းထုတ်ရမယ်ဆိုပြီး အပုတ်ချကာ အောက်တန်းကျစွာ တိုက်ခိုက်ပြီး ရှင်းပစ်တာ ဖြစ်ပါတယ်။ (လူပုဂ္ဂိုလ်အမည်များ အမျိုးသား - အမျိုးသမီးနာမည်များ သိသော်လည်း ကျင့်ဝတ်စောင့်ထိန်းပြီး မဖော်ပြတော့ပါ) ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များတွင်လည်း ထမင်းစားချိန်များတွင် ဒေါ်ခင်ကြည်ကို ဧည့်ခံကျွေးမွေးတာက သိုးနေတာတွေ အနံအသက်မကောင်းတာတွေပါ။ ဒေါ်ခင်ကြည်က ကိုယ့်ထမင်းချို့ င့်နဲ့ ကိုယ် ယူလာပြီး စားပါတယ်။ သိသော်လည်း စကားနဲရန်စဲ ဘာမှမပြောပါ။ (ဆက်ပါဦးမည်)
ကိုးကား - တင်မောင်ဝင်း - နိုင်ငံရေးသမားနှင့် နိုင်ငံရေး…
(၂)ဒါက်တာခင်လက်ျာ - ကျွန်မသိသော ရဲဘော်သုံးကျိပ်ဝင်ဦးလေးများ…
.
Credit : Aung KyawMoe
သမိုင်းအမှန်တွေ(၂)
Reviewed by timeayeyar
on
12:05 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment