စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အောင်ချမ်းသာရွာအနီး ဧရာဝတီ မြစ်ကမ်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ ပြင်ပတွင် ဇန်နဝါရီ ၁ဝ ရက် နံနက် ၉ နာရီခွဲခန့်က ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသော လင်းပိုင်(အထီး)တစ်ကောင်သည် ရေစီးနှင့်အတူ မျောပါ လာကြောင်း ကသာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကို လတ်က ပြောသည်။
''မနက် ၁ဝ နာရီ ၁၅ မိနစ်လောက် မှာ ရေလုပ်သားတွေက ဖုန်းဆက် အကြောင်းကြားတာနဲ့ ကျွန်တော်တို့ သွားကြည့်ပြီး စစ်ဆေးတာတွေ လုပ်ပါ တယ်၊ အသက်ရှူပေါက်အနီးမှာ သစ်သားစ အနည်းငယ်နဲ့ ပေါက်ပြဲဒဏ်ရာ သွေးစ တွေကို တွေ့ရှိရတယ်၊ အထက်ပိုင်း ကနေ ရေစီးကြောင်းအတိုင်း မျောပါလာ တာပါ၊ ဘာကြောင့်လဲဆိုတာ စုံစမ်းဆဲ ပါ''ဟု ¤င်းက ပြောသည်။
အဆိုပါသေဆုံးလျက် မျောပါလာ သော လင်းပိုင်ကို ကသာမြို့နယ် ငါး လုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုလတ်နှင့်အဖွဲ့နှင့် မြို့နယ်ငါး လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်း မြင့်တို့က လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး ¤င်းလင်းပိုင်ကို မွန်းလွဲ ၁ နာရီခွဲခန့်တွင် သဖန်းကိုင်းရွာ အရှေ့ရေလယ်ကျွန်း၌ မြေမြှုပ်ခဲ့ကြောင်း သိရသည်။
သေဆုံးနေသည့် လင်းပိုင်မှာ အလျား ခုနစ်ပေ၊ လုံးပတ် လေးပေ လေးလက်မရှိ၍ ယခုသေဆုံးမှုမှာ နှစ်လ အတွင်း ဒုတိယမြောက်ဖြစ်ကာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း ကသာမြို့နယ် ကျောက်ပုံရွာအနီး ကမ်းစပ်၌ အလျား ခုနစ်ပေခွဲ၊ လုံးပတ် လေးပေ ရှစ်လက်မရှိ လင်းပိုင်အသေ တစ်ကောင် မျောပါရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ လင်းပိုင် ကျက်စားရာနေရာတွေက ကျေးရွာတွေ မှာ လင်းပိုင်ထိန်းသိမ်းရေးဟောပြောပွဲ တွေ လုပ်သွားမယ်၊ ဧရာဝတီလင်းပိုင် ဆိုတာက နိုင်ငံအတွက် မျိုးသုဉ်းလုနီးပါး ရှားပါးသတ္တဝါဖြစ်လို့ ရေရှည်တည်ရှိ အောင် ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်း ရမှာပါ'' ဟု ဦးအောင်ကိုလတ်က ဆက်လက် ပြောကြားသည်။
ငါးလုပ်ငန်းဦးစီးဌာန နှင့် WCS (သားငှက်ထိန်းသိမ်းရေး)တို့က ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအတွက် လင်းပိုင် ထိန်းသိမ်းရေးဧရိယာအတွင်း ကျေးရွာ များမှ ရေလုပ်သားများအား အသိပညာ ပေး ဟောပြောခြင်းတို့နှင့်အတူ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ က ကောက်ယူခဲ့သည့် စာရင်းများအရ မ္တလေးမှ ဗန်းမော်အထိ ၆၉ ကောင်ခန့် ရှိကြောင်း သိရပြီး ၂ဝ၁၇ ခုနှစ်က ဧရာဝတီ လင်းပိုင် သုံးကောင် သေဆုံးခဲ့ကြောင်း သိရသည်။ မင်းထက်အောင်
ဓာတ်ပုံ-ငွေအိုး(ကသာ)မြန်မာ့အလင်း
No comments:
Post a Comment