Tuesday, January 9, 2018
သမိုင်းအမှန်တွေ
မေမေကြီး ဒေါ်ခင်ကြည် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် ပတ်သက်၍ အပုတ်ချပြီး မဟုတ်မမှန် လုပ်ကြံကာ ဝါဒဖြန့် မှုများကို တွေ့ ခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိကျခိုင်မာသော အချက်အလက်များနဲ့ ဖော်ပြလိုက်ပါတယ်။
မေမေကြီး ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချူ ပ်တို့ ကျဆုံးပြီးနောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့  ညတွင် အသံလွှင့်ရုံ ရေဒီယိုမှတစ်ဆင့် ပြည်သူတို့ ကို အမှာစကား ပြောကြားခဲ့ပါတယ်။ (တစ်ကြိမ်တည်းသာ) `ကျဆုံးသွားသူများကို ချစ်ကြည်လေးစားရင် သူတို့  ရည်ရွယ်ထားတဲ့ ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါ။(လိုရင်းပါ)
ဒေါ်ခင်ကြည်သည် လုပ်ငန်းတာဝန် (၃) ခု ထမ်းရွက်ခဲ့ပါသည်။ (၁) သူနာပြုဆရာမ…(၂) မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့  ညွှန်ကြားရေးဝန် … (၃) သံအမတ်ကြီး တာဝန်တို့ ကို ထမ်းရွက်ခဲ့သည်။
စစ်မဖြစ်မီ ရန်ကုန်ဆေးရုံကြီးတွင် သူနာပြုဆရာမအဖြစ် အမှုထမ်းသည်။ (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့  ဗုံးကြဲ၍ ဒဏ်ရာရ လူနာများကို ကာလကတ္တားသို့ သူနာပြုအဖြစ် စေတနာ့ဝန်ထမ်း ပို့ ပေးရသည်။ စစ်မီးပြန့် ပွားလာသဖြင့် အိန္ဒိယမှ မြန်မာနိုင်ငံသို့ နောက်ဆုံးအခေါက် သင်္ဘောဖြင့် ပြန်လာခဲ့သည်။ ထို့ နောက် ဂျပန်ခေတ်ဆေးရုံကြီးတွင် အမှုထမ်းသည်။ ဗိုလ်ချူ ပ်အောင်ဆန်းနှင့် ၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆) ရက်တွင် လက်ထပ်ခဲ့သည်။ (သူနာပြုဆရာမအဖြစ်မှ အနားယူခဲ့)
ဗိုလ်ချူ ပ်တို့ ကျဆုံးပြီးနောက် (၁၉၄၇ - ၅၃) ခုနှစ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ တွင် ညွှန်ကြားရေးဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ နောက် အသင်းအဖွဲ့ များတွင် တာဝန်ထမ်းဆောင်ပါတယ်။ (အစိုးရအမှုထမ်း မဟုတ်)
၁၉၆၀ ခုနှစ် မေလ (၁၉) ရက်တွင် ဝန်ကြီးချူ ပ်ဖြစ်သူ ဦးနုမှ ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့် အပ်သည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ရသည်။ ၁၉၆၇ ခုနှစ်တွင် သံအမတ်ရာထူးမှ အနားယူပါတယ်။
ဖော်ပြလိုတာက ၁၉၅၈ - ၆၀ တွင် ဗိုလ်ချူ ပ်နေဝင်း အိမ်စောင့်အစိုးရဖြစ်သည်။ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပါတယ်။ ဦးနုရဲ့ သန့် ရှင်းဖဆပလ အနိုင်ရပါတယ်။ ခုနှစ်သက္ကရာဇ် ရက်စွဲများကို လေ့လာခြင်းအားဖြင့် သိသာပါတယ်။ ဒေါ်ခင်ကြည်အား သံအမတ်အဖြစ် ခန့် အပ်ခြင်းသည် အနိုင်ရပါတီခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချူ ပ် ဦးနု ဖြစ်ပါတယ်။ (ဗိုလ်ချူ ပ်နေဝင်းနှင့် ဘာမှမပတ်သက် သူခန့် တာမဟုတ် ကျေးဇူးတင်စရာ ဘာမှမရှိတာကို ဖော်ပြလိုခြင်း ဖြစ်ပါတယ်)
ဒေါ်ခင်ကြည်သည် ထိုတာဝန်ထမ်းရွက်ခဲ့သော အလုပ်(၃) ခုစလုံးမှ ပင်စင်လစာငွေ မယူပါ။(တိုင်းပြည်က ဝန်ထုတ်ဝန်ပိုး မဖြစ်စေလို၍ပါ) ဗိုလ်ချူ ပ်နဲ့ တကွ ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများအတွက် အာဇာနည်မိသားစုပင်စင် ငွေ (၁၀၀၀) ကိုသာ ယူခဲ့ပါသည်။ (ဆက်ပါဦးမည်။ ဘာကြောင့် သံအမတ်အဖြစ် ထွက်သွားရသလဲ လာပါမည်)
အေးချမ်းပါစေ
AKM (26 - 11 - 17)
ကိုးကား - တင်မောင်ဝင်း - နိုင်ငံရေးသမားနှင့် နိုင်ငံရေး…
မောင်ခိုင်ခန့် - ငါတို့ ဘက်ကကြည့်တော့ ဒီမိုကရေစီသူရဲကောင်း…
ဇေယျဇော် - မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်…
.
Credit : Aung KyawMoe
သမိုင်းအမှန်တွေ
Reviewed by timeayeyar
on
12:25 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment