Latest News

Monday, January 1, 2018

လရောင်ဖြာတဲ့အင်းလေးမှာရုပ်ရှင်ဇာတ်ကားဇန်နဝါရီလ ၅ ရက်နေ့တွင် ရုံတင်ပြသမည်

လရောင်ဖြာတဲ့အင်းလေးမှာရုပ်ရှင်ဇာတ်ကားဇန်နဝါရီလ ၅ ရက်နေ့တွင် ရုံတင်ပြသမည်


ရန်ကုန်   ဒီဇင်ဘာ ၃၁

ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်သောလရောင်ဖြာတဲ့ အင်းလေးမှာရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရုံတင်ပြသမည်ဖြစ်ကြောင်းသိရသည်။

လရောင်ဖြာတဲ့အင်းလေးမှာရုပ်ရှင်ဇာတ်ကားကိုလူ့ဘဝသည် ဆန်းကြယ် သောသဘောရှိပြီးလူ့ဘဝများစွာထဲမှ ဘဝတစ်ခုကိုထင်ဟပ်ပြသလိုခြင်း၊ အင်းလေးဒေသ၏ သာယာပုံများ၊ ကြည်နူးဖွယ်မြင်ကွင်းများ၊ အင်းလေး ဒေသတွင် နေထိုင်သောအင်းသူအင်းသားတို့၏ ရိုးသားမှု၊ စိတ်သဘော ထားဖြူစင်မှုတို့ကိုခံစားတတ်စေရန်၊ ဆေးသုတေသနပြုရန် စိုက်ပျိုး ထားသော အပင်တစ်ပင်မှ အသီးကိုမှားယွင်းစားသုံးမိရာမှ ဇီဝဖောက်ပြန် သွားပုံ မှ သင်ခန်းစာယူတတ်စေရန်၊ ညီတစ်ယောက်အပေါ်တွင် ထားရှိသောအစ်ကိုတစ်ယောက်၏ မေတ္တာတရားကိုသိမြင်စေရန် ရည်ရွယ်ချက်များဖြင့်ရိုက်ကူးတင်ဆက်ထားပြီးမေတ္တာဖွဲ့ဒရမ်မာဇာတ်လမ်းအမျိုးအစားဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားတွင် ထပ်ဆင့်အကယ်ဒမီနေတိုး၊ ဝါဇင်၊ ထပ်ဆင့်အကယ်ဒမီဝတ်မှုံရွှေရည်၊ စုမြတ်နိုးဦးနှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များပါဝင်ပြီးအနုပညာအကြံပေးအဖြစ် အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ၊ ဇာတ်လမ်းဇာတ်ညွှန်းအနေဖြင့် မင်းခိုက်စိုးစံ၊ထက်မြတ်နိုင်ဇင် တို့ဖြစ်ကာတွဲဖက်ဒါရိုက်တာမှာဝင်းထွဋ်ဝင်းဖြစ်ပြီးဒါရိုက်တာအကယ်ဒမီညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားသောရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
သတင်း- ဒင်ချစ်ဝင်း၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment