မိုးညှင်း ဇန်နဝါရီ ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချနေသည့်သတင်းအရ ဒီဇင်ဘာ၃၁ရက် ညနေ၄နာရီက မော်ဟန်-နမ့်ချီကားလမ်းပေါ်တွင်စောင့်ဆိုင်း နေစဉ် ဆိုင်ကယ်စီးနင်းလာသူထံမှ ငွေကျပ်(၅၆) သိန်းတန်ဖိုးရှိ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
စုံစမ်းသိရှိရသည်မှာမိုးညှင်းခရိုင်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်သူ ဦးဆောင်သောတပ်ဖွဲ့ ဝင်များ၊ပြည်နယ်မှုခင်းနှိမ်နင်းရေးအကူရဲတပ်ဖွဲ့ ဝင်များ၊မော်ဟန်နယ်မြေရဲကင်းစခန်းမှတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းအဖွဲ့ တို့သည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချနေသည့် သတင်းအရ မော်ဟန်-နမ့်ချီ ကားလမ်းမပေါ်ရှိ နတ်ကြီးစင် အနီးတွင် စောင့်ဆိုင်းနေစဉ် တကွင်းကျေးရွာ၊အမှတ်(၉)ရပ်ကွက်၊ဟိုပင်မြို့နေ ထွန်းအောင် (၂၉)နှစ် မောင်းနှင်လာသည့် DT-125 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေ ရာ ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ ဆပ်ပြာခွက် (၇)ခွက်နှင့်ထည့် ထားသည့်ဘိန်းဖြူအလေးချိန်(၇၀)ဂရမ်၊ခန့်မှန်းတန်ဖိုးငွေကျပ်(၅၆)သိန်း အား သက်သေများရှေ့တွင် သိမ်းဆည်းရမိသဖြင့် မိုးညှင်းမြို့မရဲစခန်းက ထွန်းအောင် (၂၉)နှစ် တကွင်းကျေးရွာ ဟိုပင်မြို့နေသူ အားအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အလားတူယင်းနေ့ ည(၇)နာရီတွင် အဆိုပါပူးပေါင်းအဖွဲ့သည် မော်ဟန်-နမ့်ချီ ကားလမ်းမပေါ်ရှိ မော်ဟန်သင်္ချိုင်းကုန်းအနီး၌ စောင့်ဆိုင်းနေစဉ် NewAibo-125 မော်တော်ဆိုင်ကယ်မောင်းနှင်လာသူ မိုးညှင်းမြို့နယ်၊ညောင်ကိုင်းကျေးရွာနေ အောင်မိုး(၄၀)နှစ်ထံမှ ဘိန်းဖြူ ပင်နယ်ဆလင် (၂)ပုလင်း (၀ ဒသမ ၆)ဂရမ်အား သိမ်းဆည်းရမိခဲ့သဖြင့် မိုးညှင်းမြို့မ ရဲစခန်းကအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
(မြန်မာ့အလင်း)
No comments:
Post a Comment