Latest News

Monday, January 1, 2018

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘို (DD.SDB) ၏ ၂ဝ၁၈ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘို (DD.SDB) ၏ ၂ဝ၁၈ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း

၂ဝ၁၈ ခုနှစ် နှစ်သစ်ဖြစ်တဲ့အတိုင်းပဲ ကျွန်ုပ်တို့အားလုံးဟာ  စိတ်သစ်ကိုယ်သစ်နဲ့ ကျေးဇူးတော်အသစ်နဲ့ ဒီနှစ်သစ်ကူးကို ကျွန်ုပ်တို့စရမယ်။ စိတ်သစ်ကိုယ်သစ်ဖြစ်နိုင်ဖို့ ရန်အတွက် အတိတ်ကိုပဲ  ဆုပ်ကိုင်ပြီးနေကြမယ်  ဆိုရင် အနာဂတ်မရှိနိုင်ဘူး။

အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေ ပဋိပက္ခတွေအားလုံးဟာ ကျွန်ုပ်တို့ဟာ ခွင့်လွှတ်နိုင် ပြီးတဲ့နောက် အနာဂတ်ကို နှစ်သစ် ၂ဝ၁၈ ခုနှစ်မှာ လူမျိုးမရွေး ဘာသာမရွေး လေးစားနိုင်ပြီး အတူတူနေ နိုင်တဲ့၊ မတူခြားနားတာထဲမှာ စည်းလုံးနိုင်တယ်။ မတူခြားနားခြင်းဟာ အ္တရာယ်မဟုတ်ဘဲနဲ့ ကျွန်ုပ်တို့ အတွက် ခွန်အားဖြစ်တယ်။

ကျွန်ုပ်တို့တိုင်းပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိပါတယ်။ ဘာသာပေါင်းစုံလည်း ရှိပါတယ်။  ဘာသာ တိုင်းဟာလည်းပဲ မေတ္တာတရားဆောင်တဲ့၊ မေတ္တာတရားနဲ့ အေးချမ်းသာယာပြီး နေထိုင်တဲ့အတွက်ကြောင့် မို့လို့ ကျွန်ုပ်တို့အားလုံးဟာ  မေတ္တာတရားကိုသာ လက်ကိုင်ထားကြဖို့ အမုန်းတရား၊ အမုန်းစကားတွေကို ပယ်ရှားနိုင်ပြီးတော့ လူတိုင်းကို ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမလိုပဲ သဘောထားနိုင်ပြီး နေသွားနိုင်ကြဖို့ရန်  အတွက် ဒီနှစ်သစ်ကစလို့ အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါစေ၊ ဘယ်သူ့ကိုပဲတွေ့တွေ့ အားလုံးဟာ ညီအစ်ကို မောင်နှမ ဖြစ်ကြတယ်ဆိုတဲ့ မိသားစုစိတ်ဓာတ်များ ထားနိုင်ကြပါစေလို့ဆုတောင်းပါတယ်။(မြန်​မာ့အလင်း)

No comments:

Post a Comment