Latest News

Tuesday, January 2, 2018

A Dog's Purpose


အရှေ့တိုင်း ဇာတ်လမ်း တွေ၊ အထူးသဖြင့် ဟင်ဒီ ဇာတ် တွေ မှာ လူဝင်စား တွေ များကြတယ်။ တကယ်လား၊ တကယ် မဟုတ်ဘူးလား ဆိုတာကို တော့ ရှင်း နေ ဖို့ မဟုတ်ပါဘူး။Hollywood ကလူတွေကတော့ ခွေး ဝင်စား ဇာတ် ရိုက်ပြီး ဒေါ်လာ သန်းပေါင်းတစ်ရာကျော် အမြတ်ယူသွားပါပြီ။

၁၉၅၀ ခုနှစ်လောက်မှာ တိုဘီ ဆို တဲ့ ခွေးလိမ္မာလေး တစ်ကောင် သေဆုံးခဲ့တယ်။ သူ ဟာ ပျော် ပျော် နေတတ် တဲ့ခွေးကလေးပီပီ နောက်ဘဝ ဆိုတာရှိခဲ့ ရင် ခွေး ပျော်လေးတစ်ကောင် ဖြစ်ချင်တာပါ။

၁၉၆၀ ဝန်းကျင်မှာ ဆင်းရဲသား ခွေး ကလေး အဖြစ်သူ့ကို တဖန် ပြန် မွေးလာတယ်။ ရေတောင် သောက်စရာ မရှိတဲ့ခွေး ကလေးကို အီသန် ဆိုတဲ့ ကောင်ကလေး က သနားပြီး မွေးလိုက် လေ တယ်။ ခွေးလေး နာမယ် ဘေလီ။

အီသန် နဲ့ဘေလီ ကြားမှာ ကြီးမားတဲ့ သံ ယောဇဉ် ရှိခဲ့တယ်။ အီသန်အဖေ ရဲ့အလုပ်ထဲ မှာ ဘေလီ ဝင်ရှုတ်လို့ကမောက်ကမ ဖြစ် ရတာတွေ က ရယ်စရာ။ တကယ်တော့လူ့ဘဝ က မရီ ရပါဘူး။အီသန့်အဖေ ဟာ အလုပ် တွေ အဆင်မပြေဖြစ်ပြီး အရက်သမား ဖြစ်၊ လင်မယားကွဲ။ အီသန် နဲ့ ချစ်သူ ဟာနာ တို့ ကိုလဲ ကျန် တဲ့ မနာလိုသူ သူင်းချင်းတွေက ရန်စရာကနေ လွန် သွားပြီး အိမ် မီးရှို့တဲ့ထိ ဖြစ် ခဲ့ရတယ်။ အီသန် လဲ ခြေ တစ်ပေါင်ကျိုးဖြစ်ခဲ့ရပေါ့။ သစ္စာ အင်မတန်ကြီး တဲ့ဘေလီ ဟာ အီ သန် နားက တစ်လက်မ မခွာ ပါဘူး။ဒါပေမဲ့ အီသန်ကဘေလီ ကိုရော ဟာနာကိုပါထားခဲ့ပြီး ဝေးရာပြေးလေတယ်။

အီသန့်  နောက်ကို ပြေးလိုက်ရှာတဲ့ ခွေးကလေး ဘေလီ ရဲ့ အဖြစ်က သနားစရာ။သူ့သခင် ပစ်ခဲ့လို့ ရင်ကွဲ နာကျပြီး ဘေလီ ကလေး သေခဲ့ ရလေတယ်။

ဂျာမန် လူကယ်ခွေး အဖြစ် ဘေလီ ဝင်စားပြန်တယ်။ ဒါပေမဲ့ ကြာကြာမခံ ဘူး။ကလေးတစ်ယောက် ရေနစ်တာကို ကယ်ရင်း သေဆုံးခဲ့ပြန်တယ်။ သူ ခွေး ပြန်ဝင်စားတော့ ခွေးပုလေး မာယာတဲ့။ သူ့သခင်က နီ ဂရိုးမ လေး။ အိမ်ထောင်ကျ ကလေး ၃ယောက် ရတော့ ခွေးပုလေး မာယာကိုလစ်လျူ ရှုခဲ့လေတယ်။ဒီ လို နဲ့ မာယာ လေး သေဆုံးခဲ့ ပြန်ပေါ့။

အင်မတန် ဆင်းရဲ တဲ့ မိသား တစ်စု မှာ ခွေးလာဖြစ်တယ်။ နာမည် တောင် မရှိဘူး။ကံ ကောင်းချင်တော့ ဟာနာ ကိုပြန်တွေ့ရတယ်။ ဟိုတုန်းက အပျိုပေါက်ကလေး ဟာနာ။ ခုတော့ အသက်ာလေးဆယ်ကျော် ဟာနာ။ ရှေးရေစက် ပဲ။ဟာနာ က ခွေးကလေး ကို ချစ် တယ်။ သူ ငယ် ငယ် က ချစ် ခဲ့ ရတဲ့ ဘေ လီ လေး အမှတ် တရ အဖြစ် ခု တွေ့ ရတဲ့ခွေးလေး ကို ဘေလီ လို့ နာမည်ပေးလိုက်တယ်။

ဒါဆို အီသန်ရော၊
ဟာနာ နဲ့ ဘေလီ အီသန် ကို ရှာ လို့ တွေ့ပါ့မလား။

ထူးခြားချက်ကတော့ ဘေလီ ကလေး ရဲ့ အတွေး တွေကို လူ သံ နဲ့ စကားပြော အဖြစ် ထည့် ထား တယ်။
ဘဝ ပေါင်းများစွာ ကျင်လည် ခဲ့ ရတဲ့ခွေး ကလေး တစ်ကောင်ရဲ့ ရည်မှန်းချက်က ဘာတဲ့လဲ။
သခင် အပေါ် သစ္စာ ရှိ ဖို့ တစ်ခု ထဲ ပဲ လား။

ဘေ လီ နဲ့ အတူ နှစ်ကာလ တွေ ဖြတ်သန်း သွားခဲ့တယ်။
လူ တွေ ပြောင်းလဲ သွားခဲ့တယ်။
တိုက်တာတွေ၊ကားတွေ၊ အသုံးအဆောင် တွေ ပြောင်းလဲ သွားတယ်။
ဘေလီ ရဲ့ သစ္စာတရားကသာ ။ ။
ဇာဂနာ

No comments:

Post a Comment