Latest News

Tuesday, January 2, 2018

ဒဂုံမြို့နယ်၌ Drone ယာဉ် ၁ စင်း သိမ်းဆည်းရမိ

ဒဂုံမြို့နယ်၌ Drone ယာဉ် ၁ စင်း သိမ်းဆည်းရမိ


 ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ၀၉၂၀ အချိန် ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် ရင်ပြင်အောင်မြေပေါ်၌ Drone ယာဉ် ၁ စင်း ပျံသန်းနေသဖြင့် ရှေ့တန်းအမှတ်(၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ၊ စေတီတော်လုံခြုံရေး ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ Anti- Drone အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ စေတီတော်လုံခြုံရေး မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် GLobal AMD Healthcare Co.Ltd မှ မန်နေဂျင်း ဒါရိုက်တာ ကိုကျော်လင်းဦး ပါဝင်သော ပူးပေါင်း အဖွဲ့တို့မှ Anti- Drone ၃ လက် ဖြင့် ပစ်ချခဲ့ရာ ၀၉၃၅ အချိန်တွင် ဗုဒ္ဓဝင်ပြတိုက်ပေါ်သို့ ပြုတ်ကျခဲ့ပြီး  ပန်ကာ ၄ လက်၊ Memory ကဒ် ၁၆ GB၊ Bettery ၁ ခုပါရှိသော DJI Mavic Pro ခဲရောင် Model MIP အမျိုးအစား Drone ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

 အဆိုပါ Drone ယာဉ်အား စေတီတော်လုံခြုံရေးရုံးခန်းတွင် ခေတ္တသိမ်းဆည်းထားရှိပြီး ရုံးဖွင့်ရက်တွင် အလှည့်ကျ ဂေါပကထံ အပ်နှံသွားမည်ဖြစ်ကြောင်းနှင့်  Drone ယာဉ်လွှတ်တင် သူအား စိစစ်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်​ထဲ​ရေး

No comments:

Post a Comment