ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဂိုဒေါင်ဟောင်းများကို ဖျက်သိမ်း၍ ခေတ်မီ
ဆိပ်ကမ်းပြုလုပ်ရန် Master Plan တစ်ခု ရေးဆွဲလုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ Master Plan ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင် များက ပူးပေါင်းရေးဆွဲခြင်းဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းဧရိယာအဖြစ် ၀ါးတန်းလမ်းမှ ပန်းဆိုးတန်းလမ်းအထိ ရေးဆွဲ လျက်ရှိကာ ဆိပ်ကမ်းများ၏ တည်ဆောက်ပုံ၊ ကုန်ကိုင်တွယ်မှုအနေအထားနှင့် ကုန်တင်၊ ကုန်ချပြုလုပ်နိုင်သော စက်ကိရိယာများ အနေအထားကို တွက်ချက်လုပ်ဆောင်လျက်ရှိသည်။
"ခေတ်မီဆိပ်ကမ်းတစ်ခုဖြစ်ဖို့ Master Plan ရေးဆွဲနေပြီ။ အဲဒါပြီးတာနဲ့ ဂိုဒေါင် ဟောင်းတွေကို ဖျက်သိမ်းပြီး ခေတ်မီ အဆင့်မြင့်ဆိပ်ကမ်းအဖြစ် ဖန်တီးမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဖျက်သိမ်းရန် စီစဉ်ထားသည့်ဂိုဒေါင် ဟောင်းများမှာ ၀ါးတန်းလမ်းမှ စဥ့်အိုး တန်းလမ်းကြားဧရိယာ၌ အများဆုံးရှိနေပြီး လတ်တလောတွင် ဖျက်သိမ်းမည့်အရေ အတွက် အတိအကျကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ၀ါးတန်း လမ်းမှ စဥ့်အိုးတန်းလမ်းအထိ ကမ်းနား လမ်း ဥပစာတစ်လျှောက်ကိုလည်း သာမန် အသုံးစရိတ်ဖြင့် ပြုပြင်ရန်စီစဉ်ထားကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)MDW
No comments:
Post a Comment