Latest News

Friday, December 22, 2017

ရန်ကုန်မြို့ ၌မြေအောက်လူသွားလမ်းသုံးခုဖောက်လုပ်ရန်တင်ဒါခေါ်ယူ

ရန်ကုန်မြို့ ၌မြေအောက်လူသွားလမ်းသုံးခုဖောက်လုပ်ရန်တင်ဒါခေါ်ယူ

ရန်ကုန် ဒီဇင်ဘာ ၂၂

ရန်ကုန်မြို့အတွင်း မြေအောက်လူသွား လမ်းသုံးခုဖောက်လုပ်ရေးအတွက် ပြည်တွင်း လုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူခဲ့ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊တံတား) လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦး ထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြေအောက် လူသွားလမ်း သုံးခုဖောက်လုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ရွေး ချယ်ရေးအဖွဲ့မှ ပြည်တွင်းလုပ်ငန်းရှင်များ ထံ တင်ဒါခေါ်ယူခြင်းဖြစ်သည်။

တင်ဒါခေါ်ယူရာတွင် နည်းပညာပိုင်းနှင့် ငွေကြေးပိုင်းဟူ၍ နှစ်မျိုးခွဲ တင်ပြခိုင်းပြီး တင်ပြလာသောတင်ဒါများတွင် သတ်မှတ် ချက်များနှင့် ကိုက်ညီသော တင်ဒါများကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း၊ မြေအောက် လူသွားလမ်းများကို ဗဟန်းမြို့နယ် ဦးဝိစာရ လမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ် အနီး)၊ ကမာရွတ်မြို့နယ် ပြည်လမ်း (ပညာ ရေးတက္ကသိုလ်ရှေ့) နှင့် မရမ်းကုန်းမြို့နယ် ပြည်လမ်း (ရှစ်မိုင်ခုံးကျော် တံတားအနီး) တို့၌ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများနည်းတူ မြေအောက်လမ်း များတစ်လျှောက် ဈေးဆိုင်ခန်း များထား ရှိပေးမည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရန်ကုန်မြို့
၌ လမ်းသွားလမ်းလာများ အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြေအောက် လူသွားလမ်းဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတည်ဆောက်မှုအတွက် ပြည်ပ လုပ်ငန်းရှင်များနှင့် လုပ်ကိုင်ခြင်းမဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်များဖြင့်သာ လုပ် ကိုင်ခြင်းဖြစ်ကြောင်း၊ ခေတ်မီမြေအောက်လမ်းများဖြစ်လာစေရေး အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး

No comments:

Post a Comment