Latest News

Thursday, December 14, 2017

သာစည်မြို့နယ် ၊ ကျွဲတပ်ဆုံကျေးရွာတိုးဂိတ်အနီးတွင် ခရီးသည် အမျိုးသား (၂)ဦးထံမှ တန်ဖိုးငွေ (၄၃၂)သိန်း တန်ဖိုးရှီ ဘိန်းစိမ်းများ ရှာဖွေတွေ့ရှိ

သာစည်မြို့နယ် ၊ ကျွဲတပ်ဆုံကျေးရွာတိုးဂိတ်အနီးတွင် ခရီးသည် အမျိုးသား (၂)ဦးထံမှ တန်ဖိုးငွေ (၄၃၂)သိန်း တန်ဖိုးရှီ ဘိန်းစိမ်းများ ရှာဖွေတွေ့ရှိ


သာစည် - ဒီဇင်ဘာ (၁၄)

 မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ် ၊ ကျွဲတပ်ဆုံကျေးရွာ တိုးဂိတ်အနီးတွင် ဒို့ညီနောင်ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသား (၂)ဦးထံမှ တန်ဖိုးငွေ ကျပ် (၄၃၂)သိန်းခန့်ရှိ ဘိန်းစိမ်းများ ရှာဖွေတွေ့ရှိဖမ်းဆီးရမိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 ဖြစ်စဉ်မှာ မန္တလေး(တောင်ပိုင်း) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် လင်းထွန်း ဦးဆောင်သော အဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မင်းသိန်းစိုး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက် (၁)နာရီ (၅ဝ)အချိန်က သာစည်မြို့နယ် ၊ ကျွဲတပ်ဆုံကျေးရွာ တိုးဂိတ်အနီးတွင် တောင်ကြီးဘက်မှ မောင်းနှင်လာသော ဒို့ညီနောင် ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ်  YGN/3N ------ကို ရပ်တန့်ရှာဖွေကြသည်။

 ထိုသို့ ရှာဖွေရာတွင် ခုံအမှတ် ၁ဝ နှင့် ၁၄ တို့တွင် လိုက်ပါသော ဦးခန်း(ခ)မောင်ခန်း (၄၃)နှစ် ၊ (ဘ)ဦးမောင်နီ ၊ ဒုံးဒူထန်ရပ်ကွက် ၊ မိုးဗြဲမြို့နေသူနှင့် ခူးပေါလု (၃၂)နှစ် ၊ (ဘ)ဦးမောင်မောင် ရေနွဲကျေးရွာအုပ်စု ၊ ဟန်ဘူးကျေးရွာ ၊ ဖယ်ခုံမြို့နယ်နေသူတို့ သယ်ဆောင်လာသည်။ အပြာရောင် ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်းဟု ယူဆရသည့် အမဲရောင်အစေး အလေးချိန် (၁၅.၆)ကီလို ဂရမ်ခန့် ၊ ခန့်မှန်းကာလတန်ဖိုးငွေ (၂၃၄ဝဝဝဝဝိ/-)နှင့် အစိမ်းရောင်ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်းဟုယူဆရသည့် အမဲရောင်အစေး အလေးချိန် (၁၃.၂)ကီလိုဂရမ်ခန့် ခန့်မှန်းကာလတန်ဖိုး (၁၉၈ဝဝဝဝဝိ/-) ခန့်ကိုလည်းကောင်း တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး  ဦးခန်း(ခ)မောင်ခန်း  နှင့် ခူးပေါလု တို့(၂)ဦးကို မူးယစ်ဆေးဝါးများအား ရောင်း/ဝယ်သုံးစွဲရန် လက်တွေ့ရှိမှုဖြင့် သာစည်မြို့မရဲစခန်းမှ မယ(ပ)၂၅/၂ဝ၁၇ ၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးပြီး အမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 မောင်ကို(သာစည်)MMAL

No comments:

Post a Comment