Latest News

Thursday, December 14, 2017

ကလေးမြို့နယ်တွင် တရားမဝင် နှစ်လုံးပြူးသေနတ်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

ကလေးမြို့နယ်တွင် တရားမဝင် နှစ်လုံးပြူးသေနတ်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

ကလေး ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် မောက်လင်းကျေးရွာအုပ်စု အမှတ် (၅၃) ကြိုးကြာကွင်းကျေးရွာနေ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူ  ကိုင်ဇခိုင်(၅ဝနှစ်) ၏ နေအိမ်တွင် တရားမဝင် နှစ်လုံးပြူးသေနတ်တစ်လက် နှင့် ကျည်ဆန် သုံးတောင့်ကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲက ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်၊ ရဲတပ်သား ဇော်ဝင်းထွဋ်နှင့် တရားလို ဦးစီးတပ်ဖွဲ့ဝင် များအပါအဝင် သက်သေများနှင့်အတူ ကလေးမြို့နယ် ကြိုးကြာကွင်းကျေးရွာနေ  ကိုင်ဇခိုင်၏နေအိမ်တွင် တရားမဝင်သေနတ်နှင့် ကျည်ဆန်များ ရောက်ရှိနေ  ကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ နေအိမ်တွင် ကိုင်ဇခိုင်အား အသင့်တွေ့ရှိပြီး ယင်းနေအိမ်ကို ရှာဖွေရာ ကိုင်ဇခိုင်၏ အိပ်ခန်းအတွင်းရှိ မွေ့ရာပေါ်မှ ပြောင်းအရှည် ၁၂ လက်မခန့်၊ ကိုယ်ထည်အရှည် ရှစ်လက်မခန့်၊ ဒင်အရှည် ကိုးလက်မခန့် စုစုပေါင်းအရှည် ၂၉ လက်မခန့်၊ သေနတ်ပြောင်းရင်း တွင်DACO  စာတန်းတံဆိပ်၊  သေနတ်ကိုယ်ထည်တွင် သိမ်းငှက်ရုပ်နှင့်DE-LUXARMS COစာတန်းတံဆိပ်၊ အရှည် ၂၄ လက်မခန့်ရှိ အနက် ရောင်လွယ်ကြိုးတွင်SKတံဆိပ်ပါ နှစ်လုံးပြူးသေနတ် တစ်လက်အား ရှာဖွေ တွေ့ရှိခဲ့သည်။

ယင်းအပြင်  အိပ်ခန်းအတွင်းရှိ  သစ်သားတန်းပေါ်တွင်  ကျည်ဆန် နောက်ပိတ်၌  12 SHAKTMAN 12 EXPRESS  စာတန်းတံဆိပ်နှင့် အဖြူရောင်ပလတ်စတစ်ထိပ်ဖူးပါ နှစ်လုံးပြူးသေနတ် ကျည်ဆန်နှစ်တောင့် နှင့် အလားတူ အင်္ဂလိပ်စာတန်းတံဆိပ်နှင့် အနီရောင်ပလတ်စတစ်ထိပ်ဖူးပါ  နှစ်လုံးပြူး သေနတ်ကျည်ဆန်တစ်တောင့် စုစုပေါင်း နှစ်လုံးပြူးကျည်ဆန် သုံးတောင့်တို့ကို သက်သေခံပစ္စည်းများအဖြစ် ရှာဖွေတွေ့ရှိသဖြင့် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူ  ကိုင်ဇခိုင်အား  ကလေးမြို့မရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment