Latest News

Wednesday, December 13, 2017

အများအတွက်ပေးဆပ်အနစ်နာခံခဲ့သော ပရဟိတသူရဲကောင်း ကိုတင်မောင်ထွန်း အသက်(၃၇)နှစ် ကွယ်လွန်

အများအတွက်ပေးဆပ်အနစ်နာခံခဲ့သော ပရဟိတသူရဲကောင်း
ကိုတင်မောင်ထွန်း အသက်(၃၇)နှစ် ကွယ်လွန်


၂၀၁၇၊ အောက်တိုဘာ၊ (၁၃)ရက်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တနင်္ဂနွေနေ့ အသင်းသား လုပ်အားပေး ကိုမောင်တင်မောင်ထွန်း အသက်(၃၇)နှစ်သည် မနေ့ညက Dead Body နာရေးလမ်းကြောင်းအား ကာယကံရှင်မိသားစု၏ ဆန္ဒအရ ညတွင်းခြင်း မြန်အောင်(ဧရာဝတီ)ဖက်သို့ ရန်ကုန် မှ ပို့ဆောင်ခဲ့ပြီးနောက် နာ/ကူ(ရန်ကုန်)အသင်းရုံးသို့ အပြန် ယနေ့ နံနက် (၁း၀၀)နာရီအချိန်ခန့်တွင် ဓနုဖြူနှင့် ဇလွန်အနီးလမ်းတစ်နေရာတွင် ကားဘီးကွဲ၍ သစ်ပင်ကိုတိုက်မိပြီး ဆေးရုံအရောက် ကွယ်လွန်သွားပါသည်။

ကွယ်လွန်သူ ကိုတင်မောင်ထွန်း အသက်(၃၇)နှစ်၏ ဈာပနအား ရေးဝေးသုဿာန်တွင် (၁၅.၁၂.၂၀၁၇) နေ့လည် (၂း၀၀)နာရီတွင် ကျင်းပမည် ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကားများ (၁း၀၀)နာရီတွင် ထွက်မည်။ကွယ်လွန်သူ၏ မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်)ဦးဆောင်ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ + ဦးဆောင်ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့မှ အလှူငွေ - ၁၀၀,၀၀၀ိ/ ကျပ် လှူဒါန်းထားပါသည်။

လှူဒါန်းလိုသော နေ့အလိုက်လုပ်အားပေး အသင်းသား/သူများ နှင့်
ဝန်ထမ်းများအနေဖြင့် လှူဒါန်းလိုပါက၀၉-၄၂၁၀၁၁၉၁၅သို့ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါသည်။

No comments:

Post a Comment