ရီးယဲလ်ကို အနိုင်ကစားပေးမည်ဟု မက်ဆီကို နေမာ ကတိပြုခဲ့
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် မဲခွဲမှုများတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရီးယဲလ် မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ တွေ့ဆုံ မည်ဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက မက်ဆီထံသို့ စာတိုရေးသား ပြီး ကတိတစ်ခု ပြုလိုက်ကြောင်း မေရာအွန်လိုင်း သတင်းဌာနက ဖော်ပြသည်။ နေမာသည် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် အမြဲတမ်း အဆက်အသွယ်ရှိသူဖြစ်ပြီး ချန်ပီယံ လိဂ်မဲခွဲမှုများ ထွက်ပေါ်လာပြီးနောက် ဘာကာ၏ အခါးသီးဆုံးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို အနိုင်ကစားပေး မည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိချန်ပီယံ ရီးယဲလ် မက်ဒရစ်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် များတွင် ရလဒ်မကောင်းခဲ့ဘဲ အုပ်စု ဒုတိယနေရာသာ ရရှိခဲ့ရာ ပီအက်စ်ဂျီ အသင်းနှင့် တွေ့ဆုံလာရခြင်း ဖြစ်သည်။ ရီးယဲလ်အနေဖြင့် ယခု ကဲ့သို့ ပီအက်စ်ဂျီနှင့် တွေ့ဆုံမှုကြောင့် ကွာတားဖိုင်နယ်အဆင့် တက်ရောက် ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ရ တော့မည်ဖြစ်သည်။ ရီးယဲလ်သည် ချန်ပီယံလိဂ်ဟု အမည်ပြောင်းပြီး နောက် လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ် နိုင်သည့် ပထမဦးဆုံးအသင်းဖြစ် သလို ၂ဝ၁ဝ-၂ဝ၁၁ ရာသီကတည်း အနိမ့်ဆုံးဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ကာ အဆိုပါ ခုနစ်နှစ်တာကာလ အတွင်း ချန်ပီယံ သုံးကြိမ် ဖြစ်ထား သည့် ချန်ပီယံလိဂ် အစဉ်အလာ ကြီးမားသည့်အသင်း ဖြစ်သည်။
ပီအက်စ်ဂျီသည် ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ၁၆ သင်း အဆင့်တွင် စပိန်အင်အားကြီး ဘာစီလိုနာနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ပထမအကျော့တွင် လေးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့ တွင် ခြောက်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့် ခဲ့ဖူးသည်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် မတ် ၆ ရက်တို့တွင် ပရိသတ်များ ရှုစားရမည် ဖြစ်သည်။ ဘာစီလိုနာ-ချယ်လ်ဆီး တို့တွေ့ဆုံမှုကိုလည်း ပွဲကျပ်သည်ဟု ဆိုနိုင်သော်လည်း ပီအက်စ်ဂျီ-ရီးယဲလ် တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်သင်း စလုံးအတွက် ပိုမိုအကျပ်အတည်းဆိုက် နိုင်သည့်အနေအထား ဖြစ်သည်။
မေလဲ့သင်း(MMAL)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment